၂၀၁၂ ဒီဇင်ဘာ ၂၉ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ် ကီမိုခန်းမတွင် ကုသိုလ်ဖြစ်နာ ရေးကူညီမှု အသင်းကို ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ နာရေးကူညီမှုအသင်းသည် မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းကိုမျှ ကိုယ်စားပြုခြင်း မဟုတ်ပဲ ပြည်သူကို အခြေခံဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
အသင်းရံပုံငွေအဖြစ် ပြည်ခိုင်ဖြိုးပါတီ၏ ယခင် ဇီဝိတဒါန အလှူငွေ (၁၀) သိန်းကို၄င်း၊ နောက်ထပ် ကျပ်ငွေ (၅) သိန်းကို၄င်း၊ နာရေး ကူညီမှုအသင်းဖွဲ့စည်းစဉ် တက်ရောက်လာသူ ကိုယ်စားလှယ် ၁၇၅ ဦးထဲက ကျပ်ငွေ (၁၉) သိန်းကို ၄င်း ထည့်ဝင်ခဲ့ကြပြီး ဇန္နဝါရီလ (၁) ရက်နေ့က စတင်၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“ယခုလို နာရေးကူညီမှုအသင်းဖွဲ့စည်းတာကိုက နယ်မှ လာရောက် ဆေးဝါးကုသတဲ့ ဆင်းရဲသား လူနာတွေ အတွက် အင် မတန်မှ အကျိုးပြုလိမ့်မယ်လို့ ယုံကြည်တယ်၊ ၀မ်းသာစရာပါ၊ အသင်းခိုင် မာရေးအတွက် လှူဒါန်းမည့် သူများ လည်း ရှိကြသေးတယ်” ဟု ပြည်သူ့ဆေးရုံဝန်ထမ်းတဦးက ပြောသည်။
အသင်း၏ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်များကို အောက်ပါ အတိုင်း ရွေးချယ်လိုက်ကြသည်။
ဦးမောင်လုံးချေ (ဥက္ကဌ)
ဦးရုရှား (ဒုတိယ ဥက္ကဌ)
ဦးလှမောင်သိန်း (အတွင်းရေးမှူး)
ဦး ဆာခုတ် (ဒုတိယ အတွင်းရေးမှူး)
ဦးထွန်းဝေ (ဘဏ္ဍာထိန်း)
နာယက အဖြစ်
Father ပေါလ်ထွန်းခိုင် (အာရ်စီ)၊ Bishop Francis စိန်အောင် (အင်္ဂလီကန်)၊ Rev ဦးစိန်ဝင်း (နှစ်ခြင်း)၊ ဆလိုင်း ခွဲယန် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးဝှေ့ယိန်း (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)၊ ဦးသိန်းထွန်း (အထက် တန်း ရှေ့နေ)