ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း ခူမီးချင်းလူမျိုးများ အများစု နေထိုင်သည့် ဆမီးမြို့နယ်ခွဲကို ယခုလ ရ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်း ဦးဆောင် မှုဖြင့် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ဖွင့်ပွဲသို့ သစ်တောနှင့် သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ငြိမ်းနှင့် ဒေသခံ လွှတ်တော်ကိုယ်စား လှယ်များ ပါ၀င်တက် ရောက်ကြကြောင်း ဆမီးဒေသခံများက ချင်းထုံးစံအရ နွားနောက်သုံးကောင်ဖြင့် ပျူငှာစွာ ဧည့်ခံကြို ဆိုကြကြောင်း သိရ သည်။
ဆမီးမြို့နယ်ခွဲကို ၃၁၂၇.၀၄ စတုရန်းမိုင် အကျယ်အဝန်းရှိ ချင်းပြည်နယ်တွင် အကျယ်ဝန်းဆုံး ပလက်ဝမြို့နယ်မှ ခွဲ ထုတ် ပြီး မြို့နယ်ခွဲအဖြစ် သတ်မှတ် လိုက်ခြင်းဖြစ်သည်။ အကျယ်အဝန်းမှာ ပလက်ဝမြို့နယ် ၏ တဝက်ခန့်ရှိမည်ဖြစ်ပြီး ပ လက်ဝ မြို့နယ်၊ မတူပီမြို့နယ်၊ ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံအကြား ပင်လယ် ရေ မျက်နှာပြင် အထက် အမြင့် ပေ ၁၇၉ တွင် တည်ရှိသည်။
ချင်းပြည်နယ်ကို လက်ရှိ ၉ မြို့နယ်နှင့် ကျီခါးမြို့နယ်ခွဲ၊ ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲ၊ ရေဇွာ မြို့နယ်ခွဲ နှင့် ဆမီးမြို့နယ်ခွဲတို့ဖြင့် ဖွဲ့စည်းထားသည်။ မတူပီ၊ ပလက်ဝ၊ ထန်တလန်မြို့နယ်အတွင်း နေထိုင်ကြသည့် မရာ ချင်းမျိုးနွယ်စု ဒေသခံများကလည်း လိုင်လင်းပီရွာကို အခြေခံပြီး မြို့နယ်ခွဲအဆင့် သတ်မှတ်ပေးရန် တောင်းဆိုနေကြသည်။
လက်ရှိအနေအထားတွင် ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရဲစခန်းနှင့် စစ်တပ်စခန်းများအပြင် ကျန် ဌာနခွဲများကို လူနေ အိမ်များငှားရမ်းပြီး ပလက်ဝ အုပ်ချုပ်ရေးရုံးမှ အုပ်ချုပ်ရေးယန္တယားကိုကိုင်တွယ်ဦး မည်ဖြစ်သည်ဟု သတင်းများအရ သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ခူမီးမြို့နယ်ခွဲ ဖွင့်လှစ်ရေးခရီးစဉ်အတွင်း ချင်းပြည်နယ် ဆင်းရဲမွဲတေမှုလျော့ချရေး အစီအစဉ် အောက်တွင် ဒေသခံများအား ကျပ်ငွေ သိန်းပေါင်း သုံးထောင် အပြင် ပလက်ဝ – ဆမီးအကြား မိကျောင်းတံ တားတည် ဆောက်ရေးအတွက် ကျပ်ငွေ သိန်းပေါင်း လေးထောင် လှူဒါန်းခဲ့ကြောင်း သိရသည်။
၀န်ကြီးချုပ်သည် ဇွန်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမှ တဆင့် ရန်ကုန် – ချင်းပြည်နယ်မြို့နယ် ဟားခါးသို့ ပြန်လည် ထွက်ခွါသွားသည်။