ယခုတလော ချင်းပြည်နယ်သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိများက ချင်ပြည်နယ်ဖွံ့ဖြိုးရေးကို အထူးဦး စားပေးလုပ်ဆောင်ပေးသည်ဟု ပြောကြသည်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ – ၁ (ကစထ)မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်၊ စစ်တပ်မှ ကျန်းမာရေး ပါရဂူများ အပါအဝင် ပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်၊ နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး တို့ သည် နို၀င်ဘာ ၈ ရက်နေ့က မတူပီမြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။
ဘုံတလာခန်းမတွင် မြို့မိမြို့ဖများ၊ အစိုးရဝန်ထမ်းများနှင့် နို၀င်ဘာလ ၉ ရက်နေ့က တွေ့ဆုံပွဲ အခမ်းအနားပြု လုပ်စဉ်တွင် ကထစ မှူးက ချင်းပြည်နယ်မှာ ဘာမှ မထွက်ရှိသည့်အတွက် လမ်း ပန်းဆက်သွယ်ရေး လက်ဖက်စိုက် ပျိုးရေး အပါအဝင်ဖွံ့ဖြိုးရေးတွေ လုပ်ပေးနေခြင်းဖြစ် သည်ဟု ပြောဆိုသွားကြောင်း အထက်တန်းပြဆရာ တဦးက ပြောသည်။
ထို့အပြင် အစိုးရဟာ ချင်းလူမျိုးတွေကို ပိုမိုပြီး ချစ်ခင်လေးစားကြောင်း အကြောင်းမှာ ချင်း လူမျိုးတွေ ဟာ ကိုယ်ထူ ကိုယ် ထ အလုပ်ကြိုးစားသူများဖြစ်ကြပြီး၊ စိတ်ထားဖြူစင်ရိုးသား သူများ ဖြစ်ကြောင်း ထပ်မံပြောသည်ဟု ဆက်ဆိုသည်။
မတူပီမြို့နယ်အတွင်း ရေဇွာ၊ လိုင်လင်းပီ၊ တိန်ဆီး၊ မိုင် ရ၀ မှ ဒေသခံများအတွက် ချုံစောင်၊ နှမ်းဆီ၊ ဘီယာ၊ တပ်မတော် ရမ်အရက် နှင့် ဆေးဝါးပစ္စည်းများ ထောက်ပ့ံကူညီကြောင်း ယင်း ပ့ံပိုးပစ္စည်းကို မြို့မိမြို့ဖမှ ဦး လျန်ထန်က လက်ခံ ကြောင်း သိရသည်။
“တပ်မတော်မှ ကျန်းမာရေးပါရဂူတွေကလည်း ဒေသခံတွေကို အခမဲ့ စစ်ဆေးကုသပေးတယ်” ဟု ဒေသခံတဦးက ပြောသည်။
ကစထမှူးနှင့် အပေါင်းပါများသည် နို၀င်ဘာလ ၄ ရက်နေ့ကတည်းက တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါး နှင့် မတူပီမြို့များသို့ လှည့်လည်ခဲ့သည့်အပြင် ကန်ပက်လက်မြို့နှင့် ကျင်ဒွေးရွာ သို့ လည်း လှည့်လည်မည်ဖြစ်သည်ဟု သိရသည်။