ချင်းပြည်နယ်ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဒိုင်း အလွတ်တန်းဘော်လုံးပြိုင်ပွဲကို ယခုလ ၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ကျင်းပနေပြီဖြစ်သည်။ ထန်တလန်မြို့ လာလ်လွဲကွင်းတွင် ကျင်းပသည့် ဘော်လုံးပွဲကို အုပ်ချုပ်ရေးမှူး ပူး ရမ်မှူန်ကိုယ်တိုင် ကွင်းဖွင့်ပေးပြီး ဘော် လုံးအသင်း ရ သင်း ပါ၀င်ယှဉ်ပြိုင်ကြသည်။
“မြို့ပေါ် သုံးရပ်ကွက်မှ တသင်းစီ၊ ဌာနပေါင်းစုံ၊ ပညာရေးဌာနမှ နှစ်သင်း၊ ကျောင်းသားများ အသင်း ဆိုပြီး ရ သင်း ပါ၀င် ယှဉ်ပြိုင်ကြတယ်” ဟု အလယ်တန်းကျောင်းဆရာတဦးက ပြောသည်။
ပြိုင်ပွဲ ကုန်ကျစရိတ်အတွက် ၀န်ထမ်းတဦးလျှင် ကျပ်ငွေ ရ၀၀ စီနှင့် ရပ်ကွက်တိုင်း တအိမ်ထောင်လျှင်ကျပ်ငွေ ရ၀၀၀ စီ ထည့်ဝင်စေကြောင်း သိရသည်။
“ကျတော်တို့ ပညာရေးအသင်းကိုတော့ ကျောင်းသားအသင်းနှင့် ကျောင်းဆရာ၊ ဘော်ဒါဆောင်ကျောင်း ဆိုပြီး နှစ်သင်းနဲ့ ပါ၀င်ယှဉ်ပြိုင်စေခဲ့တယ်” ဟု အလယ်တန်းပြဆရာက ဆက်ဆိုသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် ယခုလို ဘော်လုံးဖလားပြိုင်ပွဲမျိုးကျင်းပပေးသည့် အတွက် မြို့ခံများ ပျော်ရွှင်နေကြ ပီး ဘော့လုံးပွဲအတွက် ၎င်းအနေဖြင့် ကူညီပ့ံပိုးပေးလိမ့်မည်ဟု မျော်လင့်နေကြသည်။
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မီတီကို ထန်တလန်မြို့နယ်အားကစားမှူး ပူးဟရန်သောန်ထန်က ဦးဆောင်ပြီး ရပ်ကွက် လူကြီးများ၊ လူငယ်အသင်းအဖွဲ့ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ လူကြီးများဖြင့်ဖွဲ့စည်းပြီး ကျင်းပခြင်းဖြစ်သည်။