ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဘာသာတူကသာ လက်ထပ်ခွင့် ဥပဒေ ပြဌာန်းရန် ဦးဝီရသူ ကြိုးပမ်း

ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဘာသာတူကသာ လက်ထပ်ခွင့် ဥပဒေ ပြဌာန်းရန် ဦးဝီရသူ ကြိုးပမ်း
by -
မဇ္စျိမ

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဘာသာတူ အမျိုးသားကသာ လက်ထပ်ခွင့်ရှိစေရေးအတွက် ဥပဒေအရ ပြဌာန်းရန် သံဃာတော်များက ကြိုးပမ်းမည်ဟု မန္တလေး မစိုးရိမ်တိုက်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက် သည်။

Uwirathuarထိုဥပဒေကို ''မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေ'' ဟု အမည်ပေးထားပြီး လက်ရှိတွင် သံဃာတော်တို့က ပုဒ်မ ကိုးခုပါသော မူကြမ်းကိုရေးဆွဲထုတ်ပြန် ထားပြီး လွှတ်တော်က ပြဌာန်းရေးအတွက် ကြိုးပမ်းမည်ဟု ဆိုသည်။

Uwirathuar

ဇွန် ၁၂ ရက် နံနက်က မှော်ဘီ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ဆရာတော် ဦးဝီ ရသူက အထက်ပါအတိုင်း မိန့်ကြားလိုက်ခြင်းဖြစ်သည်။

မဇ္ဈိမက သတင်းစာရှင်းလင်းပွဲ၌ ဖြန့်ဝေခဲ့သည့် ယင်း ဥပဒေမူကြမ်းနှစ်ခု၏ မိတ္တူများကို ရရှိထားသည်။ ထို မိတ္တူများအရ အမျိုးသမီးများ လက်ထပ်ခြင်းနှင့်ဆိုင်သည့် ဥပဒေတွင် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် ''တရားဝင် ဗုဒ္ဓဘာသာဝင်'' ဖြစ်ရမည်၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားရမည်၊ ယင်း ဥပဒေကို မလိုက်နာပါကထောင်ဒဏ် ၁ဝ နှစ် ကျခံရမည်ဟု ပါရှိကြောင်းတွေ့ရသည်။

အဆိုပါဥပဒေနှင့်ပတ်သက်၍ အစ္စလာမ် သာသနာရေးရာကောင်စီချုပ် တွဲဘက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ''ဥပဒေဆိုတာကတော့ ဥပဒေအတိုင်းပဲ ပြဌာန်းမှာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိတယ်လေ။ လွှတ်တော်အမတ်တွေဘက်က လက်ခံရင်တော့ ပြဌာန်းပေါ့'' ဟု ၎င်း၏အမြင်ကိုပြောသည်။

''ကျန်းမာရေးအရတော့ သားဆက်ခြားပညာပေးမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် လူမျိုး တစ်မျိုး တည်းကို ပြဌာန်းတဲ့ ဥပဒေဆိုရင်တော့ ဒါ အဆင်မပြေလောက်ဘူး'' ဟု ဦးဝဏ္ဏရွှေက ဆက်လက်ပြောကြား သည်။

လွှတ်တော်မှ မည်သို့ဆုံးဖြတ်မည်ကို မသိရှိရသေးသော်လည်း ယေဘုယျအားဖြင့် ဘာသာ ငါးမျိုးကိုးကွယ် သည့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းရန်ကြံရွယ်ထားသည့် ''မျိုးစောင့် ဥပဒေ'' ကြမ်းသည် ဝေဖန်စရာများစွာ ရှိနေသည်ဟု လေ့လာသူများက ဆိုသည်။

Most read this week