CNF က လူထုတွေ့ဆုံပွဲ ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ ပြုလုပ်

CNF က လူထုတွေ့ဆုံပွဲ ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ ပြုလုပ်
by -
ခိုနူမ်းထုန်

၂၀၁၂ ခုနှစ် ဇန္နဝါရီလ က ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် ချင်းအမျိုး သားတပ်ဦး ( စီအဲန်အက်ဖ်) က ယခုလ လလယ်ပိုင်းမှ စပြီး ချင်းပြည်သူများနှင့် တွေ့ ဆုံပွဲပြု လုပ်ရန်  ပြင်ဆင်နေပြီး ၄င်းအတွက် အလုပ်ရုံဆွေး နွေးပွဲပြု လုပ်ကြသည်ဟု သိရသည်။

လူထုနှင့် တွေ့ဆုံဆွေးနွေးရာတွင် ချပြမည့် နိုင်ငံရေး ဆိုင်ရာ၊ အမျိုးသားရေးဆိုင်ရာ ရပ်တည်ချက်၊ ခံယူချက်များနှင့် ပါတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကြ သည်။

“အလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်ပြုလုပ်မှာဖြစ်တယ်၊ လူထုတွေ့ဆုံပွဲအတွက် Training for Trainer ပေါ့၊ အဲဒါ ပြီးယင်သုံး ဖွဲ့ခွဲပြီး ပြုလုပ်ကြမှာပါ” ဟု သတင်းနှင့် ပြန်ကြား ရေး အတွင်းရေး မှူး ပူး ငိုင်းကြားထန်းက ခိုနုမ်းထုန်ကို ပြောသည်။

ဆက်လက်ပြီး ယခု လူထုတွေ့ဆုံပွဲက အစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် အရ ပြုလုပ်မှာ ဖြစ်ကြောင်း ဆက်ဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စီအဲန်အက်ဖ် လက်ရှိ ဥက္ကဌ ပူး လျန်အုပ်၊ ဥက္ကဌ ဟောင်း ဒေါက်တာ ဇလှေထန်း၊ အထွေ ထွေ အတွင်းရေးမှူးချုပ်ပူး ဇင်ကျုံးအပါအဝင်  စီအဲန်အက်ဖ် ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်အရာရှိများ၊ အမျိုးသမီးများ စုစုပေါင်း ၃၀ ခန့် ပါ၀င် တက်ရောက်ကြသည်။

အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျံုးက ပြည်သူ့တွေ့ဆုံပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့် ပြည်သူလူထု အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်တွင် တက်တက်ကြွကြွပါဝင်လာရေး၊ ယနေ့ ချင်းအမျိုးသား တပ်ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရတို့၏ တွေ့ဆုံဆွေးနွေးပွဲအား ချင်းပြည်သူနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရ တွေ့ဆုံဆွေးနွေး ပွဲသို့အသွင်ပြောင်းရေး၊ ယနေ့ပြည်ထောင်စုမြန် မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်း ကားရေးနှင့် တန်းတူညီမျှမှုရှိသောပြည်ထောင်စုတည်ဆောက်ရေးတို့ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ချင်းအမျိုးသားတပ်ဦး၏ ဥက္ကဌ ပူးလျန်အုပ်က အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားရာတွင်ဒီနေ့ အချိန်ကာလသည် အထူးအရေးကြီး သောကာလဖြစ်ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် အမျိုးသားရေး အတွက်လုပ်ဆောင် နေကြသောပုဂ္ဂိုလ် များဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအကျိုးစီးပွား ကိုဦးထိပ်ထား၍ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း ပြောဆိုသွားသည်။

ချင်းပြည်နယ် (၉)မြို့နယ်နှင့် မြို့နယ်ခွဲ (၃)ခုတွင် လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်၊ ကျေးလက်ဒေသများတွင် ပြုလုပ်မည့် အစီအစဉ်၊ ချင်းပြည်နယ်ပြင်ပဒေသနှင့် ပင်လယ် ရပ်ခြားရောက် ချင်းအမျိုးသားများအတွက် တွေ့ဆုံပွဲ ပြု လုပ်ရေးနှင့် ချင်းပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ ချင်းအမျိုးသားညီလာခံတရပ် ကျင်းပရေးတို့ကို တပါတည်း ဆွေးနွေးခဲ့ကြသည်။

Most read this week