ချင်းပြည်နယ်တွင် ဆင်းရဲမွဲတေမှုလျှော့ချနေပြီ

ချင်းပြည်နယ်တွင် ဆင်းရဲမွဲတေမှုလျှော့ချနေပြီ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ၀န်ကြီးချုပ် ပူးဟုန်းငိုင်းနှင့် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီး များက ဇန္နဝါရီလ တတိယပတ် အတွင်း ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့များသို့သွားရောက်၍ ဒေသတွင်း ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်နယ် ၀န်ကြီးချုပ်က ထန်တလန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လယ်ထွန်စက် (၆) လုံးကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တရားဝင်လွှဲအပ်လိုက်ကြောင်း ဒေသခံတဦးက ပြောသည်။

သို့သော် “ဂျပန် JICA က ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေးအတွက် ကျပ်သန်းပေါင်း ၉၉၀၀ ထောက်ပ့ံခဲ့ တယ်လို့ကြားရပါတယ်၊ ဒါပေမဲ့ အခုပ့ံပိုးပစ္စည်းတွေက ဘယ်ဘတ်ဂျက် ခေါင်းစဉ်ထဲ ကလည်း ဆိုတာ အသေးစိပ်တော့ မသိရပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဇန္နဝါရီလ ၂၃ ရက်နေ့က ၀န်ကြီးချုပ် အပါအဝင် နယ်စပ်ဒေသရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ဘဏ္ဍာရေး ၀န်ကြီး နန်ဇမုန်၊ စိုက်ပျိုးရေးဝန်ကြီး ပူးဗန်ထောင်း၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိများ၊ ကျေးရွာအုပ်စု ဥက္ကဌတို့ ထန်တလန်မြို့၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် တွေ့ဆုံခဲ့စဉ်က လွှဲအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်း ဆွေးနွေးပွဲတွင် ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ပူးလာလ်မောင်းကျုံးနှင့် ပူးရိုဘင်တို့ကလည်း မြို့နယ်အတွက် လူမှုရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြကြောင်း သိရသည်။

ယင်းနောက် ၀န်ကြီးချုပ်နှင့် အဖွဲ့သည် ဖလမ်းသို့ ဆက်လက်ထွက်ခွါသွားကြပြီး လူငယ်ဖွံ့ ဖြိုးရေးကျောင်း၊ အိမ်တွင်းလက်မှုပညာ သင်ကျောင်း၊ ခရိုင်ပြည်သူ့ဆေးရုံနှင့် သူနာပြု သင်တန်းကျောင်း များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အလားတူ ဇန္နဝါရီလ ၂၅ ရက်နေ့ကလည်း ဟားခါးမြို့နယ်အတွင်း ChungCung, HniarLawn, Hakha Myothit, LokLung ကျေးရွာအတွက် လယ်ထွန်စက် (၄) လုံး အပါအဝင် အထွက် နှုန်းကောင်းသော စပါးနှင့် ပြောင်းဖူးမျိုးစေ့များကို ပြည်နယ် ၀န်ကြီးချုပ်မှ ဟားခါးမြို့ နယ်အုပ်ချုပ်ရေးမှူးထံ လွှဲအပ်လိုက်ကြောင်း သိရသည်။