မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မယ့် (၂၇) ကြိမ်မြောက် အာဆီယံဆီးဂိမ်းမှာ ကယားပြည်နယ်ကိုယ်စား ပြုတိုင်းရင်းသားအကတွေ ပါဝင်တင်ဆက်ကပြဖို့ ကျောင်းသားလူငယ် လူရွယ်တွေက ယခုဆိုလျှင် လွိုင်ကော်မြို့ အားကစားရုံမှာ အကတွေ စတင်လေ့ကျင့် နေကြပြီဖြစ်ပါတယ်။
တိုင်းရင်းသားအက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူလေ့ကျင့်ပေးနေတဲ့ အ.မ.က (၂) မှ ကျောင်းအုပ်ကြီးဖြစ်သူ ဒေါ်ယဉ်မေက အကနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြသွားပါတယ်။
ဆီးဂိမ်းတွင် ကယားပြည်နယ် တိုင်းရင်းသားကိုယ်စားပြု အကများ ပါဝင်တင်ဆက် ကပြနိုင်ဖို့ လွိုင်ကော်မြို့ အားကစားရုံတွင့် အကလေ့ကျင့်နေကြသည့် ကျောင်းသူ/ သားများမြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
ဒေါ်ယဉ်မေက “ ကျမတို့ ကယားပြည်နယ်က တိုင်းရင်းသား စုပေါင်းအကပေ့ါ ပြည်ထောင်စု အားလုံးတိုင်း နဲ့ ပြည်နယ်ပေ့ါ. တိုင်းတော့မပါဘူး ပြည်နယ်(၇) ခုရယ်. နေပြည်တော်က ကလေးတွေနဲ့ ပေါင်းပြီးမှ က မယ်။ ပြည်နယ်က ခုနပြောတဲ့ အရံအဖြစ် ကပေးမှာပေ့ါ ဒီနေပြည်တော်က ကလေးတွေကျတော့ မြန်မာနိုင်ငံကို ပုံဖော်မယ် ကျမတို့က အဘေးမှာ က ပေးတာပေ့ါ. တိုင်းရင်းသား အကတွေ” လို့ ပြောသွားပါတယ်။
အဆိုပါ အက နဲ့ ပတ်သက်၍ အဖွင့်တစ်ပုဒ် နှင့် အပိတ်တစ်ပုဒ် တင်ဆက် ကပြသွားမှာဖြစ်ပြီး အပိတ်အကအနေနဲ့ စည်းလုံးခြင်းသီချင်းဖြင့် တင်ဆက်ကပြ သွားမှာဖြစ်ကြောင်း သိရပါတယ်။
ကယားပြည်နယ်မှ အားကစားသမားအဖွဲ့၊ ဆိုင်းဘုတ် ကိုင်အဖွဲ့၊ တိုင်းရင်းသားစုပေါင်းအက နှင့် တခြားအခန်း ကဏ္ဍတွေလည်းပဲ ပါ၀င်တင်ဆက်ရမည် ဖြစ်ကြောင်း သိရှိရပါတယ်။
တိုင်းရင်းသားအက တင်ဆက်ပြသ နိုင်ရန်အတွက် လိုအပ်တဲ့ ပစ္စည်းများ နှင့် အစားအသောက်များကိုလည်း ပြည်နယ်ဝန်ကြီးက ပြင် ဆင်ပေးထားတယ်လို့ သိရပါတယ်။
အကလေ့ကျင့်နေသူ ကျောင်းသူကျောင်းသား စုစုပေါင်း လူဦးရေ (၁၂၀) ဦး ပါ၀င်ကြောင်း သိရှိရပါတယ်။