KNPP တပ်ဖွဲ့ဝင် မိသားစုနှင့် လူထုအတွက် ကုမ္ပဏီ ထောင်ခြင်းဟုဆို

KNPP တပ်ဖွဲ့ဝင် မိသားစုနှင့် လူထုအတွက် ကုမ္ပဏီ ထောင်ခြင်းဟုဆို
by -
ကန္တာရဝတီတိုင်း(မ်)

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မပြီးပြတ်သေးသည့် ကာလအတွင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် ကုမ္ပဏီထူထောင်ရခြင်းမှာ အဖွဲ့အစည်းဝင်မိသားစုများနှင့် လူထုအတွက် တဖက်တလမ်းက အကျိုးပြုစေရန် လုပ်ငန်းများ ဆောင်ရွက်နိုင် ဖို့သာ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး(၁) ခူဦးရယ်က ပြောပါတယ်။

“အဖွဲ့အစည်းနဲ့နေတာ အဖွဲ့အစည်းဝင်တွေရှိတယ် သူတို့သက်ဆိုင်ရာမိသားစုဝင်တွေရှိတယ် သူတို့စား ဝတ်နေရေးရှိတယ် တခြားနည်းလမ်းနဲ့ ဝင်ငွေရဖို့မှနည်းလမ်းမရှိတာ အဖွဲ့အစည်းနဲ့နေတော့ အဖွဲ့မှာ တာဝန်ရှိတယ်။ ဥပဒေနဲ့ပဲစီးပွားရှာရမှာ အားလုံးစီးပွားရေးရှာလည်း ဥပဒေနဲ့အညီပဲ ရှာရမယ်။” လို့ ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးမှု မပြီးပြတ်သေးသည့်ကာလအတွင်း တပြိုင်နက် စီးပွားရေးလုပ်ငန်းတွေကိုလည်း မနောက် ကျစေရန်အတွက် ပူးတွဲလုပ်သွားရခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ကုမ္ပဏီနှစ်ခု ထူထောင်ထားခြင်းအပေါ် လူထုတွေ အကြား အထင်အမြင်လွှဲမှားမှုတွေကို မဖြစ်စေလိုကြောင်း ပြောပါတယ်။

ဆရာခူးဦးရယ် က “ရှာလို့ရတဲ့အထဲကပဲ ရာခိုင်နှုန်းဘယ်လောက်လဲ ဖဲ့ပြီးတော့ချန်ရမှာပဲ ကျနော်တို့က ပူးတွဲအကျိုးစီးပွားရေးပဲ လူတိုင်းကတော့ ချမ်းသာချင်ကြတာပဲ ကျနော်တို့ကတော့ အဲလိုတဖက်သတ် လုပ်မှာမဟုတ်ဘူး ကျနော်တို့ကလည်း လူထုအတွက် လုပ်တယ်လို့ တချက်တည်းနဲ့ မကြွေးကြော်လိုက် ပါဘူး ဒါပေမဲ့ လူထုအကျိုးပြုလုပ်ငန်းတော့ တတ်နိုင်သလောက်လုပ်ရမယ် ဆိုတာကတော့ ပေါ်လစီရှိတယ်” လို့ ပြောပါတယ်။

KNPP မှ ကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် သြဂုတ်လအတွင်း တရားဝင်မှတ်ပုံတင်ထားပြီး ကယားဌာနေကုမ္ပဏီက ထုတ်လုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်း အတွက် ဆောင်ရွက်ရန်ဖြစ်ပြီး တမောထျာကုမ္ပဏီကိုတော့ သွင်းကုန် ထုတ်ကုန် လုပ်ငန်း ပြုလုပ်ရန် ဖြစ်တယ်လို့သိရပါတယ်။

စီးပွားရေးလုပ်ငန်းအနေနဲ့ မော်ချီးသတ္တုနှင့် သံလွင်မြစ်အရှေ့ဘက်မှ သစ်ဟောင်းတွေကို ပြုလုပ်ဖို့ လက်ရှိမှာ လုပ်ငန်းလိုင်စင် အတွက်အစိုးရထံလျှောက်ထားဆဲ ဖြစ်ကြောင်းသိရပါတယ်။

Most read this week