အဓိကရုဏ်းဖြစ်လာမှုကို ကြိုတင် ကာကွယ် သွားမည်ဟု KNPP ဆို

အဓိကရုဏ်းဖြစ်လာမှုကို ကြိုတင် ကာကွယ် သွားမည်ဟု KNPP ဆို
by -
ရွှေဟင်္သာ

ကယားပြည်နယ်သည်ဘာသာရေး အဓိကရုဏ်းများကင်းစင်ပြီး အေးချမ်းသော ပြည်နယ်ဖြစ်လာစေ ရေးအတွက်ကြိုတင် ကာကွယ်ထားသည့်အစီအမံများရှိရန် လိုအပ်ကြောင်းကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) အတွင်းရေမှူး ဖြစ်သူ ခူးဦးရယ်ကဆိုပါသည်။

“  ဒီအမြင် ကတော့ကျနော်တို့ကယားပြည်နယ်ထဲကအဖွဲ့အစည်း (၉) ခုက ခေါင်းဆောင်တွေပြီးခဲ့တဲ့ဇွန်လ(၃) ရက်နေ့မှာအလွတ် သဘော တွေ့ဆုံဆွေးနွေး ကြရာက လူထုထံ ပန်ကြားစာထုတ်ပြန်တဲ့ အဆင့်အထိ ဖြစ်သွားတာပါ။ ပြီးခဲ့သည့် ရက်ပိုင်းကို ကြည့်ရင် ကယားပြည်နယ်မော်ချီ ဒေသဘက်မွတ်စလင်နဲ့အဲဒီဒေသ မှာရှိတဲ့ဗမာလူမျိုးတွေပြသနာဖြစ်ခဲ့သေးတယ်။ အဲဒါကြောင့်နောက်ဆက်တွဲ ပြသနာဖြစ်လာမှာကိုစိုးရိမ် လို့အခုလို တားဆီး ကာကွယ်ဖို့ဖြစ်လာတာပါ” ဟုဆိုပါသည်။

အဆိုပါ ပန်ကြားစာသည်ကယားပြည်နယ်တစ်ခုလုံး ပေးပို့ခဲ့သော်လည်းအဓိကပစ်မှတ်ထားသည်မှာ ကယားပြည်နယ် တွင်း ကရင်နီ လူထု ၊ ကယန်းလူထုနှင့်ပတ်သတ်ဆက်နွယ်နေသည့်တိုင်းရင်းသား လူထုများအားအဓိကပန်ကြားလိုကြောင်း ဆိုပါသည်။

ပြည်သူ လူထုများထံ ပေးပို့ခဲ့သောပန်ကြားတွင် -

-       အခြားသူများ၏သွေးထိုး လှုံ့ဆော်မှုကြောင့် ရခိုင်၊ မိထ္ထီလာ၊ ဥက္ကံ နှင့် ရှမ်းပြည် လာရှိုး၊ အဓိကရုဏ်းထိ ဖြစ်လာနေခဲ့ပြီး ၄င်းမှတစ်ဆင့်ကရင်နီပြည်နယ်သို့တဖြည်းဖြည်း ကူးစက်လာ နေသည့်လက္ခဏာ တစ်ချို့ကိုထောက်ပြထားခြင်း။

-       လူမျိုးရေးနှင့်ဘာသာရေးအဓိကရုဏ်းများကြောင့်ပြည်သူ လူထု တစ်ရပ်လုံးအသက်သေဆုံးမှု၊ အသက် ဘေးအန္တရယ် စိုးရိမ်မှုနှင့်အိုးအိမ်များ ပျက်စီဆုံးရှံုးခဲ့သည့်ဆိုးကျိုးများကို ထောက်ပြထားခြင်း။

-       အဓိကရူဏ်းကြောင့် ဒီမိုကရေစီရေးနှင့်ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြထားခြင်း။

-       တရားဥပဒေ စိုးမိုးရေးများ ပျက်ပြယ်ပြီး မင်းမဲ့စရိုက် ဖြစ်လာသဖြင့် ဒေသတွင်း မတည်မငြိမ်ဖြစ်လာနိုင်မှုကို ထောက်ပြခြင်းတို့ပါ၀င်သည်။

ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော အဖွဲ့အစည်းများမှာ  ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ကယန်း အမျိုးသား ပါတီ (KNP)၊ကယန်းပြည်သစ်ပါတီ(KPLP)၊ကယန်း အမျိုးသား ကာကွယ်ရေး တပ် (KNG)၊ကရင်နီပြည် လူမျိုးစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ကရင်နီ အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)၊ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPDP)၊ ကရင်နီပြည်သူလူငယ်များသမဂ္ဂ(UKSY) ပါတီများဖြစ်ကြပါသည်။

ဤအဖွဲ့များသည်ကယားပြည်နယ်အတွင်းအဓိကရုဏ်းမဖြစ်လာရေးအတွက်လှုပ်ဆော်မှုအဆင့်မှသည်အသေးစိပ်ထပ်မံဆွေးနွေးရန်ဆုံးဖြတ်ထားကြပါသည်။ကယားပြည်နယ်သည်ပြီးခဲ့ရက်ပိုင်းတွင်မော်ချီးဒေသ၌ အဓိကရုဏ် ဖန်း တီးမှုများ ဖြစ်ခဲ့ပါသည်။ ဤသို့ကြောင့် ဒေသတွင်းမတည်မငြိမ်ဖြစ်လာမှာကို စိုးရိမ်နေကြ သဖြင့် ကာကွယ်ရေးနည်းလမ်းများ ကြံဆလာနေခြင်းဖြစ်ပါသည်။

Most read this week