CNF က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၅-၂၆) ရက်နေ ့များ၌ ချင်းပြည် နယ်၊ တောင် ပိုင်း ကန်ပက်လက် မြို့ ပြည်သူ များနှင့် ဇလပ်ဝါ ခန်းမတွင် လူထု တွေ ့ ဆုံဆွေးနွေး ပွဲပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါလူထုတွေ ့ဆုံပွဲတွင် ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ခန့်တက်ရောက်ကြောင်း၊ သဘာပတိ အဖြစ် ကန်ပက်လက်မြို ့ဒေသခံ ရပ်မိရပ်ဖမှ ဦးထန်းမနားနှင့် အခမ်းအနားမှူး အဖြစ် ဒေါ်နန်းချယ်ရီ တို့ကဆောင် ရွက်ပေးကြောင်း တွေ ့ဆုံပွဲတွင် ပါ၀င်သူ တစ်ဦးကဆို သည်။
သဘာပတိအဖြစ်ဆောင်ရွက်သူ ဦးထန်မနားက CNF နှင့်အဖွဲ့အား ကန်ပက်လက်မြို ့ မှလှိုက်လှဲ စွာကြိုဆိုကြောင်း၊ ကန်ပက်လက်မြို့ သည် ချင်းပြည်နယ်တွင် အဆင်းရဲဆုံးနှင့် တိုးတက် မှုအနိမ့်ဆုံးမြို့ ဖြစ်ကြောင်း၊ အင်တာနက်၊ သတင်းစာနှင့်ပြည်သူများကို ဗဟုသုတ နှင့်အကြား အမြင်ပေးနိုင်သည့် မီဒီယာများမရှိကြောင်း၊ ယခုကဲ့သို ့ ပြည်သူများနှင့်တွေ့ဆုံခြင်း များပြု လုပ်ပေးခြင်းဖြင့် ဒေသ ခံပြည်သူများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားပြီး CNF အနေဖြင့် ကန်ပက်လက်မြို ့ တိုုးတက်ဖွဲ ့ဖြိုးနိုင်ရေးအတွက် အတတ်နိုင် ဆုံး အကူအညီများ ပေးစေ လိုကြောင်း ပြောကြားသည်ဟုသိရသည်။
ချင်းပြည်နယ်် တောင်ပိုင်း မတူပီမြို ့ CNF ၏ လိုင်စင်ရုံး တာဝန်ခံ ပူးထန်ယဲန်းက မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီမြို ့၊ ရေဇွနှင့် ဆာမီးမြို ့နယ်ခွဲများတွင် ပြုလုပ်မည့် လူထု တွေ ့ဆုံပွဲ ကိုဦးဆောင်လျှက်ရှိသည်။
CNF အဖွဲ ့တွင် ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ပူးထန်လိန်းကီး၊ ပါတီ အတွင်းရေးမှူးချုပ် (၂) ပူးပေါလ်ဆီထာ နှင့် အဖွဲ ့များ ပါ၀င်ကြကြောင်း သိရသည်။
ချင်းပြည်နယ် တောင်ပိုင်းတွင် လူထုတွေ ့ဆုံပွဲ ပြုလုပ်သည့် CNF အဖွဲ ့သည် ကန်ပက်လက်မြို ့ မှ မင်းတပ်မြို ့၊ ထိုမှတဆင့် ၄င်းတို ့၏လိုင်စင်ရုံးစိုက်ရာ မတူပီဘက်သို ့ သွားရောက်ပြီး လူထုတွေ ့ ဆုံပွဲများ ဆက်လက်လုပ်သွားမည်ဖြစ်သည်။
မတူပီမှတဆင့် ဆာမီးမြို ့နယ်ခွဲ၊ ပလက်ဝမြို ့နှင့် ရေဇွာမြို ့နယ်ခွဲများတွင် လူထုတွေ ့ဆုံပွဲ လုပ်သွားမည်ဖြစ် ကြောင်း သိရသည်။