ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတရပ်အဖြစ် မွန်ပြည်သစ် ပါတီမှ ကတ္တရာလမ်းခင်း

ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတရပ်အဖြစ် မွန်ပြည်သစ် ပါတီမှ ကတ္တရာလမ်းခင်း
by -
ရွှေဟင်္သာ

မွန်ပြည်နယ်၊ ရေးမြို့မှ အရှေ့ဖက် ဖလမ်းကျေးရွာသို့ အရှည်မိုင် (၁၄) မိုင် ရှိသော ကတ္တရာလမ်း ကို ဒေသဖွံ့ဖြိုးရေး အစီအစဉ်တရပ်အဖြစ် မွန်ပြည်သစ် ပါတီမှ ဖေါက်လုပ်မည်ဖြစ်ကြောင်း မွန်ပြည်သစ် ပါတီ ဖွံ့ဖြိုးရေးရုံး တာဝန်ခံမှ ပြောပါသည်။  

“ ကနဦး ကွင်းဆင်း လေ့လာမှုတွေက လုပ်ပြီးပြီး။ အဲဒီ အပေါ်မှာ ခန့်မှန်းခြေ ဘတ်ဂျက် တွက်ပြီး  နတလ ဆီကိုတင်ထား ပြီးပြီ၊ ဒီတစ်ရက် နှစ်ရက် အတွင်း ဖွဲ့စည်း ထားတဲ့ ကော်မီတီ တွေက နေပြီးအသေးစိတ် တိုင်းတာ စစ်ဆေး ဖို့ ရှိပါတယ်” ဟု မွန်ပြည်သစ် ပါတီ မော်လမြိုင် ဖွံ့ဖြိုးရေးရုံးမှ နိုင်အမ်စိုက်ချမ်းမှ ဆိုပါသည်။

ထို (၁၄) မိုင်ခန့် ရှိသည့် (၁၅)ပေ အကျယ် လမ်းမအား အကျယ် ပေ (၁၀၀) ရှိ လမ်းအဖြစ်သို့ ကနဦး အဆင့်တွင် မြေသားလမ်း ဆောင်ရွက်ရန်၊ ဒုတိယ အဆင့်တွင် ကျောက်ခင်း လမ်းနှင့်တတိယ အဆင့်တွင် ကတ္တရာလမ်း ခင်းနိုင်ရန် အတွက် ဆောင်ရွက် သွားမည် ဖြစ်သည်။ ၄င်းလုပ်ငန်းစဉ်အားလည်း မွန်ပြည်သစ် ပါတီ ဖွံ့ဖြိုးရေး ရုံးမှပင် တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်သည်။

“မြေသားမာပြီး အထိုင် ကျဖို့  အချိန် နည်းနည်း ယူရ ဦးမယ်၊ အခု အခြေ အနေ မှာက မြေသားလမ်း အဖြစ် တည်ရှိ နေပြီး ဖြစ်တယ်၊ ကျွန်တော်တို့ ဒုတိယ အဆင့် ကျောက်ခင်းလမ်းက စတင် လုပ်ဆောင် မယ်လို့ မှန်းထားတယ်” ဟု နိုင်အမ်စိုက်ချမ်းမှ ပြောသည်။

လက်ရှိ ၄င်းလမ်းသည် မိုးရာသီ ပြင်ပမှ သာ သွားလာ အသုံးပြုနိုင်ခြင်းဖြစ်ပါသည်။ ရွာချင်းဆက် ကားနှစ်စီးစာ သွားလာရုံ ကျဉ်းမြောင်း သည့်အဆိုပါလမ်းအား  ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ ဒုတိယ အကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ပြီးနောက် သစ်လုပ်ငန်း လုပ်ပိုင်ခွင့် ရရှိသည့် ကုမ္ပဏီမှ   မြေသားလမ်း အဖြစ်ပင် ပြန်လည် ချဲ့ထွင်ကာ ဖောက်လုပ် ပေးခဲ့ခြင်းဖြစ်သည်။

၄င်းလမ်းအား ၂၀၁၅ ခုနှစ် ကုန် ကတ္တရာလမ်း အဖြစ် အပြီး အစီး ခင်းနိုင်ရန်အတွက် မျှော်မှန်း ထားကြောင်း ဆိုပါသည်။

Most read this week