နွမ်းပါးတဲ့ကလေးများပညာရေးအတွက် ကယားလူမှုဖွံ့ဖြိုးရေးအဖွဲ့ အခမဲ့ ဘော်ဒါဆောင် ဖွင့်လှစ်ရန်စီစဉ်

နွမ်းပါးတဲ့ကလေးများပညာရေးအတွက် ကယားလူမှုဖွံ့ဖြိုးရေးအဖွဲ့ အခမဲ့ ဘော်ဒါဆောင် ဖွင့်လှစ်ရန်စီစဉ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီမောဆိုးမြို့ရှိ  ကေ့ထျိုးဘိုးကျေးရွာဘက်များမှ ကျောင်းဆက်တက်ရန် အခက်အခဲဖြစ် နေကြသော ကလေး သူငယ်များအတွက် မြို့ပေါ်တွင် ပညာသင်ကြားပေးနိုင်ရန် ကေ့ထျိုးဘိုး လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ ကိုယ်ထူကိုယ်ထ ဘော်ဒါဆောင် တခု ဖွင့်လှစ်ထားရှိဖို့ အခမဲ့ဆောင်ရွက်ပေးနေတယ်လို့သိရပါ တယ်။

ကေ့ထျိုးဘိုးကျေးရွာများရှိ ဆင်းရဲနွမ်းပါးသည့် မူလတန်းကျောင်းနေအရွယ်များ မြို့ပေါ်တွင် အလယ်တန်း အဆင့် အထက်တန်းအဆင့် ဆက်လက်ပညာသင်ကြား ဆည်းပူးနိုင်ရန် အဓိက ရည်ရွယ်ထားပြီး ကလေးငယ်များနေထိုင်ဖို့ အဆောက်အဦးကို ဒီးမော့ဆိုမြို့ ကေ့ထျိုးဘိုးခြံဝင်းထဲတွင် စတင်ဆောက် လုပ်နေပြီ ဖြစ်တယ်လို့ ကေ့ထျိုးဘိုးလူမှုဖွံ့ဖြိုးရေးဌာနမှ တာဝန်ခံဦးတော်ရယ်က ယခုလိုရှင်းပြပါတယ်။

"အဆောက်အဦးဆောက်တာ ဝေးလံခေါင်းပါးတဲ့ ရွာတွေက ကျောင်းသားတွေက ကျောင်းဆက်တက်နိုင်ဖို့ သူတို့အတွက် အဆောင်နေဖို့ သူတို့ ပညာသင်ကြားဖို့ အဆင်ပြေအောင်ပေ့ါနော်။ ဒီဆင်းရဲသား ကလေး တွေ ကျောင်းဆက် တက်နိုင်အောင် ရည်ရွယ်ပြီးတော့ ဘော်ဒါဆောင် ဆောက်ပေးတာပါ၊ ကေထျိုးဘိုး ကျေးရွာ ကလေးတွေ ဆက်ပညာသင်ကြားနိုင် ရန်အတွက် ရည်ရွယ်တာပါ" ဦးတော်ရယ်က ပြောပြပါတယ်။

ကလေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် ရန်ပုံငွေကို ယခုနှစ်မှစ၍ စိုက်ပျိုးရေး၊ မွေးမြူးရေး များကို ကိုယ်ထူကိုယ်ထ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကေ့ထျိုးဘိုးဝင်းအတွင်းရှိ စိုက်ပျိုးမြေများတွင် အသင်းမှ ပြောင်း၊ နှမ်း၊ မြေပဲ တို့ကိုစိုက်ပျိုးခဲ့ပြီး ယခုအခါတွင် ၄င်းစိုက်ပျိုးမှုမှ ရရှိသော အမြတ်ငွေများကို ကလေးသူငယ်များ ပညာသင်ကြားရေး လုပ်ငန်းများအတွက် ရန်ပုံငွေ အဖြစ် စတင်အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဦးတော်ရယ်ကဆက်ပြီး  " ရန်ပုံငွေ ရဖို့လမ်းက ဒီတစ်လမ်းပဲရှိတယ်ပေါ့နော်၊ ကိုယ်ထူကိုယ်ထ လုပ်ရတော့ တခြားကိုမျှော်လင့်လို့ မရတဲ့အတွက် ကိုယ့်အရင်းအနှီးကို ကိုယ့်ဟာကို ထုတ်သုံးမှ ရမှာပေ့ါနော်" လို့ ပြောပြသွားပါတယ်။

ယခုနှစ်မှစ၍ မူလတန်းအောင် ကျောင်းသား၊သူ (၂၃) ယောက် လက်ရှိလက်ခံထားပြီဖြစ်ပြီး ကလေးများကို အထက်တန်းကျောင်း ပြီးတဲ့အထိ တာဝန်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ကယားပြည်နယ်အတွင်းမှာ ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသဘက်မှ အများစုဟာ မြို့ပေါ်မှာ ကျောင်း ဆက်တက်နိုင်ဖို့အတွက် ခရစ်ယာန်ဘာသာရေးကျောင်းများမှ ဘော်ဒါဆောင်တွေမှာ သွားရောက် နေထိုင်ကြရတာ ဖြစ်ပါတယ်။ ယခုအခါ ကေ့ထျိုးဘိုးကျေးရွာများမှ ကလေးငယ်တွေအတွက် အခွင့်အလမ်း တွေ ပေါ်ထွက်လာစေဖို့အတွက် ကေ့ထျိုးဘိုး လူမှုဖွံ့ဖြိုးရေးအဖွဲ့က စတင်ဦးဆောင်နေတာ ဖြစ်ပါတယ်။

ကေ့ထျိုးဘိုးလူမှု ဖွံ့ဖြိုးရေးဌာနသည် ကေ့ထျိုးဘိုးဂေါပကအဖွဲ့ချုပ် လက်အောက်တွင် ဖွဲ့စည်းထားရှိပြီး အဓိက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထဖြင့် သော်လည်းကောင်း ၊ INGOs အဖွဲ့အစည်း ဖြစ်တဲ့ Care Myanmar ၊ ACF နှင့် NGO အဖွဲ့ဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းပြီး ဒေသအတွင်း ဆောင်ရွက်နေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

Most read this week