နိုင်ငံရေး အကျဉ်းသားဟောင်း (၂) ဦး ဥပဒေမဲ့ ရိုက်နှက် ခံရ

နိုင်ငံရေး အကျဉ်းသားဟောင်း (၂) ဦး ဥပဒေမဲ့ ရိုက်နှက် ခံရ
by -
နိရဥ္စရာ

နိုင်ငံရေး အကျဉ်းသားဟောင်း ရခိုင် လူငယ် (၂) ဦးကို ရန်ကုန်တိုင်း တာမွေမြို့နယ် ရဲစခန်း အာဏာပိုင်များက ဥပဒေမဲ့ ရိုက်နှက်ခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

 Maczucha

တာမွေမြို့နယ် ကျောက်မြောင်းမှ လဘက်ရည်ဆိုင် တစ်ခုသို့ ဘောလုံးပွဲကြည့်ရန် နို၀င်္ဘာလ ၁၀ ရက် ည ၁၁ နာရီအချိန်ခန့်က သွားရောက်စဉ် လဘက်ရည်ဆိုင်ရှင်နှင့် စကားများရာမှ ရဲအဖွဲ့ ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ရိုက်နှက်ခံခဲ့ရကြောင်း ကိုအောင်နိုင်က ပြောသည်။

“ဘောပွဲ မပြရာကနေ ဆိုင်ရှင်နဲ့ စကားနည်းနည်းများတာနဲ့ ရဲကို သွားတိုင်တဲ့ အတွက် ရဲစခန်းကို ရောက်သွားခဲ့ ပါတယ်။ ရဲစခန်းကို ရောက်တော့ တာဝန်မှူးက မင်းတို့ ဘာလုပ်လဲ၊ ဘယ်ကလဲ မေးပါတယ်။ ကျနော်တို့ကလဲ ရခိုင်က ကျောင်းသားတွေပါ။ ကျနော်သူငယ်ချင်းက သဘောင်္တက်ဖို့ လုပ်နေတာပါလို့ ပြောပါတယ်။ အဲဒီတာဝန်မှူး ကလည်း ငါလည်းဘွဲ့ရ ရဲအရာရှိဘဲကွလို့ ပြန်ပြောပါတယ်။ ကျနော်တို့ကလည်း ဘွဲ့ရ အရာရှိဆိုတာ ကျနော်တို့နဲ့ မဆိုင်ဘူး။ အခုကိစ္စက ကျနော် မတရားလုပ်တာ မဟုတ်ဘူးလို့ပြောတော့ ကျနော်တို့ကို စ ရိုက်ပါတယ်။ ကျနော့်ကို နိုင်ငံရေးအကျဉ်းသားဟောင်းမှန်း သိတော့ ပိုပြီး ရိုက်ပါတယ်”  ဟု ကိုအောင်နိုင်က ပြောသည်။

၎င်းတို့ နှစ်ဦးမှာ လွန်ခဲ့သည့် ဂျူလိုင်လ ၃ ရက်နေ့က ဘားအံထောင်မှ လွှတ်မြောက် လာသူ ရခိုင်ကျောင်းသား လူငယ် ၁၁ ဦးအနက် ကိုအောင်နိုင်ဆိုသူနှင့် ကိုနေထွန်းအောင် ဆိုသူတို့ ဖြစ်သည်။

“ကျွန်တော်တို့မှာ အပြစ်ရှိတယ်ဆိုရင် ဥပဒေအရ အရေးယူပါ။ အခုတော့ လူမဆံစွာ ဥပဒေမဲ့ ၀ိုင်းပြီး ရိုက်နှက် ထိုးကြိတ်ပါတယ်။ တာမွေ ရဲစခန်း တာဝန်မှူးအပါအဝင် ရဲတပ်သား ၈ ဦးက မတရား ရိုက်နှက် ခဲ့တာ ဖြစ်ပါတယ်”  ဟု ကိုအောင်နိုင်က ပြောသည်။

ရိုက်နက် ခံရမှုကြောင့် ကိုအောင်နိုင်မှာ ကျောကုန်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး ကိုနေအောင်ထွန်းက မျက်လုံးအောက်၊ နှုတ်ခမ်းနှင့် နားရွက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သည်။

သူတို့ နှစ်ဦးအား တညချုပ်နှောင်ထားခဲ့ပြီး နောက်တနေ့ ညနေပိုင်းအချိန်တွင် အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။

သို့သော် နို၀င်္ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် တာမွေရဲစခန်းသို့ လာရောက်ရန် ၎င်းတို့အား မှာကြားလိုက်ကြောင်း ကိုနေအောင်ထွန်းက ပြောသည်။

“မနက် ၁၀နာရီမှာ စခန်းကို လာဖို့ ခေါ်ထားပါတယ်။ အဲဒီက တဆင့် တရားရုံးကို သွားရမယ်ထင် ပါတယ်။ သူတို့ တရားစွဲမယ့် ပုံရပါတယ်”  ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်များက ရန်ကုန်တိုင်း ရခိုင်တိုင်း ရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် ထံသို့ အသိပေး တိုင်ကြားထားကြောင်း သိရသည်။

ကိုအောင်နိုင်မှာ ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် ပြည်ပအခြေစိုက် AASYC အဖွဲ့နှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲခံရပြီး တခြား ရခိုင်ကျောင်းသား လူငယ် ၁၀ ဦးနှင့်အတူ ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

Most read this week