နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၁၅၀ ခန် ့ ခွဲစိတ် ကုသရန် အိန္ဒိယနိုင်ငံ အရှေ ့မြောက်ဘက် မဏိပူရ ပြည်နယ် Imphal မြို ့တွင် အခြေစိုက် သည့် Shija Hospital and Research Institute (SHIJA) မှ ၁၂ ဦးပါ၀င်သည့် အဖွဲ ့ သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသို ့ မနေ ့က ထွက် ခွာခဲ့ကြသည်။
အမေရိကန်နိုင်ငံ Smile Train Inc နှင့် SHIJA တို ့ကပူးတွဲစီစဉ်သည့် အဖွဲ ့ကို မဏိပူရပြည်နယ် ဒုတိယ ၀န်ကြီးချုပ် G Gaikhangam နှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး K Govindas တို ့က ဦးဆောင် ပြီး ထွက်ခွဲခဲ့ကြကြောင်း ယမန်နေ ့ ထုတ် The Time of India သတင်းစာ တွင် ဖေါ်ပြထားသည်။
ယင်းခွဲစိတ်မှုကို စစ်ကိုင်းတိုင်း၊ မုံရွာမြို ့ ပြည် သူ ့ဆေးရုံတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မုံရွာ ဆေးရုံမှ ကျမ်းမာရေး ကြီးကြပ်ရေးမှူးက SHIJA အဖွဲ ့ထံ လူနာ ၁၅၀ ခန် ့ ခွဲစိတ်ကုသမှု ရယူရန် စောင့် ဆိုင်း နေပြီ ဖြစ်ကြောင်း အကြောင်းကြားထားပြီးဖြစ်သည်ဟု သိရသည်။
ခွဲစိတ်မှုကို ယနေ ့မှစတင်မည်ဖြစ်ပြီး လူနာအခြေအနေ အပေါ်မူတည်ပြီး ယင်းအဖွဲ ့၏ အချိန်ကို တရက် သို ့မဟုတ် နှစ်ရက် ထပ်တိုး၍ ကုသပေး မည်ဖြစ်ကြောင်း အဆိုပါသတင်းစာကဆိုသည်။
နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာများကို မြန်မာအစိုးရ၊ Smile Train Inc နှင့် SHIJA ဆေးရုံတို ့မှ ပူး ပေါင်းလုပ်ဆောင် မည်ဖြစ်သည်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲကုသမှု ဆေးရုံ အနည်းငယ်သာ ရှိသည့် မြန်မာ နိုင်ငံတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါသည် တစ်သိန်းခန် ့ရှိမည်ဟု ခန် ့မှန်း ထားကြ သည်။
ဤလုပ်ဆောင်ချက်ကြောင့် အထူးသဖြင့် မဏိပူရပြည်နယ် အစိုးရနှင့် မြန်မာအစိုးရအကြား ဆက်ဆံရေး ပိုမိုမြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
ကုသမှုအစီအစဉ်တွင် နေစရိတ် စားစရိတ်အခမဲ့ပြုလုပ်ပေးမည်ဖြစ်ကာ တည်းခိုမည့် နေရာမှ ခွဲစိတ်မည့်နေရာ အထိအခမဲ့ ပို့ဆောင်ပေး မည်ဖြစ်ပြီးး ခွဲစိတ်ပြီးသော လူနာများကို တည်းခို သည့်နေရာအထိ ပြန်လည်ပို့ဆောင် ပေးခြင်းများပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
လူနာ(၁)ဦးလျှင် အစောင့်(၁)ဦးစီ စီစဉ်ပေးမည်ဖြစ်ပြီး နေထိုင်တည်းခိုရေး စားသောက်ရေး တို့ကိုလည်း အခမဲ့ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။ လူနာများ တည်ခိုမည့်နေရာကို မုံရွာမြို ့ သုဓမ္မစာရီဗိမာန်တော်တွင် စီစဉ်ပေးထားမည်ဖြစ်ကြောင်း Monywa Time သတင်းစာကို ကိုးကားပြီး Myanmadaily အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
အိန္ဒိယနိုင်ငံတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၅၀၀၀၀၀ ဦး ခန် ့ရှိမည်ဟု ခန် ့မှန်းထားသည့် နိုင်ငံ တွင် နှစ်စဉ် ၃၅၀၀၀ ဦး ခန် ့ရောဂါရှင် ကလေးမွေးဖွားလျက်ရှိကြောင်း သိရသည်။ SHIJA ဆေးရုံ ကို ၂၀၀၈ ခုနှစ်မှစတင်တည် ထောင်ခြင်းဖြစ်သည်။