၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး နှစ်ပါတီတို့ နိုင်ငံရေးပါတီ တခု အဖြစ် ပေါင်းစည်းရန် ပိုမိုလမ်းပွင့်လာ ပြီဟု သိရသည်။
ပါတီပေါင်းစည်းရေးကို ချင်းအမျိုးသားပါတီမှ အစအဦး ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယခု ချင်းတိုး တက်ရေး ပါတီမှလည်း ပါတီ ပေါင်းစည်းရေးအတွက် အောက်တိုဘာလ (၆) ရက် က ကျင်းပပြု လုပ်သည့် ၄င်းတို့၏ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးမှ သဘောတူ ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
“ အစက ပါတီပေါင်းစည်းရေး Joint Committee က အခြေခံမူ (၉)ချက်နဲ့လုပ်ငန်းစဉ် (၃) ရပ်ကို ရေးဆွဲချမှတ်ခဲ့တယ်၊ အဲဒီမှာ တချို့ အပိုဒ်တွေ CPP ခေါင်းဆောင်တချို့က လက်မခံနိုင် တာတွေရှိနိုင်တယ်၊ ဘာပဲဖြစ်ဖြစ် ပေါင်းစည်းရေးဆိုတဲ့ မူကို အမြဲဦးတည်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်” ဟု Joint Committee member ၊ ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး (၃) ဖြစ်သူ Salai Myochit က ပြောသည်။
ဆက်လက်ပြီး joint Committee ကနေ ချမှတ်ထားတဲ့ Plan တွေကို စီစစ်သင့် ပြန်စီစစ်ရမှာ ဖြစ်ကြောင်း အစက CNP ရဲ့ ပေါင်းစည်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို CPP ထံ ပို့ထားခဲ့သလို CPP ဖက်ကလည်း မကြာခင် သူတို့ ဆုံးဖြတ်ချက် တွေကို ပို့ပေးလိမ့်မှာဖြစ်ကြောင်း ဆက်ဆို သည်။
ချင်းနှစ်ပါတီပေါင်းစည်းရေးနှင့် ပါတ်သက်ပြီး ချင်း နှစ်ပါတီ လုပ်ဆောင်ကြိုးပမ်းမှုတွေအပေါ် ပြည်တွင်း ပြည်ပ ချင်းပြည် သူများ၊ နိုင်ငံရေးပါတီများကလည်း ကြိုဆိုကြောင်း သိရသည်။
“ ပေါင်းစည်းရေးလုပ်ဆောင်မှုတွေအပေါ် အများကြီး ၀မ်းသာတယ်၊ အဲဒီအတွက် ချင်းပြည်သူအားလုံး မှာလည်း တာဝန်ရှိ တယ်” ဟု ပြည်ပရောက် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၁၉၉၀) မှ ခေါင်းဆောင် တဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပူး နိုးထန်ကပ် ဦးဆောင်သည့် ချင်းတိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စား လှယ် ၁၂ နေရာ ရရှိပြီး ပူး ဇိုဇမ်း ဦးဆောင်သည့် ချင်းအမျိုးသားပါတီက လွွှတ်တော် ကိုယ်စားလှယ် (၉) နေရာစီ အသီးသီး ရရှိခဲ့ကြသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁) နေရာ ရရှိထားသည့် ENDP ခေါ် ချင်းမျိုးနွယ်စု ပါတီက လည်း ပါတီ ပေါင်း စည်းရေးမူကို ကြိုဆိုလက်ခံထားကြောင်း သိရသည်။