မီဇိုရမ်ပြည်နယ်ရောက် မြန်မာယက္ကန်သမားများကို Leadership Training သင်တန်းပေး

မီဇိုရမ်ပြည်နယ်ရောက် မြန်မာယက္ကန်သမားများကို Leadership Training သင်တန်းပေး
by -
ခိုနူမ်းထုန်

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် Burmese Social Welfare Association (BSWA) မြန်မာလူမှု ရေးအသင်း ဦးဆောင်မှုဖြင့် Leadership Training ကို စက်တင်ဘာ ၃၀ ရက်နေ့ က ပြုလုပ်ခဲ့ သည်။

ဒီခေါင်းဆောင်မှုသင်တန်းကို မြန်မာယက္ကန်းသမား အများစု နေထိုင်နေသော Zuangtui ရပ်ကွက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အဓိက ရည်ရွယ်ချက်မှာ ယက္ကန်းသမားလူငယ်များ ခေါင်းဆောင်မှုအရည်အသွေး မြှင့်တင်ပေးရန် နှင့် သင်တန်းသား ၂၀ ကျော် ပါ၀င်ကြောင်း သိရသည်။

“အဓိကတော့ လူငယ်တွေကိုဦးစားပေးတာပါ။ ပြီးတော့ ယက္ကန်းသမားကိုပဲ သီးသန့် ဦးစားပေးပြီး ပြုလုပ်တာ ပထမဆုံးအကြိမ်ပါ။ လူငယ်တွေမှာရှိနေတဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးချင်တဲ့ သဘောပါ” ဟု BSWA ဥက္ကဌ ကို မိုးကျော်က ပြော သည်။

အများအားဖြင့် ယက္ကန်းသမားတွေဟာ မြန်မာပြည်တွင်း ကျေးလက်ဒေသများမှ လာတဲ့သူတွေ များဖြစ်ကြပြီး အသိဉာဏ်၊ ဗဟုသုတ နည်းပါးသူများဖြစ်ကြောင်း ဤခေါင်းဆောင်မှုသင်တန်းဟာ ၄င်းတို့ အတွက် အမှန်တကယ် လိုအပ်နေတဲ့ အရာဖြစ်ကြောင်း သင်တန်းသားတဦးက ယခု လိုပြောပါတယ်။

“ ယခုလို ခေါင်းဆောင်မှုသင်တန်းမျိုးကို တက်တာ ဒါပထမဆုံးအကြိမ်ပါ။ ကျနော်တို့အတွက် အမှန်တကယ် လိုအပ်တဲ့ အရာဖြစ်သလို၊ လက်ရှိအခြေအနေမှာ အသုံးမဝင်ရင်တောင်မှ၊ ကိုယ့်ဒေသကို ပြန်သွားလို့ရှိရင် အသုံးဝင်မဲ့ အရာတွေဖြစ်တယ်။”

Zuangtui ရပ်ကွက်တွင် မြန်မာယက္ကန်းသမား ၈၀၀ ကျော်ရှိပြီး အများစုမှာ မြန်မာပြည် အညာဒေသ မုံရွာ၊ ရွှေဘိုနယ်က လာတဲ့သူများဖြစ်သည်။

မြန်မာလူမှုရေးအသင်းကို ၂၀၀၅ ခုနှစ်တွင် မြန်မာခရစ်ယာန်မိတ်သဟာယဘုရားကျောင်း လူငယ်များမှ စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး၊ အဓိကရည်ရွယ်ချက်မှာ မီဇိုရမ်ပြည်နယ်ကို ရောက် လာသော မြန်မာပြည်သူ ပြည်သား များ၏ လူမှုရေး၊ ကျန်းမာရေး (သာရေး၊နာရေး) စသည့် ကိစ္စများကို ဖြေရှင်းပေးရေးဖြစ်ကြောင်း သိရသည်။

Most read this week