မြန်မာ့ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ချင်းဘာသာစကား(၂) ဘာသာ ဖြင့် ထုတ်လွှင့်မည်

မြန်မာ့ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ချင်းဘာသာစကား(၂) ဘာသာ ဖြင့် ထုတ်လွှင့်မည်
by -
ခိုနူမ်းထုန်

လာမည့် စက်တင်ဘာလတွင် စတင်လွှင့်ရန် စီစဉ်နေသည့် မြန်မ့ရေဒီယိုနှင့် ရုပ်မြင်သံကြားသစ်တစ်ခုဖြစ် သည့် ပြည်ထောင်စု ရုပ်သံလှိုင်းတွင် တိုင်းရင်းသား ဘာသာကြီး (၈)ခုအနက် ချင်းဘာ သာစကား (၂)ဘာသာဖြင့် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယခုမြန်မာ့ အသံမှ ထုတ်လွှင့််နေသည့် တိုင်းရင်းသားသာသာ စကား (၁၄)ခုကို နံနက် ၆းဝဝ နာရီ မှမွန်းလွဲ ၁၂းဝဝနာရီအထိ တစ်ကြိမ်၊ နေ ့လယ် ၂းဝဝ နာရီမှ ည ၁၀းဝဝ နာရီအထိ တစ်ကြိမ် ထုတ်လွှင့်ခြင်းကို အားဖြည့်သည့်အနေဖြင့် ပြည်ထောင်စု ရုပ်သံလှိုင်းအသစ်တစ်ခု ထပ်မံဆောင် ရွက်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ယနေ ့ထုတ်မြန်မာ့ အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။

ယင်းသတင်းစာက တိုင်းရင်းသား ဘာသာကြီးဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်းဘာသာ (၂) ဘာသာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် တိုင်းရင်းသားရေးရာတို ့ဖြစ်ကြောင်း၊ ချင်းဘာသာတွင် ဖလမ်း ဘာသာနှင့် မင်းတပ် ဘာသာစကားဖြင့် ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ယင်းတိုင်းရင်းသား ဘာသာစကားကို နံနက် ၆းဝဝ နာရီမှ ည ၁၁းဝဝ နာရီအထိ ထုတ်လွှင့် မည် ဖြစ်သည်ဟု သိရသည်။ သို ့သော် တိုင်းရင်းသား ဘာသာတခုက မည်သည့် အချိန်အတွင်း ထုတ် လွှင့်မည်ကိုမူ ဖေါ်ပြခြင်းမရှိပေ။

ပြည်ထောင်စု ရုပ်သံလှိုင်း ထုတ်လွှင့်ပြသနိုင်ရန် ၂၀၁၃ ခုနှစ် မတ်လ တွင် သက်ဆိုင်ရာ ပြည်နယ် အစိုးရများနှင့် ဆွေးနွေးပွဲ ကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ပြီးဖြစ်ကြောင်း အဆိုပါ သတင်းစာက ဆိုသည်။

ထိုအပြင် မြန်မာအစိုးရက ၂၀၁၂ခုနှစ် သြဂုတ်လမှ စာပေစီစစ်ရေးစနစ်ကို လုံးဝဖျက်သိမ်းပြီး ဂျာနယ်ထုတ် ဝေခွင့်ကို ပိုမိုခွင့်ပြုခဲ့ကြောင်း၊ ယခုအချိန်အထိ တိုင်းရင်းသားဘာသာဖြင့်  ထုတ်ဝေ လျက်ရှိသည့် မွန်ဘာသာဖြင့် ထုတ်ဝေသည့် စာစောင်နှစ်ခု၊ မွန်- မြန်မာဘာသာဖြင့် တစ်စောင်၊ ရှမ်း- မြန်မာ နှစ်ဘာသာဖြင့် တစ်စောင်နှင့် ပိုးကရင်-မြန်မာ၊ စကောကရင်-မြန်မာ၊ တီးတိန်း ချင်း- မြန်မာ များကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံး၏ အကျိုးကို ဖေါ်ဆောင်ပေးမည့် အများပြည်သူဝန်ဆောင် မှု မီဒီယာ ဥပဒေကြမ်းကိုလည်း မကြာမီ ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း အဆိုပါ သတင်းစာ ကရေးသား ထားသည်။

နိုင်ငံတကာ မြန်မာ့ သတင်းအဖွဲ ့(BNI) က နိုင်ငံတကာ စံချိန် စံညွှန်းနှင့် ပြည်စုံပြီး ဒီမိုကရေစီနည်း ကျသည့် မီဒီယာ ဉပဒေ တရပ် ပေါ်ထွန်းလာရေး၊ တိုင်းရင်းသား ဒေသများတွင် ဘက်စုံ မာလ်တီ မီဒီယာများ ပေါ်ထွန်းလာရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စ ဉ်တွင် တိုင်းရင်းသား မီဒီယာများ၏ အခန်း ကဏ္ဍ မြင့်မားလာစေရေးအတွက် ဉီးတည်ပြီး တိုင်းရင်းသား မီဒီယာ ညီလာခံ တပ်ရပ် ကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်နေပါသည်။

ယင်းမီဒီယာ အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ ့မှ ၂၇ ရက်နေ ့အထိ မွန်ပြည် နယ်၊ မောလမြိုင် မြို့၊ စထရင်း ဟိုတယ်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား သတင်းဌာနများပါ၀င်သည့် BNI အဖွဲ ့ က ကျင်းပပြုလုပ်မည်ဖြစ်သည်။

Most read this week