UNFC ဗဟိုသဘာပတိအဖွဲ ့ အစည်းအဝေး ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပခဲ့

UNFC ဗဟိုသဘာပတိအဖွဲ ့ အစည်းအဝေး ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပခဲ့
by -
ခိုနူမ်းထုန်

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အရေးပေါ် ဗဟိုသဘာ ပတိ အဖွဲ ့ နှင့် ဗဟိုအလုပ် အမှုဆောင်ကော်မီတီ အစည်းအဝေးကို ထိုင်း- မြန်မာနယ်စပ် တနေ ရာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

၂၀၁၃ခုနှစ်၊ မတ်လ (၂၇)မှ (၂၉) ရက်နေ ့ အထိကျင်းပပြုလုပ်ခဲ့သော အရေးပေါ် အစည်း အဝေး တွင် ပြည်ထောင်စု ငြမ်း ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ တို ့၏ တွေ ့ဆုံဆွေးနွေးရေး အခြေအနေ၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် UNFC ၏ အနာဂါတ် တွေ ့ ဆုံဆွေးနွေး ရေး အစီအစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း ချင်းအမျိုးသားတပ်ဦး CNF ၏ သတင်းထုတ်ပြန် ချက် တွင် ဖေါ်ပြထားသည်။

ယင်းအစည်းအဝေးက ပြည်ထောင်စုအစိုးရ၏ ငြမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းကော် မီတီနှင့် တွေ ့ဆုံဆွေးနွေး ရာတွင် အခြေခံရ မည် ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဝါဒ များ၊ ၂၀၀၈ခုနှစ် ဖွဲ ့စည်း ပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အခြေခံမူများကို ချမှတ်ခဲ့ကြောင်း သိရသည်။

ထို ့အပြင် ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် လက်နက်ကိုင် အင်အားစုများ အပါ အဝင် တိုင်းရင်းသား အင်အား စုများ အားလုံး ပါ၀င်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ကိုလည်းဆွေးနွေးခဲ့ကြ ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီနှင့် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ ဆွေးနွေး ရာတွင် နိုင်ငံ တကာ၏ ပါ၀င်မှုအခြေအနေများကို လည်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်တွင်းစစ်အဆုံးသတ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရေးအတွက်နှင့် ယင်းလုပ်ငန်း ကို နည်းမှန်လမ်းမှန်ဖြင့် မြန်မြန် ဆန်ဆန် ဖြစ်ပေါ်လာရေးအတွက်ဆွေးနွေးဆုံး ဖြတ်ခဲ့ကြကြောင်း CNF ၏ သတင်းထုတ် ပြန် ချက်တွင် ဖေါ်ပြထားသည်။

UNFC ကို ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလတွင် အမျိုးသားပြည်နယ်များကို အခြေခံသော ကချင် လွတ် မြောက်ရေးအဖွဲ ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ပအို ့စ် အမျိုးသား လွတ်မြောက်ရေးအဖွဲ ့ (PPLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ၀ အမျိုးသားအဖွဲ ့ချုပ် (WNO)နှင့် လားဟူ ဒီမို ကရက်တစ် အစည်းအရုံး (LDU) တို ့က မြန်မာနိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဖွဲ ့စည်းခဲ့သည့် တိုင်းရင်း သားလက်နက် ကိုင် အဖွဲ ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည်။

Most read this week