“လူထုဟာ အံ့သြစရာ ကောင်းလောက်တဲ့ သတ္တိတွေနဲ့ ပိုင်းဖြတ်ချက်တွေကို ဖော်ပြခဲ့ကြတယ်”

“လူထုဟာ အံ့သြစရာ ကောင်းလောက်တဲ့ သတ္တိတွေနဲ့ ပိုင်းဖြတ်ချက်တွေကို ဖော်ပြခဲ့ကြတယ်”
by -
မဇ္စျိမ

နှစ်တနှစ်သည် ခေတ်တခေတ်၏ အစိတ်အပိုင်းလေး တခုမျှသာ ဖြစ်သော်လည်း အရေးကြီးသော အဖြစ်အပျက်များသည် နှစ်တနှစ်တွင် များမြောင်လှတတ်သည်။

(၂၀၁၂ နိုင်ငံရေး နိဂုံးချုပ်ချက်) ရဲဘော်ဖိုးသံချောင်း နှင့် အင်တာဗျူး

နှစ်တနှစ်သည် ခေတ်တခေတ်၏ အစိတ်အပိုင်းလေး တခုမျှသာ ဖြစ်သော်လည်း အရေးကြီးသော အဖြစ်အပျက်များသည် နှစ်တနှစ်တွင် များမြောင်လှတတ်သည်။

tanchung

၂၀၁၂ ခုနှစ်၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ၂၀၀၈ အခြေခံဥပဒေအရ အာဏာရလာခဲ့သည့် တနှစ်ပြည့် အစိုးရ၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားတက ်ကြွလှုပ်ရှားသူ အင်အားစုများ၏ အခြေအနေနှင့် ပြည်သူလူထု၏နိုင်ငံရေး ရေချိန်တို့ကို သိရှိနိုင်ရန်အတွက် မြန်မာ့နိုင်ငံရေးတွင် ဝါအရင့်ဆုံး နိုင်ငံရေးပါတီကြီးတခုလည်းဖြစ်၊ သဘောတရားရေးရာအရ စိုက်ထူထားသည့် ပါတီတခုလည်းဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း အား မဇ္စျိမက ဆက်သွယ်မေးမြန်းထားသည်။

ဤအင်တာဗျူးမှာ နိုင်ငံရေးပိုင်းကိုသာ အဓိကထား မေးမြန်းခဲ့ခြင်းဖြစ်ပြီး ရဲဘော်ဖိုးသံချောင်း က ၂၀၁၂ ခုနှစ်
အတွင်း ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကျေနပ်အားရဖွယ်အဖြစ် ရှုမြင်ထားသည်။

၂၀၁၂ အတွင်း နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုဟာ ကျေနပ်အားရစရာ ရှိခဲ့ပါသလား။

ဖြေ။   ။ ၂၀၁၂ခုနှစ်ဟာ ဗမာပြည်နိုင်ငံရေးမှာ အဖြစ်အပျက်တွေ အင်မတန်မှ စုံလင်ဝေဆာတဲ့ နှစ်တနှစ်လို့ ဆိုနိုင်ပါတယ်။ စုံလင်တယ် ဆိုတဲ့အတိုင်း ပြည်သူတွေအတွက် အားရစရာလည်းပါ၊ စိတ်ပျက်စရာလည်းပါ ဖြစ်ပါတယ်။

တချို့က အရောင်ပြောင်း၊ တချို့က အသံပြောင်း ဖြစ်ကုန်ကြပါတယ်။ အတိုက်အခံ အင်အားစုဆိုတာ မှန်ဘီလူးနဲ့ ရှာကြည့်ရသလို ဖြစ်လာပါတယ်။

အတိုက်အခံ အင်အားစုတွေ လှုပ်ပိုင်ခွင့် ဘယ်လောက်ရှိခဲ့ပါသလဲ။

ဖြေ။   ။ ၂၀၁၂ ခုနှစ်ဟာ ဗမာပြည်နိုင်ငံရေးထဲကို ပြည်တွင်းပြည်ပက ငွေတွေ သဏ္ဌာန်အမျိုးမျိုးနဲ့ ဒလဟော စီးဆင်းဝင်တဲ့ နှစ်လည်း ဖြစ်ပါတယ်။ အဲဒီစီးဆင်းတဲ့ “ငွေစီးချောင်းကြီး”ထဲမှာ တချို့က အရောင်ပြောင်း၊ တချို့က အသံပြောင်း ဖြစ်ကုန်ကြပါတယ်။ အတိုက်အခံအင်အားစုဆိုတာ မှန်ဘီလူးနဲ့ ရှာကြည့်ရသလို ဖြစ်လာပါတယ်။ တချိိန်က အတိုက်အခံတွေ လမ်းဆုံ လမ်းထောင့်တွေမှာ တရားဟောတယ်ဆိုရင် အနီးအနားအိမ်တွေက ကွပ်ပျစ်လေး တလုံးငှား၊ အောက်လင်း ဓာတ်မီးလေး ထွန်းပြီး ဟောရတာကို မှတ်မိနေပါတယ်။ အခုတော့ ဟော်တယ်တက် ကျင်းပကြတဲ့အဆင့် ရောက်လာခဲ့ပါတယ်။ ဒါက တဖက်ပါ။

တဆက်ထဲ ပြောဖို့လိုတာကတော့ ဗမာပြည်နိုင်ငံရေးထဲကို ပြည်ပက ငွေတွေ စီးဝင်လာသလို ပြည်ပက လှုပ်ရှားမှုတွေလည်း ဝင်လာတယ် ဆိုတာပါပဲ။ ဒါဟာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ မကြာခင်မှာ ပြည်ပက ချယ်လှယ်တယ်ဆိုတဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။ နောက် ပြောဖို့လိုတာက စစ်အစိုးရ အဆက်ဆက်ရဲ့ တိုင်းပြည်ကို အထီးကျန်ဖြစ်နေစေတဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေထဲမှာ နိုင်ငံခြားကို၊ အထူးသဖြင့် အနောက်တိုင်းကို အရမ်းအထင်ကြီးတဲ့ စိတ်ဓာတ်တွေ ပေါ်လာတာပါပဲ။ လူတွေမှာ ခွဲခြမ်းစိပ်ဖြာ စဉ်းစားတတ်တဲ့စိတ် ထွန်းကားမှ တကယ်တမ်း တိုးတက်မှာပါ။

ကျေနပ်အားရစရာတွေ အနေနဲ့ရော ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။   ။ မပြောမဖြစ် ပြောရမယ့် တချက်ကတော့ ပြည်သူလူထုဟာ အံ့သြစရာ ကောင်းလောက်တဲ့ သတ္တိတွေနဲ့ ပိုင်းဖြတ်ချက်တွေကို ဖော်ပြခဲ့ကြတယ်ဆိုတာပါပဲ။ သူတို့ဟာ “အပြောင်းအလဲ”၊ “ပျော့ပြောင်းသူနဲ့ တင်းမာသူ” စတဲ့ စကားတွေရဲ့နောက်ကို မျက်စိလည် မလိုက်ပါကြပါဘူး။ သူတို့ဟာ “စေ့စပ်ပေးသူတွေ”၊ “လာရောက်နားလည်သူတွေ” အမျိုးမျိုးနဲ့ စကားပြောဆိုရင်းပဲ တဘက်မှာ ဆန္ဒတွေပြကြ၊ သပိတ်တွေ မှောက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒီအင်အားစု အသစ်တွေဟာ တချိန်က “အတိုက်အခံ”တချို့ကို အစားထိုးလာမယ့် အလားအလာ တွေ့နေရပါတယ်။

သူရဲကောင်းတို့၊ လူထုခေါင်းဆောင်တို့ ဆိုတာတွေဟာ တိုက်ပွဲတွေထဲကနေ ပေါ်ထွက်၊ တိုက်ပွဲတွေထဲမှာ စမ်းသပ်ခံ၊ ထပ်ပြီး အတည်ပြုခံဆိုတဲ့ တိုက်ပွဲဝင်သူတွေရဲ့ သံသရာကို လက်ပံတောင်းတောင်နဲ့ မိုးထိမိုးမိအပါ အခုပေါ်ပေါက်နေတဲ့ လူထုလှုပ်ရှားမှုမျိုးစုံက သက်သေပြနေပါတယ်။

အဲဒီ တချိန်က “အတိုက်အခံ” တွေဟာ အစိုးရရဲ့ ဖိနှိပ်မှုကို မခံရတော့တဲ့အခါမှာ အတိုက်အခံဘဝကနေ ပြောင်းသွားတော့ ကျန် အဖိနှိပ်ခံတွေက အတိုက်အခံ ဆက်လုပ်ကြတာဟာ ဘာမှမဆန်းပါဘူး။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီဟာ ငရဲဗုံး ဒီမိုကရေစီသာ ဖြစ်တဲ့အကြောင်း သံဃာတော် တွေက အနစ်နာခံပြီး ဖွင့်ချပြခဲ့ကြပါတယ်။ သူရဲကောင်းတို့၊ လူထုခေါင်းဆောင်တို့ ဆိုတာတွေဟာတိုက်ပွဲတွေ ထဲကနေ ပေါ်ထွက်၊ တိုက်ပွဲတွေထဲမှာ စမ်းသပ်ခံ၊ ထပ်ပြီး အတည်ပြုခံဆိုတဲ့ တိုက်ပွဲဝင်သူတွေရဲ့ သံသရာကို လက်ပံတောင်းတောင်နဲ့ မိုးထိမိုးမိအပါ အခုပေါ်ပေါက်နေတဲ့ လူထုလှုပ်ရှားမှုမျိုးစုံက သက်သေပြနေပါတယ်။ ကျနော်တို့ ပြောလေ့ရှိတဲ့ “သမိုင်းကို လူထုက ဖန်တီးတယ်”ဆိုတာကို ဒီတကွေ့မှာလည်း ထပ်တွေ့ရပြန်ပါ တယ်။

ခရိုနီ ဆိုတာတွေကလည်း ထင်ထင်ရှားရှား ဇာတ်ကောင်တခု မဟုတ်လား။

ဖြေ။   ။ ဟုတ်ကဲ့၊ ဒီကာလအတွင်းမှာပဲ ဗမာပြည်နိုင်ငံရေး၊ စီးပွားရေးလောကမှာ ဗီလိန် (လူဆိုး)တဦး အထင်အရှား ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ ခရိုနီ ဆိုတာပါပဲ။ သည့်အရင်က ဗမာပြည် သာမန်ပြည်သူ
တွေအကြားမှာ ခရိုနီ ဆိုတာကို သိတဲ့လူ အင်မတန် နည်းပါတယ်။ အခုတော့ မြစ်ဆုံကိစ္စကနေ စပြီး ဦးပိုင်ကုမ္ပဏီ နဲ့တကွ ကျန်ခရိုနီတွေရဲ့ အခန်းကို လူထုက သတိပြုမိလာ၊ သဘောပေါက်လာကြပါတယ်။ လူထုက သဘောပေါက်လာပေမယ့် တချို့နိုင်ငံရေးသမားတွေ ကတော့ ခရိုနီတွေက ဝယ်တာကို မြိန့်မြိန့်ကြီး ခံယူနေကြပါတယ်။ ဝမ်းနည်းစရာပါ။ ဗမာပြည်မှာလောက် ပြောင်ပြောင် တင်းတင်း “လက်ဆောင်”ပေး၊ “လက်ဆောင်”လက်ခံတဲ့ ခရိုနီနဲ့နိုင်ငံရေးသမားတွေ ကမ္ဘာမှာ မများလှဘူးလို့ပဲ ထင်ပါတယ်။

လက်ပံတောင်းတောင် အရေးအခင်းကိုရော ဘယ်လိုအဓိပ္ပါယ်ဖွင့်နိုင်မလဲ။

ဖြေ။   ။ဒီနေ့ လက်ပံတောင်း တိုက်ပွဲရဲ့အခက်အခဲဟာ ခေါင်ကို ဆုပ်ထားမိသလို ဖြစ်နေလို့ပါပဲ။ ဦးပိုင်ဟာ သူခိုးအလိမ္မာ မျက်နှာကြီးဆိုတာ လူတိုင်းသိပါတယ်။ တခြားကုမ္ပဏီနဲ့ ရင်ဆိုင်ရတာ ဆိုရင်တော့ ကြံ့ဖွံံ့အစိုးရဟာ သူတို့ နာမည်ကောင်း ရရေးအတွက် ထိုးကျွေးချင် ကျွေးလိုက်မှာပါ။ ဒါပေမယ့် ဦးပိုင်ကိုတော့ လူတွေ အရိုသေတန်အောင် လုပ်မှာ မဟုတ်ပါဘူး။ သံဃာတော်တွေ ကိုတောင် ကျောင်းမှန်းကန်မှန်း သိအောင် ပြခဲ့တာကိုပဲ ကြည့်ပါ။ ဘာပဲပြောပြော ဗမာပြည် နိုင်ငံရေးမှာ စစ်အုပ်စု-စစ်အစိုးရ-ဦးပိုင်ကုမ္ပဏီ-တခြားခရိုနီတွေ ဆိုတဲ့ ဆက်စပ်မှုကြီး ပွင့်ကျသွားတာဟာ သိပ်ကောင်းတဲ့ကိစ္စပါ။ ဒီလို ပြည်သူတွေက တိုက်ပွဲဝင် ဖွင့်ချခဲ့တဲ့အတွက် အခုဆိုရင် စစ်အုပ်စု ထိပ်သီးတွေဟာ ဦးပိုင်ကို လူမြင်ကောင်းအောင် ထုံးဖြူပြန်သုတ်ဖို့၊ ဒါမှမဟုတ် တခြားနာမည်နဲ့ ကုမ္ပဏီတခု ထပ်ထောင်ဖို့ စဉ်းစားပြင်ဆင်နေသလိုလို သတင်းတွေ ထွက်နေပါတယ်။

မြစ်ဆုံကိစ္စကနေ စပြီး ဦးပိုင်ကုမ္ပဏီနဲ့တကွ ကျန်ခရိုနီတွေရဲ့ အခန်းကို လူထုက သတိပြုမိလာ၊ သဘောပေါက်လာကြပါတယ်။ လူထုက သဘောပေါက်လာပေမယ့် တချို့နိုင်ငံရေးသမားတွေ ကတော့ ခရိုနီတွေက ဝယ်တာကို မြိန့်မြိန့်ကြီး ခံယူနေကြပါတယ်။ ဝမ်းနည်းစရာပါ။

အန်အယ်ဒီဟာ အာဏာအဝန်းအဝိုင်းထဲ ရောက်သွားပြီလို့ ဆိုနိုင်မလားဗျာ။ ခေတ်ပြိုင်ပါတီတခုမို့
ဖြေနိုင်သလောက် ဖြေပေးပါ။

ဖြေ။   ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖို့ ပြောရရင်လည်း အခုအခါမှာ အညှာတာမဲ့တဲ့ စမ်းသပ်မှုကြီး တွေကို ဖြတ်သန်းနေရတယ်လို့ မြင်ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှု၊ ပြောမှုဆိုမှုတွေကို ကျနော်တို့ အလေးထား ကြည့်ရှု နားထောင်ပါတယ်။ ဒီချုပ်ဟာ သူတို့ကံကြမ္မာကို စစ်အစိုးရရဲ့ ကံကြမ္မာနဲ့ ခွဲခြားထားနိုင်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ သူတို့အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ရင်ဆိုင်ဖို့အတွက် သူတို့ပါတီကို ကြံ့ခိုင်သိပ်သည်းတဲ့ ပါတီတရပ် ဖြစ်အောင် တည်ဆောက်ထားဖို့ လိုပါတယ်။

ပြည်သူတွေရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီအရေးဟာ ဘယ်လိုစခန်းသွားကြရဦးမလဲ။

ဖြေ။   ။ လက်တွေ့ နိုင်ငံရေးကို လုပ်လာကြတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်တို့ရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အတားအဆီးတခု ဖြစ်တယ်ဆိုတာ မကြာခဏ တွေ့လာရပါတယ်။ ဒီဟာကြီးကိုမဖျက်သိမ်း ဘဲ (ပြုပြင်ဖို့ဆိုတာ မဖြစ်နိုင်လို့ ပြောတာပါ) ထားရင် မကြာမီမှာ ဒုက္ခလှလှ တွေ့လာရစရာတွေ ရှိပါတယ်။ ဒါကြောင့် လာမယ့်ကာလမှာလည်း နိုင်ငံရေး အင်အားစုတွေအဖို့ ဒီအခြေခံဥပဒေ ဖျက်သိမ်းရေးဟာလုပ်ငန်း စဉ်တခု၊ တောင်းဆိုချက်တရပ် ဖြစ်မြဲ ဖြစ်နေပါလိမ့်မယ်။