ချင်းနှစ်ပါတီ ဖျက်သိမ်းပြီး တပါတီအဖြစ် ပေါင်းစည်းမည်

ချင်းနှစ်ပါတီ ဖျက်သိမ်းပြီး တပါတီအဖြစ် ပေါင်းစည်းမည်
by -
ခိုနူမ်းထုန်

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်သည့် ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသား ပါတီတို့သည် ချင်းအမျိုးသား တိုးတက်ရေးပါတီအမည်ဖြင့် ပေါင်းစည်းတော့မည်ဟု သိရှိရပါသည်။

လိုအပ်သည့် စာရွက်စာတမ်းတွေကို ဇူလိုင်လမတိုင်ခင် ကော်မရှင်ထံ ပေးပို့ပြီးမှ အသေးစိပ်ကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီအဲန်ပီ အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်း က ပြောသည်ဟု သိရသည်။

အဆိုပါ နှစ်ပါတီသည် ပြီးခဲ့တဲ့ ဧပြီလတွင် တပါတီီအဖြစ်ပေါင်းစည်းရန် သဘောတူညီ ထားပြီးဖြစ်သော်လည်း ရွေးကောက် ပွဲကော်မရှင်မှ ပါတီများပေါင်းစည်းရေး လုပ်ထုံးလုပ််နည်း များမရှိသဖြင့် ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း  ဆက်ဆို သည်။

သို့သော် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ပါတီပေါင်းစည်းခွင့် ဥပဒေ လုပ်ထုံးလုပ်နည်းများ တရားဝင် အမိန့်ထုတ်ခဲ့ပြီးဖြစ်သည်။

ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီများပေါင်းစည်းရေးကြိုးပမ်းလာခဲ့သည်မှာ တနှစ် ခန့် ကြာမြင့်ပြီဖြစ်ပြီး ယနေ့ တွင် လုပ်ငန်းစဉ်ထဲက ရ၀ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းနှစ်ပါတီသည် ချင်းပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် အများ ဆုံး နေရာရရှိခဲ့ သော်လည်း ယူအက််စ် ဒီပီပါတီ၏ တမတ်သား ကိုယ်စားလှယ်စေ လွှတ်ရေး ဥပဒေကြောင့် အစိုးရ မဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ယခု ပေါင်းစည်းမည့် ချင်းအမျိုးသား တိုးတက်ရေး ပါတီ၊ ယူအက်စ်ဒီပီပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် အီးအဲန်ဒီပီပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု လည်း သတင်းများထွက်နေသည်။