သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ၃ ရက်တာ ဖြစ်ပွါးခဲ့သော ဘာသာရေးဆိုင်ရာ ပဋိပက္ခမှာ ယနေ့တွင် လျော့ပါး သွားပြီဖြစ်သော်လည်း မန်ဆူ ဘုန်းကြီးကျောင်းတွင် ဒုက္ခသည် တထောင်ခန့်ရှိ နေကြောင်း လားရှိုးမြို့သတင်း ရပ်ကွက်က ဆိုပါသည်။
“ ဒီနေ့တော့ မြို့ထဲမှာ ဈေးဆိုင်တချို့ပြန်ဖွင့်နေပြီ ။ လမ်းမပေါ်မှာ လူသွားလူလာလဲ နဲနဲကျဲကျဲ တွေ့နေရ တယ်။ ရိုက်မှု နှက်မှုတော့ ထပ်မကြားရသေးဘူး။ အိမ်တိုင်းလိုလိုမှာ ရွှေတိဂုံဘုရားပုံတော်တွေ မဟာမြတ်မုနိ ဘုရားပုံတော် တွေကိုအိမ် ရှေ့မှာ ထင်ထင်ရှားရှား ကပ်ထားတယ်။ သျှမ်းအိမ်တွေဆိုရင်တော့ သျှမ်းအလံ ထူထားတယ်” ဟု လားရှိုးမြို့ခံ စိုင်းဆိုင် က ပြောသည်။
မေလ၂၈၊ ၂၉ နှင့် ၃၀ ရက်နေ့အတွင်းဖြစ်ပွါးခဲ့သော မူစလင်ဘာသာဝင်များနှင့် လူတစုတို့၏ ရိုက်နှက် သတ်ဖြတ် မှု နေအိမ်နှင့် ဗလီများမီးရှို့မှုတို့ကြောင့် အစိုးရက အရေးပေါ် ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာ လားရှိုးမြို့တွင်း ဆိတ်ငြိမ်လျှက်ရှိခဲ့သည်။
ထိုပဋိပက္ခများကြောင့် ဆုံးရှုံးမှုသိန်းပေါင်းထောင်ချီပြီး လူတဦးသေဆုံးမှုရှိကြောင်း၊ အများအပြားဒဏ်ရာ ရှိကြောင်း၊ မူစလင်ဘာသာဝင်(အများစုပါဝင်သော) ဒုက္ခသည် ၁၀၀၀ ခန့် မန်ဆူဘုန်းကြီးကျောင်း တွင်ခို လှုံနေလျက် ရှိကြောင်း ၊ ၎င်းတို့အား ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမသို့ပြောင်းရွှေ့မည်ဆိုသည့် သတင်းလည်းထွက်ပေါ်နေကြောင်း မြို့ခံလူငယ် အမျိုးသမီးတဦးက လည်းပြော သည်။
“ဒုက္ခသည်တွေကိုတော့ မြို့ထဲကလူတွေနဲ့ ယူနီဆက်က အစားအသောက်တွေလာပေးတယ်။ လမ်းပေါ်မှာ သွားလာမှုရှိ နေတယ် ဆိုပေမယ့် သတိတော့ထားနေတုန်းဘဲပေါ့နော်။ ဘယ်ချိန်ဘယ်နေရာမှာဘာကိုမီးထပ် ရှို့မလဲ စိုးတထိတ်ထိတ်နဲ့ပေါ့” ဟု အဆိုပါအမျိုး သမီးကပြောသည်။
မေလ ၂၈ ရက်ညက လားရှိုးမြို့၌ ဓါတ်ဆီရောင်းအမျိုးသမီး မအေးအေးဝင်အား ကျိုင်းတုံမှတ်ပုံတင်ကိုင် ဆောင်သည့် ဦးနေဝင်းက ဓါတ်ဆီလောင်းမီးရှို့ရာမှာ လားရှိုးမြို့တွင်း ဗလီနှင့်လူနေအိမ်များမီးရှို့မှုဖြစ်ပွါးခဲ့ သည်။
အဆိုပါ မီးရှို့မှုဖြစ်ပွားအောင်စတင်လုပ်ဆောင်ခဲ့သော တရားခံဦးနေဝင်းသည် ကျိုင်းတုံမြို့၌ လေယာဉ် လက်မှတ်ပွဲစား လုပ်ကိုင်နေသူတဦးဖြစ်ပြီး ၎င်း၏ အထက်စီးဆက်ဆံမှု ရိုင်းပျမှုကြောင့် ကျိုင်းတုံလူထုမှ အမြင်မကြည်ဖြစ်ကြကြောင်းလည်း ကျိုင်းတုံဒေသခံ အိုက်စိုင်းကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။
၎င်းသည် မန္တလေး၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့ တို့တွင် ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ဖူးပြီး လားရှိုး၌ အမျိုးသမီး အားဓာတ်ဆီ လောင်းမီးရှို့မှုမှသာ ပဋိပက္ခ ပေါ်လာကြောင်း မေလ ၂၉ ရက်နေ့က မြစ်ကြီးနားတွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ကြောင်း ဒီဗီဘီသတင်းဌာနကလည်း ဖော်ပြထားသည်။