ဟင်းသီးဟင်းရွက် သားငါးများတွင် အဆိပ် ပါ၀င်နေသည်ဆိုသော သတင်း အစိုးရမှ တရားဝင် ရှင်းလင်းရန်လို

ဟင်းသီးဟင်းရွက် သားငါးများတွင် အဆိပ် ပါ၀င်နေသည်ဆိုသော သတင်း အစိုးရမှ တရားဝင် ရှင်းလင်းရန်လို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း နယ်ဘက်မှ ၀င်လာသည့် ဟင်းသီးဟင်းရွက်များ အပါအဝင် အမဲသား နှင့်ကြက်ဥများတွင် အဆိပ်များပါ၀င်နေသည် ဆိုသည့် သတင်းများ ပျံ့နှံ့နေသဖြင့် အစိုုးရမှ ထင်သာ မြင်သာရှိသော  တရားဝင် ရှင်းလင်းမူမျိုး ပြုလုပ်ရန် လိုအပ်နေကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

sittwe-vegetable-market

“ဟိုတစ်နေ့ကလည်း အမဲသားစားလို့ဆေးရုံးကို အဆိပ်မိပြီး လူနှစ်ယောက်ရောက်တယ်လို့ သတင်း ထွက်နေတယ်။ အဲဒါ အမဲသားစားလို့လား။ ဘာဖြစ်လို့လည်းဆိုတာတော့ အဖြေထုတ်လို့ မရသေးဘူးလို့ သိရတယ်။ ကြက်ဥ တွေမှာလည်း အဆိပ် ဆေးထိုးထားတယ်ဆိုတဲ့ သတင်း တွေလည်း ထွက်နေတယ်။ အဓိကတော့ အစိုးရပိုင်းက တိကျတဲ့သတင်းတွေ မထုတ် ပြန်နိုင်တဲ့ အတွက် သတင်းတွေက အမျိုးမျိုးဖြစ်နေတယ်။ အခြေအနေတွေက ပိုပြီး ဆိုးရွားလာနေ တယ်” ဟု ဦးအောင်မြကျော်က ပြောသည်။

လွန်ခဲ့သည့်ရက် အနည်းငယ်က ဘူးသီးတွင် အဆိပ်တွေ့ရသည်အတွက် သက်ဆိုင်ရာကို တင်ပြ ထားပြီး သက် ဆိုင်ရာမှ ရန်ကုန်သို့ ဓါတ်ခွဲ စစ်ဆေးရန် ပို့ဆောင်ထားသော်လည်း ယနေ့တိုင် တစ်စုံတရာထုတ်ပြန် မှုမရှိ သည့်အတွက် တာဝန်ရှိသူများကို မေးမြန်းရန် စီစဉ်နေကြောင်း သူက ဆက်ပြောသည်။

အလားတူ  အမဲသားစားရာမှ အဆိပ်မိသည်ဟုဆိုကာ ဆေးရုံတွင် ရူပမြောက် ရပ်ကွက်မှ ဦးထွီးမောင်သား ဦးထွန်းဝင်း ၄၂ နှစ်၊ မောင်တင်ထွန်းသား ခင်ဝင်းလှိုင် ၂၈ နှစ်နှင့် ဘောက်သီးစုရပ်ကွက်မှ ဦးမောင်စိန်ညွန့်သား အောင်ဆန်းအေး ၂၇ နှစ်တို့ ဆေးကုသမှုခံယူ နေကြောင်း သိရသည်။

သူတို့စားသည့် အမဲသားကို ရူပမြောက်ရပ်ကွက်တွင်နေထိုင်သည့် ကုလားပျက်ဆိုသူမှ ၀ယ်ပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ သို့သော်လည်း သူတို့ စားသော အမဲသားတွင် အဆိပ်ပါ မပါကို တရားဝင် ထုတ်ပြန် ပြုလုပ်မူ မရှိသေးကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင်လက်ကိုင်ဖုန်းကိုု နိရဥ္စရာမှ အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိခဲ့ပေ။

ယခုကဲ့သို့ ဟင်းသီးဟင်းရွက်နှင့် အသားများတွင် အဆိပ်များပါ၀င်နေသည်ဟု သတင်းများ စစ်တွေ မြို့တွင် ပျံ့နှံ့နေသည့်အတွက် မြို့ခံများမှာ ၀ယ်ယူစားသောက်ရန် စိုးရိမ်နေကြပြီး စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့မှလည်း မြို့တွင်းသို့ဝင်လာသည့် အသီးအရွက်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Most read this week