အစိုးရ၏ ဥပဒေပိုင်းနှင့် ပေါ်လစီအား မှန်ကန်အောင် လုပ်ဆောင်နိုင်က စိုက်ပျိုးရေးတွင် ကမ္ဘာ့ထိပ်သီးရောက်နိုင်

အစိုးရ၏ ဥပဒေပိုင်းနှင့် ပေါ်လစီအား မှန်ကန်အောင် လုပ်ဆောင်နိုင်က စိုက်ပျိုးရေးတွင် ကမ္ဘာ့ထိပ်သီးရောက်နိုင်
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍ၌ ဥပဒေနှင့် ပေါ်လစီပိုင်းအား မှန်ကန်အောင် လုပ်ဆောင်နိုင်ပါက ကမ္ဘာ့စိုက်ပျိုးရေး အခန်းကဏ္ဍတွင် မြန်မာနိုင်ငံ ထိပ်တန်းရောက်လာနိုင်ကြောင်း အမေရိကန် နိုင်ငံတကာ ဖွ့ံဖြိုးရေး အေဂျင်စီ (USAID) က ပြောသည်။

USAID မှ စိုက်ပျိူးရေး အရာရှိ မစ္စတာ ဂယ်ရီဂျန်းက “အဲလို ထိပ်သီးဖြစ်သွားမယ် ဆိုရင် လယ်သမားတွေကို အကျိူးကျေးဇူးဖြစ်စေမယ်” ဟု မှတ်ချက်ပြုသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ အစိုးရမှ ချမှတ်ထားသော လယ်သမားများနှင့် သက်ဆိုင်သည့် မူဝါဒသည် ကောင်းမွန် ပါက ယခုလက်ရှိ လယ်သမားများ ခံစားနေရသော အခက်အခဲများ ပြေလည်သွားနိုင်ကြောင်း မစ္စတာ ဂယ်ရီဂျန်းမှ ဆက်လက်ပြောသည်။

အဆိုပါ ကောင်းမွန်သော မူဝါဒနှင့် ဥပဒေများတွင် လယ်သမားများ ဘာလုပ်ရမည် ဆိုသည်ကို ကိုယ်တိုင်ရွေး ချယ်ရန် အချက်များ၊ လယ်သမားများ အောင်မြင်မှု လမ်းကြောင်း သွားနိုင်ရန် လမ်းကြောင်းမြှင့်တင်ပေးရန် အချက်များ၊ လယ်သမားများ ပညာရေးမြှင့်တင်ပေးရန် ၊ အခြေခံ စျေးကွက်အား မြှင့်တင်ပေးရန်နှင့်ထုတ်လုပ် မှု ပိုင်းတွင်လည်း ကူညီရန် တို့ ပါ၀င်ကြောင်း USAID က ဆိုသည်။

ထို့အပြင် လယ်ယာကဏ္ဍတွင် မူဝါဒပြောင်းခြင်း အားဖြင့် လွန်စွာဖွ့ံဖြိုးတိုးတက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင် ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က ပြောသည်။

ဒဲရစ်က “ လယ်ယာကဏ္ဍဟာ မူဝါဒကို ပြောင်းခြင်းအားဖြင့် အများကြီး ဖွ့ံဖြိုး တိုးတက်တယ်။ အမေရိကန်က စားနပ်ရိက္ခာ ဖူလုံဖို့ လေ့လာတာတွေ လုပ်တဲ့အခါ လယ်ယာက တကယ့်ကို လိုအပ်တယ်။ မှန်ကန်တဲ့ ကြီးထွားမှုကို ဖြစ်စေတယ်” ဟု ပြောသည်။

၁၉၆၁ ခုနှစ် တွင်  ကမ္ဘာနိုင်ငံများအတွင်းသို ့ ဆန်တင်ပိ့ုမှု အများဆုံး နိုင်ငံများတွင်   မြန်မာနိုင်ငံမှ နံပါတ်တစ် ၊ ထိုင်းနိုင်ငံမှ နံပါတ်နှစ် ဖြစ်ပြီး  အမေရိကန်နိုင်ငံမှ နံပါတ်သုံးတို ့ ဖြစ်ကြောင်း ယခု အခါ မြန်မာနိုင်ငံသည် အဆိုပါ စံချိန်များအောက်သို ့ များစွာ ကျဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

ယခု အခါ မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများသည် အကြွေး သိန်းဆယ်ဂဏန်း ခန် ့ တင်နေကာ စိုက်ပျိူးခြင်း အလုပ်အကိုင်အား ဆက်လက်လုပ်ကိုင်ရန် အခက်အခဲ များရှိကြောင်း ပြည်သူ ့ လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်းကပြောသည်။

ထိုကြောင် ့ လွှတ်တော်တွင် တောင်သူ အကျိူးစီးပွား ကာကွယ်ရန် ဥပဒေ တစ်ရပ်အား မှုကြမ်း ရေးဆွဲရန်ပြင် ဆင်နေကြောင်း ပြည်သူ ့ လွှတ်တော် ဥက္ကဌက ဆိုသည်။

ဦးသူရ ရွှေမန်းက “ကျွန်တော်တို့နိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေက တရားနည်းလမ်းကျသလား မကျဘူးလားဆိုတာ အားလုံးသုံးသပ်လို့ရပါတယ်။ တရားနည်းလမ်းကျတဲ့ ဥပဒေကိုပြဋ္ဌာန်းမှ သာလျှင် တရားဥပဒေစိုးမိုးရေးကို ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။ တရားနည်းလမ်းမကျတဲ့ ဥပဒေကိုပြဋ္ဌာန်းထားရင် တရားဥပဒေစိုးမိုးမှု မဖြစ်နိုင် ပါဘူး။” ဟု ပြောသည်။

ထိုပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကမူ “အကြွေး နဲ ့ ငွေချေးတဲ ့ ကိစ္စကို မလိုချင်ကြဘူး၊လမ်းပန်း ဆက်သွယ်ရေးလည်း မကောင်းဘူး၊လိုချင်တဲ့ စိုက်ပျိူးမှု မရရှိဘူး ၊ရိတ်သိမ်းတဲ ့ အခါ ကောင်းတဲ ့ စက်တွေလိုတယ်။လယ်သမားတွေပာာ အစိုးရကို အားမကိုး ချင်ကြဘူး ” ဟု ၎င်း လေ့လာဖူးသော လယ်သမားများ အခက်အခဲ များအားရှင်းပြသည်။

လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ ့တွင် ပြဌာန်းခဲ ့ ပြီးနောက် ယခု အချိန်ထိ လယ်သမားများ အခွင့်အရေးအား အကာ အကွယ် ပေးနိုင်မည့် ဥပဒေ မဖြစ်သေးကြောင်း လယ်သမားများ အခွင့်အရေး ကာကွယ်ရေး အသင်း မှ အတွင်းရေးမှူးဦးသိန်းအောင် က ပြောသည်။

Most read this week