ကျောက်စရစ်တူးခြင်းကြောင့် ဧရာဝတီမြစ်ကမ်းပါးပြို၊ ပဲခူးတိုင်းဒေသခံတို့ နေစရာပျောက်

ကျောက်စရစ်တူးခြင်းကြောင့် ဧရာဝတီမြစ်ကမ်းပါးပြို၊ ပဲခူးတိုင်းဒေသခံတို့ နေစရာပျောက်
by -
မဇ္စျိမ

ပဲခူးတိုင်း ရွှေတောင်မြို့ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် ရွှေဟင်္သာကျေးရွာအုပ်စုတွင် မြစ်ကမ်းပါး ပြိုကျခြင်း
ကြောင့် စိုက်ပျိုးမြေများ ပျက်စီးခြင်း၊ နေအိမ်များရွှေ့ပြောင်းရခြင်းများကြောင့် ကွင်းဆင်းစစ်ဆေးကာ အကူအညီ
ပေးရန် ရွှေတောင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဒေသခံများ က ဇွန် ၁၈ ရက်တွင် စာပေးပို့ တင်ပြလိုက်သည်။

၁၉၇၈ ခုနှစ်မှ စတင်ခဲ့သည့် ကမ်းပါးပြိုမှုကြောင့် အိမ်ပေါင်း ၃၅ဝ ကျော် ပြောင်းရွှေ့ခဲ့ရပြီးဖြစ်သည်ဟု ဒေသခံတို့က
ပြောသည်။ ပြောင်းရွှေ့ခဲ့သည့် ရွာများမှာ ရွှေဟင်္သာကျေးရွာသည် လေးကြိမ်၊ စကားမြားကျေးရွာသည် သုံးကြိမ်၊ ကျွန်းမီးကျေးရွာ ခြောက်ကြိမ် ပြောင်းရွှေ့ခဲ့ရသည်ဟုဆိုသည်။

''ဒီတစ်ခါ ကမ်းပါးထပ်ပြိုမယ်ဆို ပြေးစရာနေရာတောင် ရှိတော့မှာ မဟုတ်ဘူး။ ကမ်းက ရွာခြံစည်းရိုးနား
ရောက်နေပြီ။ အိမ်ပြောင်းရလွန်းတော့ တစ်ရွာလုံး လက်သမားဆရာတွေ ဖြစ်ကုန်ပြီ်'' ဟု ရွှေဟင်္သာကျေးရွာ မီးသတ် တပ်ဖွဲ့မှူး ဦးရဲမြင့်က ပြောသည်။

ကမ်းပါးပြိုခြင်းမှာ ဧရာဝတီမြစ်အတွင်း ကျောက်စရစ် တူးဖော်ခြင်းကြောင့်ဟု ရွာသားများက ဆြိုကပြီး ကျောကစ် ရစ် တူးဖော်ခြင်းကိုလည်း တားမြစ်ပေးရန် ဒေသအာဏာပိုင်များသို့ တောင်းဆိုထားသည်ဟု ဆိုသည်။

''အခုလို ကမ်းပါးပြိုပျက်မှုတွေ အိုး အိမ်ဆုံးရှုံးမှုတွေက အချိန်နဲ့အမျှ ဖြစ်နေတယ်။ နောက်ထပ် မဖြစ်အောင် အမြန်ဆုံး တားဆီးဖို့လိုမယ်'' ဟု ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းထွဋ်ကပြောသည်။

Most read this week