၈၅ ကြိမ်မြောက် မြောက်ဦး သျှစ်သောင်း ဘုရားများ ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာပြီးဆုံး

၈၅ ကြိမ်မြောက် မြောက်ဦး သျှစ်သောင်း ဘုရားများ ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာပြီးဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ကျင်းပသည့် ၈၅ ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ် ဘုရား ဗုဒ္ဓပူဇနိ ယပွဲတော်မှာ ယမန်နေ့က အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

၈၅ ကြိမ်မြောက် မြောက်ဦး သျှစ်သောင်း ဘုရားများ ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာပြီးဆုံး

ပွဲတော်ကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့သည်။ ပွဲတော်တွင် ရခိုင်ရိုးရာ ပြိုင်းလောင်းပြိုင်ပွဲ (လှေပြိုင်ပွဲ)၊ ရခိုင်ရိုးရာ ကျင်ပွဲနှင့် ဘောလုံးပွဲများကို ထည့်သွင်း  ကျင်းပခဲ့သည်။

ရခိုင်ရိုးရာ ကျင်ပွဲတွင် အဆင့်အလိုက် အနိုင်ရသူများကို ဆုပေါင်း ၁၆ ဆုကို ချီးမြင့်ခဲ့ကြောင်း  ကျင်ပွဲ ဖြစ်မြောက်ရေးကော်မီတီမှ ဦးကျော်ကျော်က ယခုကဲ့သို့ပြောသည်။

“ကျင်ပွဲမှာ အားလုံးက ဆု ၁၆ ဆုချီးမြင့်ပါတယ်။ ပထမတန်းမှာ ၄ ဆု၊ ဒုတိယ တန်းမှာ ၄ ဆု၊ တတိယ တန်းမှာ ၄ ဆုနဲ့ စတုတ္ထတန်းမှာ ၄ ဆု စုစုပေါင်း ၁၆ ဆု ချီးမြင့်ပါတယ်။ ပထမတန်းက ပထမဆုကို ဌေးမင်းစိုးက ရပါ တယ်။ ဒုတိယဆုကို မောင်နိုင်ဝင်း ပေါက်တောပြင်ကရပါတယ်။ တတိယဆုကို ကျော်သန်းမြင့် ရဟတ်တောင် ကရပါတယ်။ စတုတ္ထဆုကို လပြည့်ဆို တဲ့ ကောင်လေးက ရသွားပါတယ်။ သူလည်း ပေါက်တောပြင်က ဖြစ်ပါတယ်။”

ကျင်ပွဲ ပထမတန်းတွင် ချီးမြှင့်သည့် ဆုများမှာ ကျပ်ငွေ ၁ သိန်းခွဲ တန်ဖိုးရှိ ရွှေသားများဖြစ်ကြောင်း သိရသည်။

ဒုတိယတန်းတွင် ပထမဆုကို  စိုးဝင်း ကံဦးရွာ၊ ဒုတိယဆုကို ကျော်ထွန်းစိုး ပိုးရီပြင်ရွာ၊ တတိယဆုကို စစ်နိုင် ပြင်ရှည်ရွာနှင့်  စတုတ္ထဆုကို ပိုးရှည်ပြင်ကျေးရွာမှ အောင်နိုင်ရရှိသွားသည်ဟု ဆိုသည်။

“ တတိယတန်းမှာ  ပထမဆုကို နိုင်နိုင် မင်းပြားက ရပါတယ်။ ဒုတိယဆုကို သိ်န်းအောင် ပေါက်တောက ရပါတယ်။ တတိယဆုကို အောင်နိုင် မင်းပြားက ရပါပြီး  စတုတ္ထဆု ကို အောင်အောင် ပေါက်တောပြင်က ရ ရှိခဲ့သွားခဲ့ပါတယ်” ဟု ဦးကျော်ကျော်က ပြောသည်။

စတုတ္ထတန်းမှာ ပထမဆုကို ရဲလင်းအောင် ထမရစ်ကျေးရွာက ရကြောင်း၊  ဒုတိယဆုကို ကျော်ဝင်းထွန်း အောင်မင်္ဂလာ ကရကြောင်း၊  တတိယဆုကို အေးနိုင်ထွန်း ကျောင်းတောင်ကရကြောင်း၊ စတုတ္ထဆုကို ကျော်မင်းထွန်း  ရွာဟောင်းက ရရှိသွားကြောင်း သူက  ပြောသည်။

ဘောလုံးပွဲတွင် နောက်ဆုံး ဗိုလ်လုပွဲကို တိမ်ညို (တောင်)ကျေးရွာအသင်းနှင့် ဘူရွက်မညှိုး ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြ ပြီး ပြိုင်ပွဲ ပြီးဆုံးချိန်ထိ တစ်ဂိုးစီဖြင့် အရှံုးအနိုင် မရှိသဖြင့် နောက်ဆုံး ပယ်နယ်တီ ဂိုးဖြင့် အဆုံး အဖြတ်ပေးခဲ့ရကြောင်း သိရသည်။

ဘောလုံးပွဲ ပထမဆုကို တိမ်ညို(တောင်) အသင်းက ရရှိသွားပြီး ဒုတိယဆု ကို ဘူးရွက်မညှိုးအသင်း၊ တတိယဆုကို ကျောက်တွင်းကုန်းကျေးရွာ ဘောလုံးအသင်းနှင့် စတုတ္ထဆုကို ဆင် အိုးကြီး ကျေးရွာအသင်းတို့ ရရှိသွားကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲတွင် လွန်ခဲ့သည့်နှစ်က ၃၂ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုနှစ်တွင်စုစုပေါင်း ၅၆ သင်း ပါ၀င်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

အလားတူ (၁၂ )လံ အရှည် လှေပြိုင် ပွဲတွင် ပထမဆုကို ဆရိုက်ချောင်းကျေးရွာမှ ရရှိသွားကြောင်း သိရှိရပြီး ပြိုင်လှေပြိုင် ပွဲ အနိုင်အရှုံးများကို အသေးစိတ် သိရှိနိုင်ရန် ပြိုင်လောင်းပွဲ ကော်မီတီ ဥက္ကဌ ဦးဗိုလ်ချေကို ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

Most read this week