ယခုနှစ်ကယားဒေး ပွဲတော်တွင် နာမည်ကျော် အဆိုတော်များ မငှားနိုင်

ယခုနှစ်ကယားဒေး ပွဲတော်တွင် နာမည်ကျော် အဆိုတော်များ မငှားနိုင်
by -
ဒေလီထက်
၂၀၀၉ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သော ၅၇ ကြိမ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတွင် မြန်မာအဆိုတော်များကို ငှားရမ်းနိုင်ခြင်းမရှိဟု ဒေသခံများက ဆိုပါသည်။ ဒေသခံ ကုန်သည်တစ်ဦးက " စီးပွားရေးသမားတွေနဲ့ အပစ်ခတ်ရပ်စဲရေး ယူထားတဲ့အဖွဲ့ ...

၂၀၀၉ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သော ၅၇ ကြိမ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတွင် မြန်မာအဆိုတော်များကို ငှားရမ်းနိုင်ခြင်းမရှိဟု ဒေသခံများက ဆိုပါသည်။

ဒေသခံ ကုန်သည်တစ်ဦးက " စီးပွားရေးသမားတွေနဲ့ အပစ်ခတ်ရပ်စဲရေး ယူထားတဲ့အဖွဲ့တွေက ဒီတစ်နှစ်မှာ အဆိုတော်တွေကို ငှားရမ်းဖို့ ကိစ္စတွေမှာ ပိုက်ဆံမဖြုန်းကြတော့ဘူးလေ" ဟု ပြောသွားပါသည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် မြန်မာပြည်မှာလည်း စီးပွားရေးကျဆင်းလာသည့်အတွက် အဓိကဖြစ်သည်ဟု သိရှိရပါသည်။ ထို့ကြောင့် ယခုနှစ်တွင် နာမည်ကျော် မြန်မာအဆိုတော်ဖြစ်သည့် ခိုင်ထူးတစ်ယောက်သာ လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။

"ဒီတစ်နှစ်မှာတော့ ရန်ကုန် စားသောက်ဆိုင်တွေမှာဆိုတဲ့ လူတွေ၊ ခိုင်းထူးတို့တော့ပါတယ်။ ဒါပေမယ့် နာမည်မရသေးတဲ့ တက်သစ်စတွေက ခပ်များများပေါ့" ဟု လွိုင်ကော်ဒေသခံ တစ်ဦးက ပြောသွားပါသည်။

ယခင်နှစ်တွင်မှာဆိုလျှင် စိုင်းစိုင်းခမ်းလှိုင်၊ ရာဇာနေဝင်း၊ အောင်ရင်၊ ဂျွန်ဇေယျနှင့် ဇော်ပိုင် အဆိုတော် ၂၀ ဦးခန့် လာရောက်ဖျော်ဖြေသွားခဲ့ပါသည်။ နာမည်ရအဆိုတော်များ ငှားရမ်းပါက ကျပ်ငွေ ၁၅ သိန်းခန့်ပေးဆောင်ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၁၀% ကျော်အထိ ရှိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်တွေ့မှာ လျော့နည်းစရာရှိသည်ဟု အာရှဖွ့ံဖြိုးရေးဘဏ် (ADB) အဖွဲ့အစည်းက ပြောဆိုထားပါသည်။ ယခုနောက်ဆုံး ADB ၏ ၂၀၀၈ ခုနှစ် စီးပွားရေးခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတွေ ရှိနေဦးမည်ဟု ဗွီအိုအေသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည်။