ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ကာလအတွင်း တခြားပဋိပက္ခ ပြဿနာတွေ မဖြစ်ပွားစေလိုဟု ကယားပြည်နယ်အစိုးရပြော

ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ကာလအတွင်း တခြားပဋိပက္ခ ပြဿနာတွေ မဖြစ်ပွားစေလိုဟု ကယားပြည်နယ်အစိုးရပြော
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတွင်း ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်ပေါ် စေမည့် ပဋိပက္ခပြဿနာများ မဖြစ်ပေါ်စေလိုကြောင်း ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ပြောပါတယ်။

“ပြည်နယ်အစိုးရ အဖွဲ့အနေနဲ့တော့ ကျနော်ဆန္ဒသဘောထားနဲ့ ပြောမယ်ဆိုရင် ပြဿနာက တစ်ခုမှ မဖြစ်စေချုင်ဘူးပေ့ါ.  ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးကို ပီပြင်အောင်ဆောင်ရွက်နေတဲ့ အချိန်မှာ တခြားကိစ္စပေါ့နော် . မကျေမလည် မဖြစ်စေချင်ဘူးပေ့ါ."

မေလ ၂၇ ရက်နေ့ မော်ချီးမြို့မှာ မူဆလင်အိမ်တွေကို မော်ချီးသတ္တု တူးဖော်နေကြတဲ့ ဗမာလုပ်သားတွေက ဖျက်ဆီးခဲ့တဲ့ ပဋိပက္ခပြဿနာတွေကြောင့် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မထိခိုက်စေလိုလူးလို့ ပြောသွားတာပါ။

"ကယားပြည်နယ်လည်းပဲ တချိန်လုံးလွတ်လွတ်လပ်လပ် မနေခဲ့ရဘူး၊ မငြိမ်းချမ်းခဲ့ဘူး. အခု ဒီနေ့ဒီချိန်မှာ ငြိမ်းချမ်းခါစ ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ တိုင်းရင်းသားအားလုံး ကျနော်တို့ ပြည်နယ်မှာ နေတဲ့လူ အားလုံး ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းပြီး အင်တိုက်အားတိုက်ဆောင်ရွက် ရမယ့်အချိန်မှာ ဒီလိုပြဿနာမျိုးတွေ ဆုံးရှံုးမှုတွေ နစ်နာမှုတွေ အထင်လွှဲမှုတွေ စိတ်ပူ ပင်သောက ဖြစ်ရတဲ့ အဖြစ်မျိုးတော့ မရောက်စေချင်တော့ဘူးပေါ့လေ"

လက်ရှိကယားပြည်နယ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ အစိုးရအပစ်အခတ်ရပ်စဲထားတာ တနှစ်ကျော်ရှိနေပါပြီ။

ယခုလိုအရေးကြီးနေသည့် အချိန်ကာလအတွင်း မော်ချီးမှာဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ ဆက်လက် မကူးစက် သွားနိုင်ဖို့အတွက် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တိုင်းမှာလည်း အလည်အပတ် ရောက်လာသည့်သူတိုင်းကို ဧည့်စရင်းတိုင်ကြားတာတွေ၊ တခြားဒေသကနေရောက်လာတဲ့  မူဆလင်ဘာသာဝင်ဧည့်သည်တွေကို စောင့်ကြည့်ထားတာတွေ နှင့်  မော်ချီးဘက်မှနေထိုင်သူကို နေရပ်သို့ ပြန်ပို့ထားတယ်လို့ သိရပါတယ်။

"ပြသနာတွေကိုကာကွယ်နိုင်အာင် ကျနော်တို့နည်းနည်းကြပ်ရထားတာပေ့ါ၊ ကြပ်တယ်လို့ ပြောရမှာပေ့ါ လူဝင်လူထွက်လူပိုပေါ့နော်. ဘယ်လိုလှုပ်ရှား ဘယ်လိုသွားလာနေသလဲ. ဒီမူဆလင်ပဲ ပြောပြော ပေ့ါ. ဒီလို ဒီကိစ္စမျိုးနဲ့ ဆက်နွယ်ပြီးတော့မှ ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တွေ ပေ့ါနော်. မဟောပြောနိုင်အောင် မစည်းရုံး မတိုက်တွန်းနိုင်အောင်တော့ ကျနော်တို့ ဧည့်စာရင်းတို့ ဘာတို့ပေ့ါ. ဒါလည်းပဲ ကျေးရွာအုပ်ချုုပ်ရေးမှူးတွေ ကို အနည်းဆုံး ဧည့်စာရင်းတွေ လုပ်ထားခိုင်းပါတယ်"

Most read this week