လက်တွေ့ မဖြစ်နိုင်တာကို ဦးအောင်မင်း အကြိမ်ကြိမ်ပြောနေ

လက်တွေ့ မဖြစ်နိုင်တာကို ဦးအောင်မင်း အကြိမ်ကြိမ်ပြောနေ
by -
ရွှေဟင်္သာ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာ ဌာနချုပ် ပတ်ဝန်းကျင်အနီး၌ လက်နက်ကြီးများ အပါ၀င် တိုက်ပွဲများ နေ့စဉ် ပုံမှန် ဖြစ်လျှက် ရှိကြောင်း၊ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။

ဦးအောင်မင်း၏ အမေရိကန် ခရီးစဉ်

“လိုင်ဇာဘက်က တိုက်ပွဲဆိုတာ ပုံမှန်ပဲ ပြောရမှာ ပုံမှန် ဆိုတာက ဒီလို ပေါ့ဗျာ။ စက်တင်ဘာ လဆန်းကနေ ၂၃ ရက်နေ့ အထိ ဆိုရင်တော့ တိုက်ပွဲပေါင်းက ၈၀ ကျော် သွားပြီး ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တဲ့ပွဲတွေ လည်း ပါတယ်ပေါ့” ဟုဆိုပါ သည်။

သမ္မတရုံးမှ အမျိုးသား လုံခြုံရေး ဌာန ၀န်ကြီးဖြစ်သူ ဦးအောင်မင်းသည် KIA ၏ ဌာနချုပ် ဖြစ်သော လိုင်ဇာကို မသိမ်းပိုက်ရန် သမ္မတမှ စစ်တပ်ကို အမိန့် ပေးထားသည်ဟု VOA သတင်းဌာနနှင့် ဗွီဒီယို မေးမြန်း ခန်းတွင် ဆိုထားပါသည်။http://burmese.voanews.com/media/video/1511833.html

အစိုးရသည် KIA ကို တပ်ရင်းပေါင်း (၁၂၀)ကျော်နှင့် စစ်ဆင် နေသည်ပြီး ဆက်လက် တိုးလာ နေလျှက် ရှိသည်ဟု ဦးလာ နန်းက ဆိုပါသည်။ မူလ အခြေအနေ၌ KIA နယ်ထဲတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းပေါင်း (၄၆) ရင်းခန့်သာ ရှိပါသည်။ ဤကဲ့သို့ KIA နယ်ထဲသို့ အင်အားများ စုပုံ ချထားနေခြင်းသည် လိုင်ဇာကို မသိမ်းရင်တောင် KIA လှုပ် ရှားမှုကို အင်အားဖြင့် ထိမ်းချုပ်ထားဖွယ် ရှိနေသည်ဟု KIA က ယူဆနေပါသည်။

ထို့အပြင် အပစ်အခတ် ရပ်စဲရေး အတွက် နှစ်ဖက်တပ်များ နယ်ကျွံနေမှုကို ဆုတ်ပေးရန်ကိုလည်း အစိုးရဖက်မှ လက်ခံနိုင် ကြောင်း ဦးအောင်မင်းက ဆိုပါသည်။

http://video.irrawaddy.org/2012/09/face-to-face-irrawaddy.html

“ဦးအောင်မင်း ပြောတဲ့ တပ်ဆုတ်ရေး ဆိုတာ သူတို့ဘက်ကလဲ နည်းနည်းဆုတ် ကျနော်တို့ ဖက်ကလဲ နည်းနည်းဆုတ်ဆို ရင် အဲတာကို ဘာအထောက် အထားများ ကြည့်ပြီး ပြောတာလဲ။ သူအဲဒီလို ပြောစတမ်း ဆိုရင်တော့ ၁၉၄၇ ခုနှစ် လွတ်လပ် ရေးမရခင်မှာ ကချင်ဒေသမှာ မြန်မာ့ တပ်မတော်ဆိုတာ လုံးဝမရှိဘူး။ ၁၉၆၁ ပါလီမန် ဒီမိုကရေစီ ဦးနုခေတ်မှာလဲ မြန်မာ့ တပ်မတော် ဆိုတာ ကျနော်တို့ ကချင်ပြည်နယ်မှာ မရှိဘူး။ အဲဒီမှာ သူတို့ ကချင် တပ်ရင်းပဲ ရှိတယ်။ ၁၉၈၀ ပတ်ဝန်ကျင် မှာ လဲ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းကမ်း တခြမ်းလုံးဟာ ကျနော်တို့  KIA တပ်တွေပဲ ရှိတယ်။ သူတို့ အစိုးရ တပ်တွေ မရှိဘူး” ဟု ဦးလာနန်းက ဆိုပါသည်။

နဂိုရှိရင်း တပ်ဖွဲ့ထက် အဆ ပေါင်းများစွာ တိုးပြီး စစ်ဆင်ရာမှ လိုင်ဇာ ဌာနချုပ် ရောက်ခါနီးတွင် နှစ်ဖက် တပ်များ နယ်ကျွံနေမှု ကို နောက်ဆုတ် ပေးရန် ဆိုသည်မှာလည်း ပြသနာအတွက် ဦးအောင်မင်းကတိကျ သော အဖြေပေးခြင်း မဟုတ်ကြောင်း KIA ဖက်မှ ဆိုပါသည်။ ထို့အပြင် တရားဝင် ဖိတ်ကြားခြင်း မရှိဘဲ တွေ့ဆုံ ဆွေးနွေးရေးကို နေပြည်တော်၌ ကျင်းပရန် သမ္မတက ဖိတ်ကြားခဲ့သည်ဟု ဦးအောင်မင်း ပြောကြား နေသည်မှာလည်း လူကြားကောင်းအောင်သာ ဆိုနေခြင်းသာ ဖြစ်သည်ဟု ဆို ပါသည်။

“အမှန် တကယ်မှာတော့ သမ္မတခေါ်တယ် ဆိုတာ ကျနော်တို့က မသိရပါဘူး။ သူဘာကို ရည်ရွယ်ပြီး  ပြောနေတာလည်းဆိုတာ ကျနော် မသိပါဘူးခင်ဗျ။ အခုအချိန်မှာ ဒီလိုမျိုး အခြေအနေတင်းမာ နေတဲ့ အချိန်မှာ သမ္မတ ခေါ်လဲ ကျနော်တို့ သွား နိုင်ဖို့ အခြေ အနေ မရှိပါဘူးခင်ဗျ။ သွားရင်လည်း အစိုးရ အဖွဲ့ တွေနဲ့ တိုက်ရိုက်တွေ့ဖို့ဆိုတာ လမ်းကြောင်း မရှိပါဘူးခင်ဗျ။ ဒါကို သိရက်နဲ့ တွင်တွင်ကြီးကို အကြိမ်ကြိမ် ထုတ်ပြောနေမှတော့ ရည်ရွယ်ချက်တော့ ရှိလိမ့်မယ်” ဟု ဆိုပါသည်။

အစိုးရသည် KIA ကို ဆက်လက် စစ်ဆင် သွားနိုင်ရန် အတွက် အမျိုးမျိုး ပြောပြီး အကြောင်းပြနေခြင်းသာဖြစ် သည်ဟု ဝေဖန် သူများက ဆိုပါသည်။ စစ်ပြေး ဒုက္ခသည်များ ဖြစ်လာရန် ဖန်တီးထားခြင်း၊ စစ်ဆင်ရေးကို တမင်မြှင့်တင်နေပြီး နေပြည်တော် လွှတ်တော်၌ ကာကွယ်ရေးဌာန ဒုတိယ ၀န်ကြီး၏ တမင်လိမ်လည် တင်ပြနေမှုများသည် KIA အား ချေမှုန်းရေး ဖြစ်ကြောင်း သို့မဟုတ်ပါက လိုင်ဇာ ချေမှုန်းရေး ဖြစ်ကြောင်း သိသာ ထင်ရှားသည်ဟု နယ်စပ် စစ်ရေး သုံးသပ် သူများက ဆိုပါသည်။

Most read this week