ဧပြီလ (၁) ရက်နေ့က ထုတ်ပြန်သော သတင်းတပုဒ်တွင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံ အစိုးရအား မိတ္ထီလာနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအား သက်ဆိုင်သူများမှ စေ့စေ့စပ်စပ် စုံစမ်းရန်နှင့် အပြစ်ပေးရန် ပြောဆိုလိုက်သည်။
“ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး တာဝန်များကို မြန်မာအစိုးရ အနေဖြင့် အသေးစိတ် လေ့လာ စုံစမ်းသင့် ပါကြောင်း၊ ၀န်းကျင်ဒေသ တစ်ခုလုံးလောင်ကျွမ်းခြင်း နှင့် ရက်စက်စွာ သတ်ဖြတ်မှု တို့ မှ ရပ်တန့်ရန် ရဲတပ်ဖွဲ့ကလုပ်ဆောင်ရန်အားနည်းခဲ့သည်” ဟု နယူးယောက် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ NGOမှ အာရှဆိုင်ရာ ညွှန်ကြားရေးမှှုး Brad Adams က ပြောကြားသည်။
၄င်းက “ရခိုင်ပြည်နယ် အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သောဘာသာရေးဆိုင်ရာ တိုက်ပွဲများရဲ့ ရလဒ်များ ကိုကြည့်ပြီး မြန်မာအစိုးရအနေဖြင့် သင်ခန်းစာယူသင့်ပါကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နင်းရန် ရဲအင်အား အလျှင်အမြန် ဖြည့်ဆည်းပြီး ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးသင့်ကြောင်း ” ပြောသည်။
တိုင်းပြည်အတွင်း အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်စေခဲ့သော ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ အမုန်းတရား ဟောပြော ခြင်း အဆုံးသတ်ရေးကို ကူညီရန် အတွက် ကဏ္ဍာပေါင်းစုံရှိ မြန်မာနိူင်ငံ လူမှုရေးအဖွဲ့များမှခေါင်းဆောင်များ အား Adamsက ပြောကြားလိုက်သည်။
ထိတ်လန့်ဖွယ် ဖြစ်သည့် ကြေမွပျက်ဆီးနေသော မြို့တွင်း မြင်ကွင်းများ ပါ၀င်သည့် ရုပ်ပုံများကိုဂြိုလ်တုစလောင်း များ မှ ပြသပြီးနောက်မှသာ လျှောက်လဲချက်များ ထွက်ပေါ်လာသည်။
မတ်လ (၂၀) ရက်က ဖြစ်ပွားခဲ့သော ရွှေဆိုင် အငြင်းပွားမှု နှင့် အကြမ်းဖက်မှုတိုက်ပွဲများတွင် လူဦးရေ (၁၂၀၀၀) တို့သည် ၄င်းတို၏ နေအိမ်များမှ ထွက်ပြေးလျှက်ရှိရာ အများစုမှာ အစ္စလာမ် များဖြစ်ပြီး၊ (၆၁) ဦး ဒဏ်ရာရကာ၊ ခန့်မှန်းခြေ အားဖြင့် လူ(၄၀)ဦး ခန့်အသတ်ခံခဲ့ရသည်။
ဆူပူမှု ဖြစ်ပွားပြီးနောက် Vijay Nambiar, UNသံတမန်ကပြောကြားရာတွင် “အကြမ်းဖက်မှုက အခြေအနေတစ်ခုတွင် ရက်စက်သော အနေအထား တစ်ခုတွင် လုပ်သွားသည်ဟု ထင်မြင်ကြောင်း”
ပြောကြားလိုက်သည်။
ဒီအရေးကိို ဖြေရှင်းရာတွင် အစိုးအနေဖြင့် တုံပြန်မှု ကြန့်ကြာနေခြင်း နှင့် အကြမ်းဖက်မှု ပိုမို မြင့်တက် မလာစေရန် ကာကွယ်ခြင်း တို့အတွက် ဝေဖန်ခံနေရသည်။
မတ်လ(၂၇)ရက် နေ့တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန် အနေဖြင့် ရုပ်မြင်သံကြား မှတဆင့် မိန့်ခွန်း ပြောရာတွင် မြန်မာနိူင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားလျှက်ရှိသော ဘာသာရေးအကြမ်းဖက်မှု နှင့်ပတ်သက်ပြီး ၀မ်းနည်းကြောင်း၊ နိုင်ငံသားများကို ကာကွယ်ရန်အတွက် လုံခြုံရေးတပ်များ ချထားပြီး အမိန့်ပေး ထားကြောင်း သွေးထိုး လှုံဆော်ပေးသူများ အားသတိပေး လိုက်သည်။
“အခြေခံအားဖြင့် ဒီပြဿနာများ ဖြေရှင်းရာတွင် အင်အားကိုသုံးခြင်းကို အားမပေးလိုပါ။ ဘယ်လိုပင်ဖြစ်နေနေ ပြည်သူများရဲဲ့အခြေခံ လူတန်းစားများ၏ အသက်အိုးအိမ်ကို ကာကွယ်ရာတွင် လိုအပ်လျှင် အင်အားကိုသုံးရန် ၀န်လေးမည်မဟုတ်ကြောင်း” သမ္မတကြီးမှ ပြောကြားသည်။
ဦးခင်မောင်ဆွေ (အမျိုးသား ဒီမိုကရေစီအင်အားစု ဥက္ကဌ)မှ သမ္မတ၏ မိန့်ခွန်းစကားကို ကြားပြီးနောက် ၄င်းမှ ”နိုင်ငံရေးကိုအမြတ်ထုတ် နေသူများ နှင့် ဘာသာရေး အစွန်းရောက် သမားများကို အရေးယူလို အပ်သည် ”ဟု မဇ္စျိမသို့ ပြောသည်။