မြန်မာစစ်အစိုးရ သာသနာရေးဝန်ကြီးမှ အဆင့်မြင့်အရာရှိများက ဓမ္မစေတီခေါင်းလောင်း တည်ရှိရာနေရာကို သိရှိလိုသည့်အတွက် မော်လမြိုင်မြို့ပေါ်က စီးပွားရေးသမားတစ်ဦးကို စေလွှတ်ပြီး ဝင်းစိန်တောရမွန်ဆရာတော်ကို သွားရောက်မေးမြန်းခိုင်းသည်။
အကယ်၍ သူတို့သိချင်သည့် ခေါင်းလောင်းတည်ရှိမည့်နေရာကို မွန်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရက ပြောပြပေးနိုင်လျှင် လက်ရှိဆရာတော် တည်ထား ကိုးကွယ်နေသည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးကို အပြီးသတ် ဆောက်လုပ်ပေးသွားမည်ဟု သာသနာရေးဝန်ကြီးဌာနက ဆိုသည်။
သို့သော်လည်း ဆရာတော်ဘုရားအနေဖြင့် ၄င်းတို့သိချင်သော အကြောင်းအရာနှင့် ပတ် သက်ပြီး တစ်စုံတစ်ရာ ပြောခြင်းမရှိခဲ့ပါ။ လျောင်းတော်မူဘုရားကြီးကိုလည်း ဆရာတော် ရဲ့အစွမ်းအစဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။
မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏အဆိုအရ ယခုကဲ့သို့ သာသနာရေးဝန်ကြီးမှ ၄င်းဓမ္မ စေတီခေါင်းလောင်းအကြောင်းမေးမြန်းရခြင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ချုပ် သူရစစ်မောင်နှင့် အခြားနိုင်ငံရေးခေါင်းဆောင်များ ရဟတ်ယာဉ်အက်စီးဒန်းဖြစ်ပွား ပြီးနောက် ဗိုလ်ချုပ်သူရစစ်မောင်၏ ရုပ်အလောင်းကို ရှာဖွေမတွေ့သည့်နောက်ပိုင်းတွင် ဝင်းစိန်တောရဆရာတော်မှ ၄င်းရုပ်အလောင်းတည်နေရာကို လမ်းညွန်းခဲ့သည်။
“အစိုးရတာဝန်ရှိသူတွေကနေ ကျောက်တလုံးဆရာတော်ကို ဓမ္မစေတီခေါင်းလောင်း အကြောင်း လာမေးတာဟာ မွန်အမျိုးသားနေ့အတွက် ပို့(စ်)တာ (ဆိုင်းဘုတ်) နဲ့ ဆက်စပ် နေလားတော့ မပြောတတ်ဘူး၊ ဒါပေမယ့် ကျနော်တို့အနေနဲ့ ပို့(စ်)တာအတွက် ဓမ္မစေတီ ခေါင်းလောင်းကိုပဲ ထည့်မယ်ဆိုတာ အားလုံးက သိနေပြီးသားပဲ။ တချို့နေရာမှာဆိုရင် ဆိုင်းဘုတ်တောင်တင်ထားပြီးပြီ” ဟု ၄င်းမွန်နိုင်ငံရေးသမားတစ်ဦးက ပြောပြသည်။
(၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် ပို့(စ်)တာ (ဆိုင်းဘုတ်) ကို ဓမ္မစေတီခေါင်း လောင်းဖြင့် ပုံဖော်ထားသည်။ ဓမ္မစေတီခေါင်းလောင်းရုပ်ပုံဖြင့် လက်ကမ်းစာစောင်နှင့် အင်္ကျီများထုတ်ရန်လည်း စီစဉ်ထားသည်။
ဝင်းစိန်တောရဆရာတော်နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ “ဆရာတော်ဘုရားကို လာရောက်မေးတာ ခဏခဏတွေ့ရတယ်၊ ဒါပေမယ့် တာဝန်ရှိသူတွေက သူတို့ကိုယ်တိုင် လာတာတော့ မဟုတ်ဘူး။ သူတို့က သူတို့လူတွေဖြစ်တဲ့ ဒီမော်လမြိုင်မြို့က စီိးပွားရေးသမား ဦးကျော်ဝင်းကို စေလွှတ်တယ်။ ဒါပေမယ့် လာမေးဖို့ခိုင်းတဲ့သူကိုတော့ မသိဘူး၊ သေချာတာတစ်ခုကတော့ အစိုးရဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တာတော့ သေချာတယ်’’ ဟု ပြောသည်။
ဓမ္မစေတီခေါင်းလောင်းသည် ရွှေတိဂုံစေတီသို့ လှူဒါန်းသည့်ခေါင်းလောင်းကြီးများအနက် ပထမဆုံးခေါင်းလောင်းဖြစ်ပြီး စောက် ၁၂ တောင်၊ ကြေးပိဿာချိန် တစ်သိန်းရှစ်သောင်း တန်ချိန်အရဆိုလျှင် (၂၉၀) တန်ရှိသည်ဟု နိုင်ခင်မောင်လေးရေးသားသည့် တိမ်မြုပ်ပျောက်ကွယ်နေသည့် မွန်တို့၏မြို့ပြနိုင်ငံများတွင် ဖော်ပြထားသည်။ ခေါင်းလောင်းမှာ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ်ပြီး မွန်ဘာသာအားဖြင့် ‘အပိန္နသော်’ ဟု ဘွဲ့အမည်ပေးထားသည်။
ခရစ်သက္ကရာဇ် ၁၆၀၈ တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တိုက ဓမ္မစေတီခေါင်းလောင်းကို အမြှောက်သွန်းလုပ်ရန် ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်စဉ် ဒေါပုံမြစ်အကူးတွင် ဖောင် နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြုပ်သွားသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်ဟု နိုင်ခင်မောင်လေးရေးသားသော တိမ်မြုပ်ပျောက်ကွယ်နေသည့် မွန်တို့၏မြို့ပြနိုင်ငံများစာအုပ်တွင် ဖော်ပြထားသည်။