သျှမ်း-ကယား ဆွေးနွေးပွဲမှ ယုံကြည်မှု ပိုမိုရရှိလာဟု SNLD ပြော

သျှမ်း-ကယား ဆွေးနွေးပွဲမှ ယုံကြည်မှု ပိုမိုရရှိလာဟု SNLD ပြော
by -
သျှမ်းသံတော်ဆင့်

လားရှိုးမြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှ တိုင်းရင်းသားများ အချင်းချင်းကြား၊ တိုင်းရင်းသားနှင့် အစိုးရကြား ပိုမိုခိုင်မြဲသော ယုံကြည်မှုရရှိလာကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ဝင် SNLD ပါတီပြော ခွင့်ရသူ စိုင်းလိတ်ကပြောသည်။

ယခုလ ၂၀ ရက်မှ ၂၂ ရက်အထိ လားရှိုးမြို့၌ကျင်းပသည့် ယင်းဆွေးနွေးပွဲ၏ အားနည်းချက် အားသာချက် များနှင့် ပတ်သက်၍ “အားနည်းချက်က ဖိတ်ကြားထားတဲ့အဖွဲ့အစည်းတိုင်းကိုတင်ပြဆွေးနွေးမယ့် အစီရင်ခံစာ ကြိုတင်ပို့ပေးဖို့ သတင်းပို့ထား ပေမယ့် ပြင်ဆင်လာကြတာမရှိတဲ့အတွက် တင်ပြမှုတွေကို ကော်မတီအနေနဲ့ စီစစ်မှုမလုပ် လိုက်ရဘူး။ နောက်ပြီး မျှော်မှန်း ထားသလောက် ပြည့်ပြည့်စုံစုံနဲ့ ကျေနပ်လောက်တဲ့ တင်ပြမှုမျိုးတွေ မရှိခဲ့ဘူး။ အားသာချက်ကတော့ ကျနော်တို့ သျှမ်းပြည်နဲ့ကယားပြည် နယ်ကြား၊ တိုင်းရင်းသားများအချင်းချင်း၊ တိုင်းရင်းသား နဲ့ အစိုးရ နီးစပ်မှု ယုံကြည်မှုတွေပိုရှိ လာတယ်” ဟု စိုင်းလိတ်ကပြောဆိုသည်။

alt ထို့အပြင် သျှမ်းပြည် တိုင်းရင်းသားများအနေဖြင့် မိမိတို့ ပဒေသရာဇ်ခေတ်ကတည်းက တွေ့ကြုံခံစားခဲ့ရမှု များအပေါ် သဘောထားနှင့် ယနေ့ခေတ် မိမိတို့ယုံကြည်ချက်များအပေါ် ထားသည့် သဘောထားများ ပြောင်းလဲလာခဲ့သည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ပြည်ထောင်စုကနေ ခွဲထွက်လိုမှုကြောင့် မဟုတ်ဘူး။ စစ်မှန်သော ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့၊ လူမျိုးကြီး ကနေ လူမျိုးငယ်လေးတွေအပေါ် အင်အားကြီးကနေ အင်အားငယ်တဲ့ အုပ်စုတွေအပေါ် နိုင်လိုမင်းထက် စိတ်ထားမျိုး၊ အပေါ်စီး စိတ်ထားမျိုး မရှိတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာဖြစ် ပါတယ်။ ဒီလိုပြည်ထောင်စု စစ်စစ်ဖြစ်ပေါ် လာဖို့ဆိုတာတိုင်းပြည်ကြီးအေး ချမ်းမှဖြစ်မယ်။ ပြည်တွင်းစစ်မီး မငြိမ်းရင် ငြိမ်းချမ်းရေးဆိုတာအပြောဘဲရှိမယ်။ လူထုရဲ့ ယုံကြည်မှုကို ရရှိမှာမဟုတ်ပါဘူး” ဟု ဆိုသည်။

၃ ရက်ကြာ ကျင်းပသော အဆိုပါဆွေးနွေးပွဲမှ - ‘စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့ ၊ ၂၀၀၈ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်ရေးဖို့၊ မြန်မာပြည် အလယ်ပိုင်းမှာဖြစ်နေတဲ့ ပြသနာဟာ ငြိမ်းချမ်းရေးလမ်းကို ပျက်ပြားစေတဲ့ အတွက်ကြောင့် Rule of law ကိုထိခိုက်စေတဲ့ အတွက် ကြောင့် ဒီကိစ္စ မဖြစ်အောင် တားဆီးဖို့ (လှုံ့ဆော် တဲ့လူတွေကို ရှုတ်ချဖို့) နောက်တခုက စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုဖြစ် ပေါ်လာရေးအတွက် ဒီဆွေးနွေးပွဲလုပ်သင့် တယ် ထင်လို့ ကြိုးစားလုပ်ဆောင်ရတယ်’ -  ဟုလည်း စိုင်းလိတ် ကပြောဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံတိုးမြင့် လုပ်ဆောင်ရန် အတွက် ပြီးခဲ့သည့်ဆွေးနွေးပွဲ ၂ ရပ် (ရန်ကုန် - သျှမ်းသီး သန့် ၊ လားရှိုး - သျှမ်း + ကယား) ကို ပြန်လည်ဆန်းစစ်ရဦးမည်ဟုလည်း စိုင်းလိတ်ကဆက်လက် ပြောဆိုသည်။

Most read this week