ဘားအံသူအဖွဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ်

ဘားအံသူအဖွဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ်
by -
ကေအိုင်စီ

ဇွန်လ ၅ရက်နေ့တွင် ကျရောက်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖားအံသူအဖွဲ့မှ ဦးဆောင်ကာ “စိမ်းစိုပြေစေ သဘာဝအမွေ”ဟူသော ခေါင်းစဉ်ဖြင့် ပထမအကြိမ်လူထုလှုပ် ရှား မှုတစ်ရပ်ကို ဖားအံမြို့တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဖားအံသူ သဘာဝပတ်ဝန်းကျင် လူထုလှုပ်ရှားမှုအဖွဲ့

နံနက်ပိုင်းတွင် ဖားအံမြို့မ စျေးကြီးနှင့် လှိုင်းဘွဲအဝိုင်းနေရာတို့တွင် လူအင်အား ရ၀ ကျော်ဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များ၊ စတစ်ကာများ ဝေငှပေးခဲ့ကြသည်။ ၎င်းအပြင် ပြည်နယ် စိုက်ပျိုးရေး ဌာနမှ ပေးသည့် ဂန့်ဂေါ်၊ သပြေ၊ တမာ၊ မန်ကျီး၊ ဗန်ဒါ၊ မဲဇလီ စသည့်သစ်ပင်ပျိုးပင် ၁၅၀၀ကိုလည်း ပေးဝေခဲ့ကြသလို သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ စွန့်ပစ်အမှိုက်များကိုလည်း သွားရောက်ကြည့်ရှု မှတ်တမ်းတင်ခဲ့ကြသည်။

ထိုပွဲသို့ တယော်ထော်၊ ပအိုဝ်းလူငယ်၊ တောင်ကလေးသူနာပြုသင်တန်းကျောင်း၊ မရင်းကုန်ုးကျေးရွာ လှုပ်ရှားတက်ကြွသူ များ၊ ADRA၊ EGG အဖွဲ့တို့အပြင် ဖားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလည်း ပါ၀င်ပူးပေါင်း ကူညီပေးကြသည်။

“ကျမတို့ ထင်တာထက် ပို အားရစရာကောင်းပါတယ်။ ဒီလောက်ပူးပေါင်းပါ၀င်လိမ့်မယ်လို့ မထင်ပါဘူး။ သစ်ပင် ၁၅၀၀က နည်းသွားပါတယ်။ လူတွေက လိုလိုချင်ချင် လာတောင်းကြတာပါ။ ပတ်ဝန်းကျင်ထိန်းသိန်း ရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက် တိုးပြီး လုပ်ဆောင်သွားမှာပါ။”ဟု ဖားအံသူအဖွဲ့ ခေါင်းဆောင် နော်လော်သူလော်သာက ကေအိုင်စီကို ပြောသည်။

ထို့အပြင် ပွဲလာရောက်ကူညီကြသော လူငယ်များ၊ ရဟန်းရှင်လူများ၊ မြို့မိ မြို့ဖများကလည်း ဤသို့ ပြုလုပ်ခြင်းအတွက် မြို့ခံအနေဖြင့် အားရကျေနပ်မိပါကြောင်း၊ ကရင်ပြည်နယ်တွင်းရှိ သဘာဝပတ် ၀န်းကျင်များ ရှေ့ဆက်မပျက်စီးစေရန်အ တွက် အားလုံးတွင် တာဝန်ရှိကြောင်း အကြံပေးပြောဆိုသွားကြ သည်။

ညနေပိုင်းတွင် ကန်သာယာအရှေ့ဘက်ရှိ ကန်သာဦးခမ်းမ၌ သဘာဝပတ်ဝန်းကျင်ပြခန်း ဖွင့်လှစ်ထားပြီး ဒေါက်တာခင် မောင်ညိုမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို ဟောပြောကာ တက်ရောက်လာသောလူငယ်များက အပြန်အလှန် မေး မြန်းခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

“လူငယ်တွေ ဒိလိုတက်တက်ကြွကြွ ပါ၀င်ကြတာကို အားရပါတယ်။ အရင်က ပါ၀င်ခွင့်မရခဲ့တာတွေ ရှိခဲ့ပါတယ်။ လူငယ် တွေပါ၀င်ဖို့ လွှတ်ပေးတဲ့ မိဘတွေကိုလည်း ကျေးဇူးတင်စရာပါ။”ဟု မြို့မိမြို့ဖတစ်ဦးက သုံးသပ်ပြောဆိုသည်။

Most read this week