ချင်းမျိုးနွယ်စုံမှ နာမည်ကြီး အဆိုတော်များ ပါ၀င်သီဆိုမည့် Chin Idol and Live Concert ကို လာမည့် နှစ်ဆန်းပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလာမ်ပူမြို့မှာ ကျင်းပရန် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။
အစီအစဉ်ကို Chin Celebrity & Music Entertainment (CCME) မှ ဦးဆောင်ကျင်းပ မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။ ယင်းပွဲသို့ နိုင်ငံကျော် ချင်းအဆိုတော်များဖြစ်ကြသည့် Mai Sung Tin Par, Thawnkham အပါအဝင် Cung Lian Thawng, Solomon Men Ri Hei နှင့် မီဇို နာမည်ကြီး အဆိုတော် Mami Varte, တို့အား အထူး ဖိတ်ကြားသွားမှာ ဖြစ်သည်။
“ကျတော်တို့ချင်းတွေဟာ ဘုံဘာသာဆိုတာ မရှိပေမဲ့ ဒေသအလိုက် မျိုးနွယ်စု စာပေ၊ ယဉ်ကျေး မှု အသီးသီးရှိကြတယ်၊ အဲဒါတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တာရယ်၊ ချင်းလူမျိုး ဘက်စုံဖွံ့ ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတကာရောက်ချင်း တွေ အားလုံးက ဘုရားရှင်အားကိုးရင်း ဆောင်ရွက်စေ လိုတဲ့ရည်ရွယ်ချက်ကြောင့် ကျင်းပမှာဖြစ်တယ်” ဟု CCME မှ ပြောရေး ဆို ခွင့်ရှိသူ Salai Van Biak Mang က ပြောသည်။
မလေးရှားရောက် ချင်းမျိုးနွယ်စုံ အသီးသီးမှ အဆိုရှင် (၁၈) ဦးကို ပဏာမ ရွေးချယ်ပြီး ကျင်းပမှာ ဖြစ်ကြောင်း အမှတ်ပေး ဒိုင် ( Judge) တွေကို ဖိတ်ကြားထားသည့် ချင်းအဆိုရှင်များ နှင့် Pu Hnian Ceu Ling တို့က ဆောင်ရွက်သွားမှာဖြစ်သည်။
ထို့အပြင် ချင်းရိုးရာ Fashion Show နှင့် ချင်းမျိုးနွယ်စုံ ရိုးရာဝတ်စားဆင်ယင်မှုကိုလည်း ကျားမ ခွဲပြီး သီးသန့် ပြသသွားမှာ မည်ဟု သိရသည်။
နိုင်ငံတကာရောက် ချင်းလူမျိုးများသည် မလေးရှားနိုင်ငံတွင် အများဆုံး နေထိုင်ကြပြီး လူဦးရေ ၄၀၀၀၀ ခန့် ရှိသည်ဟု သိရသည်။