အစိုးရနှင့် လက်နက်ကိုင် နှစ်ဘက်စလုံး အပစ်ရပ်ရန် ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြော

အစိုးရနှင့် လက်နက်ကိုင် နှစ်ဘက်စလုံး အပစ်ရပ်ရန် ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြော
by -
မဇ္စျိမ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ/ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အစိုးရတပ်နှင့် လက်နက်ကိုင်တပ်တို့ နှစ်ဘက်လုံး အပစ်ရပ်ရန် သတိပေးပြောဆိုလိုက်သည်။

''နိုင်ငံတော်ပြောင်းလဲရာမှာလည်း လူကြီးတွေက အဓိကကျပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေကလည်း အဓိကဆိုပေမယ့် နိုင်ငံရေး စိတ်ဓာတ်တွေနိုးကြားပြီး တက်တက်ကြွကြွဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာလည်း နှစ်ဘက်စလုံး အပစ်အခတ်ရပ်စဲရမှာပါ၊။ တစ်ဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးတစ်ဖက်မှာ စစ်ဆင်နွှဲနေလို့ မရပါဘူး တစ်ဖက်က ပစ်နေရင်တော့ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး'' ဟု သူကပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က ဇွန်လ ၁၉ ရက် တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမ တွင်ပြုလုပ်သည့် မိတ်ဆုံစားပွဲတွင် ပြောဆိုသွားခြင်းဖြစ် သည်။

''၁၉၆၂ ခုနှစ်ကစပြီးတော့ ကျွန်တော်တို့နိုင်ငံဟာ စစ်အာဏာရှင် ဦးနေဝင်းရဲ့ အာဏာမက်မောမှုကြောင့် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ ပါတယ်။ ပြီးတော့ စစ်အစိုးရလက်ထက်မှာလည်း စစ်အစိုးရရဲ့ ပွင့်လင်းမြင်သာမှုအားနည်းမှုကြောင့် ပြည်သူတွေ မလေးရှားနိုင်ငံဘက်မှာ အလုပ်တွေလုပ်ကိုင်ခဲ့ရပါတယ်'' ဟုလည်း သူကဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် မိတ်ဆုံ ညစာစားပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည် လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းရင်းသားပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အင်အား ၂၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

ဦးရွက်ဆစ်နှင့်အဖွဲ့သည် ဇွန်လ ၁ဝ ရက်တွင် နေပြည်တော်သို့သွားရောက်ကာ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံ ခဲ့သေးသည်။ ယင်း အပြင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သေးသည်။

Most read this week