မန္တလေးမီးလောင် အိမ်ခြေ ၃၀၀ ကျော် ပြာကျ

မန္တလေးမီးလောင် အိမ်ခြေ ၃၀၀ ကျော် ပြာကျ
by -
သီတာထွန်း
မန္တလေးမြို့၊ မြရည်နန္ဒာမြို့သစ်တွင် ယမန်နေ့က မီးလောင်ကျွမ်းမှုကြောင့် တနာရီကျော်အတွင်း အိမ်ခြေ (၃၀၀) ကျော် ပြာကျသွားသည်။ မြရည်နန္ဒာမြို့သစ် "မင်းမင်းစိုး" ဆိုင်ကယ်ဝပ်ရှော့ဆိုင် အနီးရှိ ဓါတ်ဆီဆိုင်တွင် ဓါတ်ဆီပုံး အလဲအလှယ် လုပ်ရာမှ မီးစတင် ကူးစက်လောင်ကျွမ်း ...

မန္တလေးမြို့၊ မြရည်နန္ဒာမြို့သစ်တွင် ယမန်နေ့က မီးလောင်ကျွမ်းမှုကြောင့် တနာရီကျော်အတွင်း အိမ်ခြေ (၃၀၀) ကျော် ပြာကျသွားသည်။

မြရည်နန္ဒာမြို့သစ် "မင်းမင်းစိုး" ဆိုင်ကယ်ဝပ်ရှော့ဆိုင်အနီးရှိ ဓါတ်ဆီဆိုင်တွင် ဓါတ်ဆီပုံး အလဲအလှယ် လုပ် ရာမှ မီးစတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး တနာရီခန့်ကြာမှ မီးငြိမ်းသွား သည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

"မြရည်နန္ဒာရပ်ကွက်ပေါ့ ဗထက်ချိုင့် ဆယ့်လေး၊ ဆယ့်ခွန်၊ ဆယ့်ရှစ် သုံးရပ်ကွက် လောင်တာပါ၊ လောင်နေတဲ့အချိန်က ညနေ သုံးနာရီငါးမိနစ်မှာ စလောင်တယ်၊  လေးနာရီဆယ့်ငါးမှာ မီးငြိမ်း ပါတယ်"

လောင်ကျွမ်းချိန် တနာရီခန့်အတွင်း အိမ်ခြေ (၃၄၇) အိမ်ခန့် လောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၃၄၈) စုမှ မိသားစုဝင်ပေါင်း (၁၆၀၀) ကျော်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မြရည်နန္ဒာမြို့သစ်တွင် သာမန်လက်လုပ်လက်စားအများစု နေထိုင်ကြကာ အိမ်ခြေ အလွန်စိပ်သောကြောင့် ယခုကဲ့သို့ အချိန်တိုအတွင်း မြန်မြန် ဆန်ဆန် ကူးစက်လောင်ကျွမ်း ခြင်းဖြစ်သည်ဟု ယင်းမြို့ခံက ဆက်ပြောသည်။

ယမန်နှစ်ကလည်း မန္တလေးမြို့ရှိ ရတနာပုံစျေးကြီးမီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း (၁၄၀၀) ခန့် လောင် ကျွမ်းခဲ့ပြီး ကျပ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့သည်။

Most read this week