တရုတ်နှင့် မြန်မာ အစိုးရတို့၏ ကချင်ဒေသရှိ ဒုက္ခသည် များအပေါ် ကိုင်တွယ် မှုသည် နိုင်ငံတကာ ဒုက္ခသည်များ အခွင့် အရေး စောင့်ရှောက်မှု စံနှုန်းများနှင့် မကိုက် ညီကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) မှ အာရှဒေသ လက်ထောက် ဒါရိုက်တာ မစ္စတာ ဖီးရောဘတ်ဆန်က ဆိုပါသည်။
“ ယူနန် ပြည်နယ် ထဲက ကချင် စစ်ပြေး ဒုက္ခသည် တွေကို မြန်မာနိုင်ငံ စစ်မြေပြင် ဘက်ကို ပြန်ဖို့ ဖိအားပေး လုပ်ဆောင် နေတဲ့ တရုတ်တို့ရဲ့ လုပ်ရပ်ဟာ အင်မတန်ကို အနှုတ် လက္ခဏာ ဆန်တယ်၊ ဒါဟာ တရုတ် အစိုး ရက ဒုက္ခသည် ဆိုင်ရာ အခွင့် အရေးကို ချိုးဖောက် နေတာ ဖြစ်တယ်၊ ဒီချိုးဖောက်မှု ပေါ်မှာလည်း နိုင်ငံတကာက နေပြီး စုံစမ်း စစ်ဆေး မှုတွေ လုပ်ဖို့ လို အပ်ပါတယ်” ဟု ဒါရိုက်တာ မစ္စတာ ဖီးရောဘတ်ဆန်က ပြောခြင်း ဖြစ်ပါသည်။
တရုတ်နိုင်ငံ နန်တောင်း မြို့နယ်ရှိ ဒုက္ခသည် စခန်း (၆) ခုထဲမှ ဒုက္ခသည် ပေါင်း (၅၀၀၀) ခန့်အား သြဂုတ်လ၂၂ ရက် နေ့မှ စ၍ တပတ်အတွင်း မြန်မာ နိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်စေခဲ့ပါသည်။ ဤလုပ်ရပ် အတွက် ကုလသမဂ္ဂက ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးမှ အလွန် စိုးရိမ်မိကြောင်း စက်တင်ဘာလ (၇) ရက်နေ့က ကြေငြာချက် တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။ တရုတ် အစိုးရသည် ၁၉၆၁ ခုနှစ်တွင် ကုလ သမဂ္ဂ၏ ဒုက္ခသည် ဆိုင်ရာ ပြဋ္ဌာန်းချက်အား လက်မှတ်ရေးထိုး နိုင်ငံဖြစ်သည့် အတွက် ၄င်းအပေါ် လေးစား လိုက်နာသင့်ပါသည်။
ယခုလက်ရှိ ကချင် ပြည်နယ် ဖားကန့် ဘက်၌လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိပြီး အရပ်သား ဒုက္ခသည်များ နေ့ စဉ် တိုးပွားလျက် ရှိပြီး ကချင် ပြည်နယ် တစ်ခုလုံး အတိုင်းအတာဖြင့် ဒုက္ခသည်ပေါင်း တစ်သိန်း ဝန်းကျင်ခန့် ရှိပြီဟု ကချင်ဒုက္ခသည် ကော်မီတီ များက ခန့်မှန်း ကြပါသည်။
ယခု ကဲ့သို့ မိုးရာသီ၌ နေထိုင်ရေး၊ အစားအသောက်၊ ဆေးဝါး၊ ပညာရေး၊ ရွက်ဖျင်တဲများ စသည့် ဒုက္ခသည်များ အခြေခံ ရပ်တည်နိုင်ရေး အကူအညီများ အရေးတကြီး လိုအပ်လျက် ရှိပြီး နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့များ ဒုက္ခသည် များ နှင့် တိုက်ရိုက် အကူအညီ ပေးနိုင်မှုကို မြန်မာ အစိုးရမှ ပိတ်ပင်မှုများ ရှိနေသည်ဟု မစ္စတာဖီးရော ဘတ် ဆန်က ပြောပါ သည်။
“မြန်မာ အစိုးရက အကူအညီ ပေးရေး အဖွဲ့တွေကို အစိုးရ ထိန်းချုပ်မှု အောက်က တဆင့် သွားတာမျိုး ဖြစ်လိုဟန်သဘော ထား ရှိပါတယ်။ သက်ဆိုင်ရာ ဒုက္ခသည် စခန်းတွေ၊ KIA တို့နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး လုပ်ဆောင် ဖို့ကိုတော့ ပိတ်ပင် ထားမှုတွေ ရှိပါတယ်၊ ဒါက မှားပါတယ်၊ အကူအညီ ပေးတယ် ဆိုတာ လိုတဲ့ နေရာကို လိုအပ်သလို တိုက်ရိုက် ချိတ်ဆက် လုပ်ဆောင်ပြီး ပေးအပ်တာဟာ အသင့်တော် ဆုံးပါ၊ ဒီကန့်သတ်မှု တွေဟာ ဒုက္ခသည် တွေကို ပိုမို ဒုက္ခရောက် စေတယ်၊ ဒီကိစ္စကို သမ္မတကြီး ကိုယ်တိုင် ဝင်ရောက် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်” ဟု မစ္စတာ ဖီးရောဘတ်ဆန်က ပြောသည်။
လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့သည် ထိုင်း - မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း (၁၀) ခုမှ ဒုက္ခသည်များ အတွက် လည်း မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရတို့မှ ပွင့်လင်း မြင်သာသည့် ဒုက္ခသည် ပြန်လည် နေရာ ချထားရေး အစီအစဉ်ကို နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် လက်တွဲ၍ ချမှတ် ဆောင်ရွက်ရန် ကိုလည်း ပန်ကြား ထားပါသည်။
စက်တင်ဘာလ (၁၂) နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများ၏ အခြေအနေ များနှင့် ပတ်သက်၍ လူ့အ ခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က Ad Hoc and Inadequate (Thailand’s Treatment of Refugees and Asylum Seekers) အမည်ရှိ စာမျက်နှာ (၁၅၃) မျက်နှာ ရှိ အစီရင်ခံစာ တစ်စောင်အား ထုတ်ပြန်ခဲ့ပြီး ထိုင်းအစိုးရ၏ ဒုက္ခသည် များအပေါ် ကိုင်တွယ် ပြုမူမှု များနှင့် ပတ်သက်၍ ၄င်း အစီရင် ခံစာ၌ ပြင်းပြင်း ထန်ထန် ထောက်ပြ ပြောဆို ထားခဲ့ပါသည်။ လူ့အခွင့်အ ရေး စောင့်ကြည့်ရေး အဖွဲ့သည် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ရုံးချုပ်အား အမေရိကန်နိုင်ငံ နယူး ယောက် မြို့၌ ထားရှိကာ၊ အခြား ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၄၀ ကျော်၌လည်း ရုံးများ ဖွင့်လှစ် ထားပါသည်။ ကမ္ဘာ ပေါ်ရှိ နိုင်ငံများ၌ ဖြစ်ပေါ် နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ပတ်သက်၍ အစီခံစာများ ပြုစုခြင်း၊ ပညာပေးခြင်း၊ သုသေတန လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ လူ့အခွင့် အရေး အဖွဲ့၏ စက်တင်ဘာလ (၁၂) ရက်နေ့ထုတ် အစီရင်ခံစာ အပြည့်အစုံ ကို အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြပါ လင့်ခ်၌ ဖတ်ရှူ့ နိုင်ပါသည်။ http://www.hrw.org/sites/default/files/reports/thailand0912.pdf