အစိုးရစစ်ကြောင်းပစ်ခတ်မှု ပြောင်းခြံလုပ်သား ဆေးရုံတင်ထားရ

အစိုးရစစ်ကြောင်းပစ်ခတ်မှု ပြောင်းခြံလုပ်သား ဆေးရုံတင်ထားရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း  နမ္မတူမြို့နယ်အတွင်းမှ ပြောင်းဖူးကောက်နေသောရွာသားများအား မြန်မာစစ်ကြောင်း က ပစ်ခတ်သဖြင့် ရွာသားတဦးဆေးရုံတင်ထားရကြောင်း နိုင်ငံရေးပါတီဝင်လူငယ် တဦး ကပြောသည်။

ပြောင်းခြံလုပ်သားအား အစိုးစစ်ကြောင်းပစ်ခတ် ဆေးရုံတင်ထားရ
“မိုင်းယင်အုပ်စု ဟော်နားရွာဘက်ကို မြန်မာစစ်ကြောင်း ရောက်တယ်။ ပြောင်းဖူးကောက်တဲ့ခြံ ဘေး ဖြတ်လာတော့ စိုင်းအောင်ဆိုတဲ့ပြောင်းခြံလုပ်သားက ပေါ် တာ ဆွဲမှာကိုကြောက်ပြီး ထွက်ပြေးဖို့လုပ် တော့ သေနတ်နဲ့ ပစ်ထဲ့လိုက်တော့တာဘဲ” - ဟု နမ္မတူမြို့ပေါ် ရောက် မိုင်းယင်် ရွာသားတဦးကပြောသည်။

နမ့်လန် အခြေစိုက်အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ ၂၄၃ က နိုဝင်ဘာလ ၆ ရက်နေ့က မိုင်းယင် ကျေးရွာအုပ်စုဘက် သွားရောက်လှုပ်ရှားစဉ် ဖြစ်ပွားခဲ့ပြီး ခြံလုပ်သား စိုင်းအောင် အသက် ၃၅ နှစ်၏ ရင်ဘတ်၊ လက်၊ ပေါင်တို့ ၌ ဒဏ်ရာရရှိကြောင်းနှင့် လောလောဆယ် ၎င်းအား နမ္မတူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျားဖြူပါတီ ပြည်နယ် လွှတ်တာ် အမတ် နန်းခမ်းအေးက “ဟုတ်တယ်။ ကျမလဲ လူလွတ်ပြီးသတင်းသွားမေးခိုင်းထားတယ်။ ကျားဖြူပါတီကို တိုက်ရိုက်လာတိုင် တာတော့မရှိသေးဘူး”- ဟု ပြောသည်။

Most read this week