မီးဘေးသင့်ကရင်နီ ဒုက္ခသည်စခန်းသို့ ထိုင်းစစ်ဆေးရေးဂိတ်တိုးချ

မီးဘေးသင့်ကရင်နီ ဒုက္ခသည်စခန်းသို့ ထိုင်းစစ်ဆေးရေးဂိတ်တိုးချ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီဒုက္ခသည် အမှတ် ၂ စခန်း မီးလောင်မှု ဖြစ်ပွားပြီးနောက် စခန်းအတွင်းကို လူသားချင်းစာနာသူတွေက နေ့စဉ် အဝင်အထွက်ပြုလုပ် လာခြင်းကြောင့် မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ် တာဝန်ရှိသူတွေက သွားလာခွင့် တင်းကြပ်လာတာဖြစ်တယ်လို့ စခန်းကော်မီတီ ဥက္ကဌ ဆရာမ ရှယ်လီသန်းက အခုလိုပြောသွားပါတယ်။

“လူဝင်လူထွက် စီစစ်လို့ရအောင် ဆိုပြီးမှ ဆွေမျိုးတွေကို လာလည်လို့ရအောင် တပတ်ကို ၁ ခါလောက် လာလည်ခွင့် ပေးတယ် ဗုဒ္ဓဟူးနေ့မှာ ကျန်တဲ့ NGOs တွေကတော့ ရက်တိုင်းလာလို့ရတယ်”

မီးဘေးသင့်ကရင်နီ ဒုက္ခသည်စခန်းသို့ ထိုင်းစစ်ဆေးရေးဂိတ်တိုးချ

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထိုင်းဒေသအာဏာပိုင်တွေနဲ့ အစည်းအဝေးထိုင်ချိန်မှာ ချမှတ်လိုက်တာဖြစ်ပြီး ဂိတ်တွေကို တိုးချလာတာဖြစ်တယ်လို့ ဆရာမ ရှယ်လီသန်းက ပြောပါတယ်။

“မဲ့စပင်မှာတဂိတ်၊ ရွာအဝင်မှာတဂိတ်၊ တာဟိုးထာကျေးရွာ လာတဲ့လမ်းမှာ အောဆော် (ထိုင်းပြည်သူ့စစ်) ဂိတ်ချထားတယ်လို့ ကြားရတယ်”

ယခုလက်ရှိ စခန်းအတွင်းမှာ နေရာအခက်အခဲကြောင့် စေတနာရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေကို ခွန်ယွန်းမှာထား ရှိပြီး လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်း ဇယားနဲ့ပေးပို့မှ ဒုက္ခသည်စခန်းဆီကိုပို့ဆောင် ပေးတယ်လို့လည်း ဆရာမရှယ်လီသန်းက ပြောသွားပါတယ်။

မတ်လ ၂၂ ရက်နေ့ က ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၂ ကို မီးလောင်ကျွမ်းလို့ လူပေါင်း ၃၇ ဦးသေဆုံးသွားခဲ့ ပါတယ်။

Most read this week