၂၀၁၅ ရွှေးကောက်ပွဲ မဝင်လိုကြောင်း KNPP ပါတီကွန်ကရက်က ဆုံးဖြတ်ချက်ချ

၂၀၁၅ ရွှေးကောက်ပွဲ မဝင်လိုကြောင်း KNPP ပါတီကွန်ကရက်က ဆုံးဖြတ်ချက်ချ
by -
ကန္တာရဝတီတိုင်း(မ်)

စစ်အစိုးရမှရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ဆန့်ကျင်ထားတာဖြစ်ပြီးလာမည့် ၂၀၁၅ ရွှေးကောက်ပွဲကို ကရင်နီအမျိုးသားတိုးတက်ရေး ပါတီအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကွန်ကရက်မှ အသစ်ရွေးချယ် တင်မြောက်ခြင်းခံရတဲ့ ဥက္ကဌက ပြောဆိုလိုက်တာပါ။

မေလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေ ညာမိုတပ်စခန်းမှာ ၁၂ ကြိမ်မြောက် KNPP ပါတီကွန်ကရက် ကျင်းပပြုလုပ်ပြီးနောက် ယခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ပါတီကွန်ကရက်မှ အသစ်ရွေးချယ် တင်မြောက်ခြင်းခံရတဲ့ ဥက္ကဌအေဘယ်ဒွိမှ ယခုလိုပြောပါတယ်။
 
"၂၀၁၅ ခုနှစ် လာမည့်ရွေးကောက်ပွဲ KNPP လည်းမပါဘူးဆိုတာက ကျနော်တို့ အခြေခံအကြောင်းအရာရှိလို့ မဝင်ဘူးဆိုတာ ကျနော်တို့ ဆုံးဖြတ်ချက်ချလိုက်တယ်" လို့ပြောပါတယ်။

ယခုကျင်းပပြုလုပ်တဲ့ကွန်ကရက်ကို ပါတီဝင်ကိုယ်စားလှယ် ၁၅၀ ဦးကိုဖိတ်ခေါ်၍ ပါတီဥက္ကဌ၊ ပါတီဗဟိုကော်မီတီဝင် ၁၆ ဦးနဲ့ အရံပါတီဗဟိုကော်မီတီဝင် ၁၂ ဦးကို ရွေးချယ်တင်မြောက်လိုက် ကြပါတယ်။

မြန်မာပြည်မှာ ငြိမ်းချမ်းရေးဖောင်ဆောင်နိုင်ဖို့ လက်ရှိ KNPP ဟာတခြားသော တိုင်းရင်းသား လက်နက်ကိုင်များနည်းတူ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီထားပြီးထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်များနဲ့ ပြည်တွင်းက ရွာပုန်းရွာရှောင် အိုင်ဒီပီတွေကို ပြည်တွင်းသို့ပြန်လှည် အခြေချနေထိုင်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ပါတီဥက္ကဌအေဘယ်ဒွိက ယခုလိုပြောပါတယ်။

"ကျနော်တို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည် တရားမဝင်တဲ့ နိုင်ငံရေးပါတီဖြစ်တယ်။ ဗမာအစိုးရအဆက်ဆက် မှာ  ကြေငှာချက်ထုတ်ပြန်ထားပြီးပြီ။ ကျနော်တို့ ဒီရွေးကောက်ပွဲထဲမှာ  ဝင်ရောက်ယှဉ်ပြိုင်ဖို့ မရဘူးဆိုတာ တရားဥပဒေအရက ကျနော်တို့ သဘောပေါက်တယ်၊ နားလည်တယ်။ ဒါ့အပြင် ဒီ ၂၀၁၅ ရွေးကောက်ပွဲလုပ်ဖို့ ဆိုတာကလည်း ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေကို အခြေခံပြီးတော့လုပ်တာ။ ၂၀၀၈ အခြေခံဥပဒေကိုလည်း ကျနော်တို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက လက်မခံဘူး။ ကျနော်တို့လည်း ပါဝင်ပတ်သက်မှုမရှိဘူး"

KNPP ပါတီသို့ ၂၀၀၆ ခုနှစ်ကစတင်ဝင်ရောက်ခဲ့တဲ့ ပါတီဝင် နော်ခူဖောက ပါတီအပေါ်ထားရှိတဲ့ သူ့အမြင်ကို ယခုလိုပြောပါတယ်။

ကရင်နီပြည်ကို မြန်မာနိုင်ငံစိတ်အပိုင်းတခုအဖြစ်သို့ သိမ်းသွင်းဖို့ ဖဆပလအစိုးရက လက်နက်အင်အား အသုံးပြုပြီး ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကရင်နီခေါင်းဆောင်များက ရရာလက်နက်ကိုဆွဲကိုုင်ပြီး ၁၉၄၈ ခုနှစ်မှာ ကျူးကျော်စစ်ကို ခုခံတိုက်ပွဲဝင်ခဲ့ကြပါတယ်။

အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ လက်နက်ကိုင် ခုခံတော်လှန်တိုက်ခိုက်တဲ့ လမ်းစဉ်နဲ့အတူ နိုင်ငံရေးနည်းလမ်းတွေနဲ့ ပါတိုက်ပွဲဝင်ဖို့လိုအပ်တဲ့အပေါ် ၁၉၅၇ ခုနှစ်မှာ KNPP နိုင်ငံရေးပါတီတရပ် ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်က ပါတီဝင်များနဲ့ နိုင်ငံခြားရောက်ပါတီဝင်များအပါအဝင် လက်ရှိ KNPP မှာ ပါတီဝင် ၁၀၁၉ ဦးရှိပါတယ်။

Most read this week