အာဆီယံဒေသတွင်းရှိ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ကျွမ်းကျင်သူများ အဖွဲ့က ကူးစက်နိုင်ခြင်း မရှိသည့် ရောဂါများကို စီမံထိန်းချုပ်နိုင်ရန် မှတ်တမ်းများ စတင်ပြုစုုတော့မည်ဟု အာဆီယံ NCD ( Non Communicable Disease) ၏ သတင်း ထုတ်ပြန်ချက်များ အရသိရသည်။
အာဆီယံ NCD ကွန်ယက်သည် ပထမဦးဆုံး လုပ်ဆောင်ချက် အနေဖြင့် အင်ဒိုနီးရှား၊ထိုင်း၊ မြန််မာ၊ဗီယက်နမ်၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများတွင် သွေးတိုးရောဂါ ကဲ့သို့သော ကူးစက်နိုင်ခြင်း မရှိသည့် ရောဂါများကို စီမံထိန်းချုပ်ရန် မှတ်တမ်းများ စတင်ပြုလုပ်နေပြီဖြစ်သည်။
အာဆီယံဒေသတွင်း မှတ်တမ်းများ ရေးသားပြုစု ရာတွင် ကျန်းမာရေး စောင့်ရှောက်မှု နှင့်ဆက်နွယ်သော အခြေခံ နေ့စဉ်လူသုံးကုန်ပစ္စည်းများ ထုုတ်လုပ်လျက်ရှိသော Royal Philips Electronics ကုမ္မဏီမှလည်း အကူအညီများပေးသွားမည်ဟု ကုမ္မဏီ၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အာဆီယံ NCD ကွန်ယက်သည်် ဧပြီလ (၇) ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကူးစက်နိုင်ခြင်း မရှိသည့် ရောဂါများထဲမှ သွေးတိုးရောဂါကို ယင်းအဖွဲ့က အဓိကထား မှတ်တမ်းပြုစုကာ ကာကွယ် စောင့်ရှာက်ရေးများ ဆောင်ရွက်မည်ဟု ဆိုသည်။
Philips ကျန်းမာရေးဝန်ဆောင်မှုမှ အာဆီယံဆိုင်ရာအထွေထွေမန်နေဂျာ ဗန်းဆင့်ချန်း က "ကူးစက်နိုင်ခြင်း မရှိတဲ့ရောဂါတွေကြောင့် အချိန်တိုတိုအတွင်းမှာ တိုးမြှင့်လာတဲ့ ပြဿနာတွေနဲ့က စိန်ခေါ်မှုတွေရဲ့ အခြေအနေမှန်ကို အရှေ့တောင်အာရှက သဘောပေါက်လာပါပြီ။ NCD ကွန်ယက်ကတော့ အာဆီယံဒေ သတွင်းက နိုင်ငံတွေကို ဒီရောဂါတွေနဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေ ကူညီရှာဖွေပေးဖို့ စတင်လိုက် တဲ့ ပထမခြေလှမ်းပါ" ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်း ကူးစက်နိင်ခြင်း မရှိသည့် ရောဂါများကြောင့် သေဆုံးရမှုမှာ သေဆုံးသူ အားလုံးတို့၏ ၄၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ကမ္ဘာတွင် ယင်းရောဂါများကို ၂၁ ရာစု၏ရောဂါများဟုလည်း ခေါ်ဆိုနေကြသည်။
ယင်းရောဂါများအနက် နှလုံးသွေးကြေဆိုင်ရာရောဂါသည် သေဆုံးမှုနှုန်း၏ ၂၁ ရာခိုင်နှုန်း ဖြင့် သေဆုံးမှု နှုန်းမှာ အမြင့်ဆုံးဖြစ်နေပြီး NCD ကွန်ယက်ကလည်း အဓိက ရောဂါလေးမျိုး ဖြစ်သည့် နှလုံးသွေးကြော ဆိုင်ရာရောဂါ များ ၊ ဆီးချို၊ ကင်ဆာနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါများကိုု အဓိကထား ရည်ရွယ်သည် ဟုလည်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ သွေးတိုးရောဂါကဲ့သို့ ကူးစက်နိုင်ခြင်း မရှိသည့် ရောဂါများ သည် ကမ္ဘာတွင် သေဆုံးမှု၏အကြီးမား ဆုံး အကြောင်းရင်း တစ်ရပ်ဖြစ်နေပြီး အရှေ့တောင်အာရှဒေသ တွင်လည်း အဆိုပါရောဂါများကြောင့့် နှစ်စဉ် ၂.၅ သန်း သေဆုံးလျက်ရှိပြီး အာဆီယံဒေသတွင်း သေဆုံးမှု အားလုံးတို့၏ ၆၀ ရာခိုင်နှုန်းမှာလည်း ကူးစက်နိုင်ခြင်း မရှိသည့် ရောဂါကြောင့်ဖြစ်သည်ဟု သိရသည်။