မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်သော ချင်းပြည်နယ်တွင် လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို (World Bank) ကမ္ဘာ့ဘဏ်က ယခုနှစ်မှ စတင်၍ အကောင်အထည် ဖော်တော့ မည်ဟု သိရသည်။
World Bank ရန်ကုန်ဌာနခွဲမှ ကိုယ်စားလှယ်များ နှင့် ချင်းပြည်နယ် အစိုးရ၊ ဒေသတွင်း NGO အဖွဲ့အစည်း များ၊ မြို့မိမြို့ဖများနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဟားခါးမြို့တော် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ၌ ချင်းပြည် နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့၌ ဖွံဖြိုးရေးလုပ်ငန်းများကို ယခုနှစ်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု World Bank ကိုယ်စားလှယ်များက ပြောကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက ပြောသည်။
“World Bank က ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်နယ် တိုင်း ၁၄ ခုနဲ့ နေပြည်တော်ကောင်စီ စုစုပေါင်း ၁၅ ခုမှာ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်တယ်၊ ခု ၂၀၁၃-၁၄ မှာ ပြည်နယ် နဲ့ တိုင်း ၃ ခုပေါ့နော် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ မှာ လူထုအခြေပြု ဖွံ့ဖြိုးရေးစီကိန်းတွေ စတင်အကောင်အထည်ဖော် ဆောင်ရွက် မှာဖြစ်ပါတယ်” ဟု ၀န်ကြီးကပြောသည်။
ပထမဆုံး အကောင်အထည်ဖော်မယ့် ပြည်နယ်များ အနေနဲ့ မိမိတို့ပြည်နယ်ထဲက မြို့နယ်တခုစီကို ရွေးချယ်ရမှာဖြစ်သလို ယင်းမြို့နယ် အတွင်းတည်ရှိသော ကျေးရွာအုပ်စု တစုစီကို တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၂၇,၀၀၀ စီ သုံးနှစ်ဆက်တိုက် ထောက်ပံ့ပေးသွားမည်ဟု ၀န်ကြီးဦးဗန်ထောင်း ကဆက်ပြောသည်။
“စီမံကိန်းမြို့နယ်ပေါ့နော် ချင်းပြည်နယ်မှာ တမြို့နယ်ပေါ့ အဲဒီတမြို့နယ်မှာရှိတဲ့ အုပ်စုအားလုံး ၊ အဲဒီမြို့ နယ်မှာ အုပ်စု ၅၀ ရှိတယ်ဆိုရင်လည်း ၅၀ စလုံးပေးမှာပါ၊ ပံ့ပိုးကူညီမယ့် အခြေခံအဆောက်အဦးကတော့ ကျေးလက် နေပြည်သူများက ရွေးချယ်ရမှာဖြစ်ပါတယ်၊ ကျေးလက် လမ်း၊ တံတား၊ ရေတားတံမန်၊ ရေပေးဝေရေး လုပ်ငန်း၊ ကျောင်း၊ ဆေးပေးခန်း၊ အသေးစား ကျေးလက်မီးလင်းရေး စတဲ့လုပ်ငန်းတွေ ပါ၀င်နိုင်တယ်လို့ သိရပါတယ်” ဟု ဦးဗန်ထောင်းကပြောသည်။
ချင်းပြည်နယ်အတွင်း ကန်ပက်လက်မြို့နယ်၌ စတင် အကောင်အထည် ဖော်ဆောင်ရွက်မယ်လို့ သိရပါတယ်။
ယင်းစီမံကိန်းများကို ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ၂၀၁၃ ခုနှစ်အတွင်း အကောင်ထည် ဖော်ဆောင်ရွက်ကြမည်ဖြစ်ပြီး၊ ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက် အကောင်ထည် ဖော်သွားမည်ဟုသိရသည်။
၁၉၈၇ ခုနှစ်ကစပြီး ၂၅ နှစ်ကြာ မြန်မာနိုင်ငံ နှင့် အဆက်အသွယ်ပြတ်ခဲ့သော ကမ္ဘာ့ဘဏ်သည် ယခုနှစ်ကစပြီး မြန်မာနိုင်ငံ အပေါ် ကူညီထောက်ပံ့မှုများ အသစ်တဖန် ပြန်လည် စတင်လာခြင်းဖြစ်သည်။