စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦး SSPP/SSA အကြီးအကဲများအား သွားရောက်ဂါရဝပြု

စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦး SSPP/SSA အကြီးအကဲများအား သွားရောက်ဂါရဝပြု
by -
သျှမ်းသံတော်ဆင့်

စိန်ကျော့ဌာနေ ပြည်သူ့စစ် အကြီးအကဲနှစ်ဦး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က သျှမ်းပြည်တပ်မတော် SSPP/SSA  ဌာနချုပ်ဝမ့်ဟိုင်းသို့ သွားရောက်ကာ နာယကကြီး ဒု-ဗိုလ်ချုပ်ကြီး ဆေထဲန်အား  ဂါရဝ ပြုခဲ့ကြကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်း ရပ်ကွက်ကဆိုသည်။

ssa-n-l

“၂၆ ရက်နေ့တုန်းကပေါ့ စိန်ကျော့ဌာနေပြည်သူ့စစ်ခေါင်းဆောင် စဝ်လွယ်မောဝ်နဲ့ စဝ်ကိုင်ဖှတို့ ဝမ့်ဟိုင်းကို ရောက်လာတယ်။ နာယကကြီးနဲ့ ဂါရဝပြုဖို့လာတယ်။ စဝ်ပန်ဖှကိုလည်း နှစ်သစ်ကူး နှုတ်ဆက်ဖို့လို့ပြောတယ်။ အသေးစိတ်ဘာတွေ ဆွေးနွေး သွားခဲ့သလဲတော့ မသိရဘူး။ ဝမ့်ဟိုင်းမှာ တညအိပ်တယ်” - ဟု SSPP/SSA နှင့်နီးစပ်သူတဦးက ပြောသည်။

လုံခြုံရေး ၈ ဦး ကား ၂ စီး နှင့်အတူ ဝမ့်ဟိုင်းသို့ရောက်ရှိလာသော စိန်ကျော့ဌာနေ ပြည်သူ့စစ်ခေါင်းဆောင် နှစ်ဦးအား ဗိုလ်ချုပ်ခေးတိုင်း၊ ဗိုလ်မှူးကြီး ခွန်ဆိုင်၊ ဗိုလ်မှူးကြီး ဆေအွန်၊ ဗိုလ်မှူးကြီးဆိုင်မိန်း၊ ဗိုလ်မှူးကြီး သျှံမိန်း တို့က ကြိုဆိုခဲ့ကြောင်းနှင့် ဒုဗိုလ်ချုပ်ကြီး ဆေထဲန်နှင့် ဒုဗိုလ်ချုပ်ကြီး ပန်ဖှတို့က ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။

၀မ့်ဟိုင်းတွင် တညနားပြီး ၂၇ ရက်မနက်ပိုင်းတွင် ကွန်ဟိန်းမြို့နယ် ကာလိအခြေစိုက် ဦးလောင်ကွန်း ဦးဆောင်သည့်  ဌာနေပြည်သူ့စစ် အမှတ် ၃ (SSA -N  တပ်မဟာ ရ ဟောင်း) သို့ ဆက်လက်ထွက်ခွာသွား သည်။

၂၀၁၀ ဧပြီလက SSA-N (ဥက္ကဌ)  ဗိုလ်ချုပ် လွယ်မောင်း နှင့်  (ဒုဥက္ကဌ) ဗိုလ်ချုပ်ကိုင်ဖှတို့ ပြည်သူ့စစ် အသွင်ပြောင်းပြီး နောက် စိန်ကျော့ဌာနချုပ်ကို ဌာနေပြည်သူ့စစ် အမှတ် ၁၊ သီပေါမြို့နယ် မိန်းခေး အခြေစိုက် ဦးလှမြင့်ဦးဆောင်သည့် ယခင်တပ် မဟာ ၃ ကို ဌာနေပြည်သူ့စစ် အမှတ် ၂၊  ကွန်ဟိန်းမြို့နယ် ကာလိ (လွယ်ဖာ) အခြေစိုက် ဦးလောင်ကွန်း ဦးဆောင်သည့် ယခင်တပ်မဟာ ရ ကို ဌာနေပြည်သူစစ်အမှတ် ၃ စသဖြင့် အသီးသီးပြောင်းလဲ သတ်မှတ်ခဲ့သည်။

၂၀၁၀ ဒီဇင်ဘာလက  သျှမ်းပြည် တပ်မတော်မြောက်ပိုင်း ၀မ့်ဟိုင်းဌာနချုပ်တပ်မဟာ ၁ တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ၂၀၁၁ ဂျန္နဝါရီလ ၁၅ ရက်နေ့က  တပ်ရင်းတပ်ဖွဲ့များ အပါအဝင် စစ်ဒေသ နှင့် တပ်မဟာများ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အပြင် ၁၉၉၅ ကတည်းက လုပ်ငန်းလည်ပတ်မှု ရပ်နားခဲ့သော SSPP သျှမ်းပြည်တိုးတက်ရေးပါတီကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ဒု ဗိုလ်ချုပ်ကြီး ပန်ဖှအား တင်မြောက်ခဲ့သည်။

Shan State Progress Party သျှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ သြဂုတ်လ ၁၆ ရက်က စတင်ဖွဲ့ စည်းခဲ့ပြီး ပါတီ၏ ပထမ ဆုံးဥက္ကဌမှာ ဦးခွန်ကြာနု (ခေါ်) စဝ်ဆိုင်စစ် ဖြစ်သည်။ ပါတီဖွဲ့စည်းတည်ထောင်သူ တယောက်ဖြစ်သည့် ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်၏သား စဝ်ဇန့်ယောင်ဟွေ့က အထွေထွေအတွင်း ရေးမှူးတာဝန်ယူခဲ့သည်။ ဒုဥက္ကဌ ၁ မှာ စဝ်ပင်းတိုင်း ဖြစ်ပြီး ဒုဥက္ကဌ ၂ မှာ စဝ်ဆေခန် (ခေါ်) ခွန်အုန်းဘောင် ဖြစ်သည်။ (ယခုအခါ အဆိုပါ ခေါင်းဆောင် ၄ ဦးစလုံး ကွယ်လွန် ခဲ့ပြီးဖြစ်သည်။)

ပါတီ ဦးစီးဦးဆောင်သူ ၅ ယောက်မြောက်ဖြစ်သော (ဥက္ကဌ စဝ်ဆိုင်စစ်၊ ဥက္ကဌ စဝ်ပင်းတိုင်း၊ နောက်ပိုင်း အမြင့်ဆုံးရာထူး အထွေ ထွေ တွင်းရေးမှူးချုပ် စဝ်ဆေလင်း၊ စဝ်ဆေနွံ၊ စဝ်စိုင်းလိတ်) စဝ်စိုင်းလိတ် ကွယ်လွန်ချိန် ၁၉၉၅ မှစ၍ သျှမ်းပြည်တိုး တက်ရေးပါတီလည်း ငုပ်လျှိုးသွားခဲ့ရာ ၂၀၁၁ ဂျန္နဝါရီလမှ ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Most read this week