ရခိုင်ပြည်နယ်တွင်းရှိ ဒုက္ခသည် တစ်သိန်းခွဲ လူမှုဘဝအခြေအနေ ဆိုးရွားဆဲဟု ရခိုင်ပြည်နယ်တွင်း ရွှေ့ပြာင်းနေရာ ချထားသည့် လူပေါင်း ၁၄ဝ,ဝဝဝ ၏ လူနေမှုဘဝ အခြေ အနေများမှာ မှုန်ဝါးဝါး ပင်ရှိနေဆဲဟု ဇွန်လ ၁၇ ရက်တွင် ထုတ် ပြန်သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှာ နေထိုင်သူများအကြား ရေရှည်ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးနဲ့ ရေရှည်မှာ အလုပ်ဖြစ် မယ့် ဖြေရှင်း ချက်များရရှိဖို့ အရေးကြီးပါတယ်'' ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ Ashok Nigam က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
လတ်တလော အခြေအနေတွင်၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များအနေဖြင့် အစားအစာနှင့် ယာယီတဲအိမ်များ ထောက်ပံ့ပေးထားသော်လည်း၊ ကလေးသူငယ်များ၏ ပညာရေးနှင့် အဖွဲ့နှစ်ဖွဲ့အကြား ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများ အဆောတလျင်လုပ်ရန် လိုအပ်လျက်ရှိသည်ဟု လည်း အစီရင်ခံစာက ဆိုသည်။
''အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ပြန်လည်ရင်ကြာစေ့ရေးမှာ ဦးစားပေး လုပ်ဆောင်ရမယ့် အရေးကြီး လုပ်ငန်းတစ်ခုဖြစ်ပါတယ်'' ဟု Nigam ကပြောသည်။ ''တင်းမာမှုများ ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်း အရင်းကိုလည်း ဖြေရှင်းရမှာဖြစ်ပြီး အုပ်စုများအကြား တင်းမာမှုများက ကြောက်ရွံ့မှုများနဲ့ အမုန်းပွားမှုများ ကို ဖြစ်စေပါတယ်'' ဟုလည်း ဆိုသည်။
ပဋိပက္ခများက မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအပေါ် သက်ရောက်မှုများ ရှိစေမည်ဟုလည်း သူကပြောသည်။ ယမန်နှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် စတင်ခဲ့သည့် တိုက်ခိုက်မှုများတွင် လူပေါင်း ၁၆၇ ဦးသေဆုံးခဲ့ပြီး၊ အိမ်ခြေပေါင်း ၁ဝဝဝဝ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု UN အစီရင်ခံစာတွင် ဖော်ပြထားသည်။