တိုင်းပြည်တဝှမ်း ငြိမ်းချမ်းကာ ကျမ်းမာပျော်ရွှင်သော နိုင်ငံ ဖြစ်ရန်အတွက် မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာ (ဧရာဝတီ မြစ်ဆုံဘေး)ရှိ မာရိယာ ကောင်းကင်ဘုံ သခင်မ ဘုရားကျောင်းဝင်းတွင် ၁၆ ကြိမ်မြောက် ပွဲတော်ကို တနင်္လာနေ့က ကျင်းပခဲ့ကြရာ ပရိသတ် ၂,၀၀၀ ကျော် တတ်ရောက်ခဲ့ကြသည်။
“ပွဲတော်ကျင်းပခွင့်ကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသလုံခြံုရေး တပ်ရင်းနှင့် ရဲစခန်းသို အကြောင်းကြားကာ အသင်းတော် ခေါင်းဆောင်များ၊ အစိုးရဝန်ထမ်း အချို ့နှင့် လူမူရေးအသင်းအဖွဲ့များ၏ ကူညီမူဖြင့် အစီအစဉ်များကို ချောမွေ့စွာ ကျင်းပနိုင်ခဲ့တယ်။ အရင်ကဆိုရင် ဌာနဆိုင်ရာ ၁၀ ခုသို ့ကြိုတင်ခွင့်ပြုချက် ယူရတယ်” ဟု ပွဲတော် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်ဂျာခေါန် က ပြောသည်။
ဤပွဲတော်ကို ၁၉၉ရ ခုနှစ် ကတည်းက နှစ်စဉ်ကျင်းပလာခဲ့ပြီး ကချင်ပြည်နယ်ရှိ ကတ်သလစ် အသင်းသူ အသင်းသား များသာမက ဘာသာအသီးသီး မှ ပါဝင်သော လုဒ်မယ်တော် သ္ခင်မ ထံ ဆုတောင်းသည့်ပွဲ ဖြစ်သည်။
“အရင်က လက်ခုတ်တီးတယ်ဆိုတာ ဆုရတဲ့ အခါ၊ ဆုပေးတဲ့ အခါမှသာ တီးလေ့ ရှိတယ်။ ဆုတောင်းပွဲ တွေမှာ တီးလေ့သိပ်မရှိဘူး။ ဒါပေမယ့် ဒီနေ့ဆုတောင်းပွဲဟာ လက်ခုပ်တွေ အကြိမ်ကြိမ် တီးခဲ့ကြပါတယ်” ဟု ပွဲတော်လာဒေသခံ ဇော်လွမ် က ပြောသည်။
အဘယ့်ကြောင့်ဆိုသော် ဆုတောင်းပွဲ အစီစဉ်တွင် ဖါသာနော်ဒင့် အမိန့်တော်ရှိရာတွင် “လျှပ်စစ်ဓါတ်အား ရရှိရန်ပြည်သားများ မထိခိုက်တဲ့ နေရာမှာတည် ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မြစ်ဆုံစီမံကိန်း ဆက်မလုပ်၍ တန်ဖရဲကျေးရွာသူ/သားများ မိမိ ဒေသတွင် ပြန်လာနေထိုင်ခွင့်ပြုမည် မျှော်လင့်ကြောင်း၊ သံယံဇာတများ တူးဖော်ခြင်းကြောင့် ပတ်ဝန်းကျင်လည်း ပျက်ဆီးကုန်၍ ရပ်ဆိုင်းပေးပါဟုလည်း တိုက်တွန်းလိုပါတယ်” စသဖြင့် မိန့်တော်ရှိသွားခဲ့သည်။
ထို့ပြင် ဖာသာ က “မကြာခင်ကဖြစ်ပွားခဲ့တဲ့စစ်ပွဲဟာ ပြင်းထန်းပြီး၊ ကြောက်လန့်စရာကောင်းပြီး ယခု နှစ်ဘက်
ဆွေးနွေးမှုကို ကြိုဆိုထောက်ခံပါကြောင်း၊ သို့သော် အပစ်အခတ်ရပ်ခြင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲရုံနှင့်
ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ နိုင်ငံရေးဆွေးနွေးမှု၊ တန်းတူအခွင် ့အရေးရရှိမှုရှိမှသာ မြန်မာနိုင်ငံဟာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိမည်ဖြစ်ကြောင်း” ဆက်လက်မိန့်ကြားသွားခဲ့၍ တက်ရောက်လာသော ပရိသတ်ကြီးက သြဘာပေး ကြခြင်းဖြစ်သည်ဟု ကိုဇော်လွန် က ပြောဆိုသွားသည်။
ကချင်ပြည်နယ် ကတ်သလစ် သာသနာကို တန်ဖရဲကျေးရွာ (မြစ်ဆုံ ဒေသ) တွင်သန္ဓေတည်ခဲ့ကြောင်း လည်း အ.မ.က(၂) အောင်မြင်သာ စံပြကျေးရွာ မိဘခန် ့ကျောင်းဆရာမ အာမိုင် က ပြောဆိုသည်။