ဦးတေဇ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်မည်ကို ကျောက်မျက်အသင်းသားများ မလိုလား

ဦးတေဇ ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်မည်ကို ကျောက်မျက်အသင်းသားများ မလိုလား
by -
မဇ္ဈိမ

ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် ဦးတေဇမှ ကျောက်မျက် အသင်းဥက္ကဌ နေရာမှ နှုတ်ထွက်စာ တင်သော်လည်း အသင်းသားများက မနှုတ်ထွက်စေချင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒုဥက္ကဌ ဦးစံမျိုးက ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး  တွင် ယနေ့ ကျင်းပပြုလုပ်သော ကျောက်မျက်ရတနာ အသင်း၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “ဥက္ကဌက ကိုယ်ကျိုးစီးပွား မကြည့်ပဲ အလုပ်လုပ်ပါတယ်။ ပြီးတော ့ သူက စိတ်ရောကိုယ်ပါ အလုပ်လုပ်တယ်။ အဲ့ဒါကြောင် ့ သူကို နှုတ်မထွက်စေချင်ဘူး”ပာု ပြောသည်။

ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတေဇသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ရက်နေ့တွင် နှုတ်ထွက်ရန် တင်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယင်းနှစ်ကြိမ်စလုံး ထွက်စာတင်မှုမှာ ကျန်းမာရေးနှင့့် ဘာသာရေးကိစ္စများ ဆောင်ရွက်ရန်သာဖြစ်ကြောင်း ဦးစံမျိုးက ပြောကြားသည်။

အသင်းဥက္ကဌအဖြစ်  ဦးတေဇ၏  တာဝန်ရှိသည့် သက်တမ်းမှာ ၂၀၁၄ ခုနှစ်အထိဖြစ်၍ ၎င်းဥက္ကဋ္ဌတာဝန်ယူချိန်မှ ယခုအချိန်ထိ ကျောက်မျက်ကဏ္ဍထွက်ကုန်များကို အနောက်နိုင်ငံများမှ စီးပွားရေးအရ ပိတ်ဆို့ ခံထားရကြောင်း သိရသည်။

အထက်ပါ ကိစ္စအား ယခင်လ  အတွင်းက အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ခရိုနီပာု သုံးနှုန်းကာ အဆိုတစ်ရပ်အား တင်သွင်းခဲ့ပြီးနောက် မကြာမီ ယခုလို နှုတ်ထွက်မည့်ကြောင်း သိရသည်။

ဦးတေဇ အသင်းမှ နှုတ်ထွက်ခြင်းသည် ယင်းအဆိုတင်သွင်းသည့် ကိစ္စနှင့် ပတ်သက်သလားပာု သတင်းထောက်များကမေးမြန်သော အခါ  “လွှတ်တော်ထဲက အဆိုနဲ့ ဥက္ကဋ္ဌ နှုတ်ထွက်တာ မဆိုင်ပါဘူး” ပာု ဦးစံမျိူးက ဆက်လက်ပြောကြားသည်။

ဦတေဇသည် ကျောက်မျက် အသင်း၌  ဥက္ကဌ အဖြစ် လုပ်ကိုင်နေသော်လည်း ၎င်း၏ ကျောက်မျက်လုပ်ကွက် များ သည်  အကွက် ၁၀၀ ခန် ့ပင် မရှိကြောင်း  အသင်း၏ အထွေထွေ အတွင်းရေးမှုး ဦးကျော်ဌေးက ပြောသည်။

“ဦးတေဇရဲ ့ ကျောက်မျက်လုပ်ကွက် ပိုင်ဆိုင်မှုပာာ ကျောက်မျက်လုပ်ငန်း အားလုံးရဲ ့ ရာခိုင်နှုန်းလို့  တောင် ပြောလို ့မရအောင် နည်းပါးပါတယ်” ပာု အထွေထွေအတွင်းရေးမှူး ဦးကျော်ဌေးက ဆိုသည်။

ကျောက်မျက် အသင်းဥက္ကဌ ဦးတေဇသည် အသင်း မှ နှုတ်ထွက် မည်ပာု  နှုတ်ထွက် စာတင်ထားသော်လည်း ယနေ ့ အချိန်ထိ အသင်းမှ တရားဝင် နှုတ်ထွက်ခဲ ့ခြင်း မပြုသေးကြောင်း  ၎င်း နှုတ်ထွက်သွားပါက လည်း အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆိ့ုမှုများမှာ ဖယ်ရှားနိုင် မဖယ်ရှားနိုင် ဆိုသည် ့ အချက်မှာ မရေရာကြောင်း အသင်း၏ ဒု ဥက္ကဌ ကဆိုသည်။