ယခုလ နို၀င်ဘာ ပထမပတ်အတွင်း ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင် လေးဆိုင် ဖောက် ထွင်းခံရသည်။
နို၀င်ဘာလ ၃ ရက်နေ့ညက စျေးသစ်ရပ်ကွက် ဆတ်သားလမ်းပေါ်ရှိ Pu Ram Cung ဆိုင်ဖောက် ထွင်းခံရပြီး ကျပ်ငွေ ၅ သောင်းဖိုး ဆိုင်ပစ္စည်း ခိုးယူ ခံခဲ့ရသည်။
အလားတူ နို၀င်ဘာ ၅ ရက်နေ့ညက လည်း Pu Pa awm ဆိုင်၊ Pu RunCer ဆိုင်နှင့် Pu Kawng Luai ဆိုင်တို့ တညအတွင်း ဖောက်ထွင်းခံခဲ့ရပြီး ဆိုင်ပစ္စည်းများ ခိုးယူသွားကြကြောင်း သိရသည်။
“ဆိုင်ရှင်တွေက ငွေတွေကို အိမ်ပါသွားကြလို့ ဆိုင်ပစ္စည်းကို ခိုးကြတာဖြစ်တယ်၊ ဒါပေမဲ့ အမှုဖွင့်မဖွင့်ကိုတော့ မသိရပါ” ဟု ဒေသခံ လူငယ်တဦးက ဆိုသည်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် ညက ထန်တလန်မြို့ပေါ်တွင် ဆေးဆိုင်၊ နိုင်ငံခြား အထည်ဆိုင်၊ ကက်ဆက်ပြင်ဆိုင်၊ စားသောက် ဆိုင် နှစ်ဆိုင်နှင့် ရွှေဆိုင်တို့မှ ကျပ်ငွေ ၅ သိန်းဖိုး တညတည်းနှင့် ဖောက်ထွင်းခံခဲ့ရသည်။