အိုဘာမား၏ ခရီးစဉ်အတွင်း လူ့အခွင့်အရေး ဖိအားပေးရန် အာဆီယံအမတ်များ တိုက်တွန်း

အိုဘာမား၏ ခရီးစဉ်အတွင်း လူ့အခွင့်အရေး ဖိအားပေးရန် အာဆီယံအမတ်များ တိုက်တွန်း
by -
မဇ္ဈိမ

အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ လူအခွင့်ရေးဆိုင်ရာ ကိစ္စများကို ဖိအားပေး ပြောဆိုသွားရန် မြန်မာနိုင်ငံ ဒီမိုကရေစီရေးရာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အမတ်များက ကြေညာချက်ထုတ်၍ တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးရာ အာဆီယံအမတ်များ ဥက္ကဌ ဖြစ်သူ အင်ဒိုနီရှားလွှတ်တော်အမတ် Eva Kusuma Sundari က “အခြေအနေကအတော့်ကို ရှုပ်ထွေးပါတယ်၊ တကယ်လို့ သမ္မတဦးသိန်းစိန်ကို အပြောင်းအလဲ တွေ မြန်မြန်ဖော်ဆောင်ဖို့ တိုက်တွန်းရင်လည်း၊ စစ်တပ်က သဘောထားတင်းမာသူတွေရဲ့ ဆန့်ကျင်တာကိုခံရ နိုင်တယ်။ အိုဘားမားရဲ့ဒီခရီးစဉ်က အပြောင်း အလဲကို နောက်ပြန်မလှည့် အောင်ကြိုးပမ်းမှုဖြစ်သလို၊လူ့အခွင့် အရေးစတဲ့ အခြေခံရပိုင်ခွင့်တွေဟာ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်တွေရဲ့ နောက်မှာ မကျန်ခဲ့.ဖို့လည်း လိုပါတယ်” ဟု ပြောဆိုခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ထို့အပြင် အိုဘာမား၏ ခရီးစဉ်က မြန်မာပြည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်ရေးတိုးတက်ရန်အတွက် အထောက်ပံ့များစွာ ဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

“သမ္မတ အိုဘားမားရဲ့ခရီးစဉ်ကနေ ခိုင်မာတဲ့ကတိကဝတ်တွေ၊ မြင်လွယ်တဲ့အောင်မြင်မှုတွေ ရနိုင်မယ်လို့
မျှော်လင့်ပါတယ်၊ ပထမဆုံးလာတဲ့ အမေရိကန်သမ္မတ တစ်ဦးရဲ့ခရီးစဉ်က မြန်မာပြည်အပြောင်းလဲမှာ ကြံုတွေ့နိုင် တဲ့ အခက်အခဲတွေကို ကျော်လွှားဖို့တွန်းအားဖြစ်မယ်လို့ ထင်ပါတယ်” ဟုလည်း Eva Kusuma Sundari က ဆိုသည်။

ထို့အပြင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပါက သည်ခရီးစဉ်၏ အောင်မြင်မှုဟုဆိုနိုင် မည်ဖြစ် ကြောင်း၊ ယမန်နေ့က အကျဉ်းသား ၄၅၂ ဦး လွှတ်လာသော်လည်း နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မပါရှိသေး ကြောင်းလည်း ကြေငြာချက်တွင်ဖော်ပြထားသည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန်၊ UN မှ ရခိုင်ပြည် နယ်နှင့် ကချင်ပြည်သို့ လူသားခြင်း စာနာထောက်ထားမှု့ အကူအညီပေးခြင်းတို့ကို မြန်မာအစိုးရဘက်က လက်ခံရန် အိုဘားမားအနေနှင့် တွန်းအားပေး စေလိုကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီရေးရာ အာဆီယံအမတ် များက တိုက်တွန်းလိုက်သည်။

သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန် ရှိသည်။ ထို့အပြင်ရန်ကုန် တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိကြောင်းသတင်းများ ထွက်ပေါ်နေသည်။ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်၍ အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက် ရန် ရှိကြောင်း သိရသည်။

Most read this week