Open Society Institue (OSI) ဘီလျံနာသူဋ္ဌေး ဂျော့ဆိုရော့စ်နှင့် ၈၈ မျိူးဆက် ကျောင်းသားများဖြစ်ကြသော ကိုမင်းဇေယျာ၊ ကိုဋ္ဌေးကြွယ်၊ ကိုပြံုးချိုနှင့် ကိုမြအေးတို့ ယနေ့နံနက် ၁၁ နာရီက ချယ်ထရီယံ ဟိုတယ်တွင် တနာရီကျော်ကြာတွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှု ပိုမိုရှိရန်၊ ပညာရှင်များ၏ ပံ့ပိုး
ကူညီမှုများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စရပ်များပိုမို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်ဟု သွားရောက် တွေ့ဆုံခဲ့သော ၈၈ မျိိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုပြံုးချိုက ပြောသည်။
"သူ့ဘက်က ဘာတွေပေးနိုင်မလဲ ဘာတွေလိုအပ်တယ်ဆိုတာထက် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြံုတဲ့ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ချက်ကို ပိုစိတ်ဝင်စားတယ်။ အဲဒါတွေကိုပဲ ပိုအဓိကထားဆွေးနွေးဖြစ်တယ်" ဟု ကိုပြုံးချိုက ပြောသည်။
မြန်မာနိုင်ငံကို ရောက်ရှိသူ ဘီလျံနာ သူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်သည် Open Society Institue (OSI) ကို လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်က တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ခုနှစ်ဆယ်ကျော်၏ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများကို ကူညီပေးနေသူဖြစ်သလို Soros Fund Management LLC ၏ ဥက္ကဌအဖြစ် တာဝန်ယူထားသည်။