ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ ယနေ့ ဖွင့်လှစ် လိုက်သော က ရင်ပြည်နယ် ဖားအံမြို့ပေါ်က ဆက်ဆံရေးရုံး ကိစ္စကို KNU ဗဟို အဆင့် ဆက်ဆံရေးရုံး မဟုတ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါသည်။
http://www.scribd.com/doc/108024012/KNU-Statement-Regarding-Opening-Liai...
KNU တို့၏ ယနေ့ ဖွင့်လှစ်လိုက်သော ဖားအံမြို ့ ဆက်ဆံရေးရုံးကို ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့်အတူ၊ ကေအဲန်ယူဘက် မှ ပဒို ဒေးဗစ်ထော၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ တပ်မဟာ (၆) ခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် တပ်မဟာ (၄) မှ တပ်မှူးများ ပါ၀င်ပြီး အင်အား (၃၀) ခန့် ရှိပါသည်။
အစိုးရဖက်မှ အမျိုးသား လုံခြုံရေး ဌာန ၀န်ကြီး ဦးအောင်မင်း၊ သဘာဝပတ် ၀န်းကျင်နှင့် သစ်တော ရေးရာ ၀န်ကြီး ဦးဝင်းထွန်း ၊ မြန်မာ အီးဂရက်စ်မှ ဦးတင်မောင်သန်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော် ကော်မရှင် ဥက္ကဌ စောအောင်ကျော်မင်းတို့ တက်ရောက် ကြပါသည်။
ဤဖွင့်ပွဲကို KNU ဗဟိုက မသိရှိကြောင်း ကြေညာချက် ထုတ်ပြန် လိုက်သည့်အတွက် (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ လုပ်ရပ်သည် ဗဟိုက မသိရှိဘဲ (အမိန့် မနာခံဘဲ) လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲရာ ကျနေကြောင်း၊ ထို့အပြင် ဤသို့ လုပ်လိုက်ခြင်းသည် KNU ၏ အတွင်းရေး ပြသနာများကို လူသိရှင်ကြား ထုတ်ဖေါ်ပြသရာလည်း ရောက်သည်ဟု ဝေဖန်သူများက ဆိုပါသည်။
KNU နှင့် အစိုးရတို့သည်၊ ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြဝတီနှင့် ဖားအံ မြို့တို့တွင် ဆက်ဆံရေးရုံး ထားရှိရန် ဧပြီ လ (၄) ရက်နေ့ အပစ်ရပ်စဲ စဉ်ကတည်းက သဘောတူ ထားခဲ့ပါသည်။ ဤသဘော တူညီချက် အတိုင်းသာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက လိုက်လံ ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း KNLA တပ်မှူး တဦးက ဆိုပါသည်။
KNLA သည် အစိုးရနှင့် (၃) ကြိမ်မြောက် ဆွေးနွေး ခဲ့ပြီးသော်လည်း တပ်နေရာ ချထားရေးကို မဆွေးနွေး နိုင်ခဲ့သေးကြောင်း ထောက်ပြ နေကြ ပါသည်။ ဤသို့ကြောင့် တပ်နေရာ ချထား နိုင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆက်ဆံရေးရုံးများ ထားရှိရေးကို အလျှင်အမြန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2084----knu---...
အပစ်အခတ် ရပ်စဲရေး သဘောထား များကြောင့် KNU အတွင်း အမြင်မတူညီမှုများ ရှိနေသည်ဟု လေ့လာ သူများက ဆိုပါ သည်။ အထူးသဖြင့် တပ်မဟာ (၅)၊ တပ်မဟာ(၂) နှင့် ဗဟို စစ်ရုံးချုပ် ပါ၀င်သော KNU ဗဟို အတွင်းရေးမှူး အုပ်စုနှင့် အမှတ် (၄၊၆၊၇) ခရိုင်နှင့် KNLA တပ်ဖွဲ့များ တို့အကြား အငြင်းပွားမှု ရှိနေခဲ့ခြင်းဖြစ်ပါသည်။
ဤပဋ္ဋိပက္ခကြောင့် ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကြေညာချက် ထွက်လာရခြင်း ဖြစ်ဖွယ် ရှိပါသည်။ အပစ်အခတ် ရပ်စဲရေးကို ခိုင်မြဲစေလိုပါက စနစ်တကျ တပ်နေရာချထားကို ဆောင်ရွက်ရမည်ဖြစ်ဟု KNLA ဖက်က ယူဆသလို၊ အစိုးရနှင့် ပတ်သက်သည့် မည်သည့် ကိစ္စ၌ မဆို၊ KNU ဗဟိုကသာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ KNU ဗဟိုဖက်က ယူဆဟန်ရှိပါ သည်။ မည်သို့ပင် ဆိုစေ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီသည်၊ KNU အဖွဲ့၌ အမြင်ကွဲ စေခြင်းကို ဖြစ်ပေါ်စေခဲ့ သဖြင့် ဤပြသနာသည် KNU အား ကြီးမားစွာ ထိခိုက်စေခဲ့ပါသည်။